သန့်ရှင်းရေးနဲ့ပတ်သက်ပြီး အမြဲတမ်းလွဲမှားလုပ်မိတတ်တဲ့အချက် (၆) ချက်

ကျန်းမာရေးကောင်းဖို့ဆိုရင် ခန္ဓာကိုယ်သန့်ရှင်းရေးက အရမ်းကို အရေးကြီးပါတယ်။ ခန္ဓာကိုယ်သန့်ရှင်းရေးအားနည်းတဲ့အခါမှာ နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီး ဖြစ်လာစေမှာပါ။

အဲဒါကြောင့် သန့်ရှင်းရေးနဲ့ပတ်သက်ပြီး အမြဲတမ်းလွဲမှားပြီးလုပ်မိတတ်တဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ခဏခဏရေချိုးခြင်း

ရေချိုးတာက ခန္ဓာကိုယ်ကို သန့်ရှင်းစေပါတယ်။ ဒါပေမယ့် တစ်ရက်ထဲမှာတင် ရေကို ၃ခါထက် ချိုးတဲ့အခါမှာတော့ အသားအရေတွေက ခြောက်သွေ့လာပါတယ်။ တစ်ရက်ကို ရေတစ်ကြိမ်ထက် ပိုမချိုးသင့်ဘူးလို့ ကျွမ်းကျင်သူတွေက အကြံပြုကြပါတယ်။

၂။ အိမ်သာမဝင်ခင် လက်မဆေးခြင်း

လူအများစုကတော့ အိမ်သာကို အသုံးပြုပြီးမှသာ လက်ဆေးကြပါတယ်။ တကယ်တော့ ဘက်တီးရီးယားတွေက တစ်အိမ်လုံးအနှံ့မှာ ရှိနေနိုင်ပါတယ်။

အိမ်သာကို အသုံးမပြုခင် လက်ဆေးတဲ့အခါ ခန္ဓာကိုယ်ရဲ့ သီးသန့်နေရာတွေကို ဘက်တီးရီးယားတွေ မဝင်နိုင်တော့ပါဘူး။ အဲဒါကြောင့် အိမ်သာကို အသုံးမပြုခင်ရော အသုံးပြုပြီး အချိန်မှာပါ လက်ဆေးသင့်ပါတယ်။

၃။ အိမ်သာရေခလုပ်ကို လက်ချောင်းထိပ်နဲ့ နှိပ်ခြင်း

အိမ်သာထဲမှာ ဘက်တီးရီးယားပေါင်းများစွာက စက္ကန့်နဲ့အမျှ ပေါက်ဖွားနေကြပါတယ်။ အိမ်သာရေကို ဆွဲချတဲ့အခါ လူအများစုက လက်ချောင်းထိပ်ကို အသုံးပြုကြပါတယ်။ လက်ချောင်းထိပ်ကို အသုံးမပြုဘဲ လက်ဆစ်နဲ့ နှိပ်ချလိုက်ရင် လက်ဆေးဖို့မေ့ခဲ့ရင်တောင် ဘက်တီးရီးယားတွေက အရမ်းမပျံ့နှံ့တော့ပါဘူး။

၄။ ခေါင်းအုံးတစ်လုံးတည်းကို အချိန်အကြာကြီးအသုံးပြုခြင်း

ခေါင်းအုံးက မျက်နှာနဲ့ နာရီပေါင်းများစွာ ထိတွေ့ဖြစ်ပါတယ်။ ခေါင်းအုံးမသန့်ရှင်းတဲ့အခါ မျက်နှာမှာ ဝက်ခြံတွေ၊ အဖုအပိမ့်တွေ ထွက်လာစေမှာပါ။ ခေါင်းအုံးမှာလည်း ဘက်တီးရီးယားတွေ အများကြီး ရှိနေနိုင်ပါတယ်။

အဲဒါကြောင့် ခေါင်းအုံးကို မကြာခဏလဲပေးတာ၊ ခေါင်းအုံးဖုံးတွေကို အပူချိန်များများနဲ့လျှော်တာတို့ ပြုလုပ်ပေးတဲ့အခါ မျက်နှာအသားအရေကို ဂရုစိုက်ပြီးသားဖြစ်စေပါတယ်။

၅။ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ အတူတူအိပ်ခြင်း

ကျန်းမာရေးနဲ့ သန့်ရှင်းရေးအတွက် ခွေးလေးတွေ၊ ကြောင်လေးတွေနဲ့ တစ်အိပ်ရာထဲ အတူတူမအိပ်သင့်ပါဘူး။ ခွေးလေးတွေ၊ ကြောင်လေးတွေရဲ့အမွေးတွေထဲမှာ ဘက်တီးရီးယားပေါင်းများစွာ သယ်ဆောင်လာတတ်တာကြောင့်ပါ။

၆။ မျက်နှာကို ဆပ်ပြာခဲနဲ့ သစ်ခြင်း

မျက်နှာကို ဆပ်ပြာနဲ့ တစ်နေ့နှစ်ကြိမ်ခန့် သစ်တာက ချွေးပေါက်တွေ ပိတ်ပြီး ဝက်ခြံတွေ ပိုဖြစ်လာစေပါတယ်။ ဆပ်ပြာခဲက မျက်နှာအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတာမဟုတ်ကြောင်း အရေပြားဆရာဝန်တွေက ဖော်ပြကြပါတယ်။ ဆပ်ပြာခဲနဲ့ မျက်နှာသစ်တဲ့အခါ မျက်နှာမှာရှိတဲ့ pH levelကို အနှောင့်အယှက်ပေးသလို ဖြစ်စေပါတယ်။

Zombie (lovemeida)

Post a Comment

0 Comments