ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်နေဖို့အတွက် ရေသောက်တဲ့အခါ သတိပြုသင့်တဲ့အချက် (၇) ချက်

လူသားတွေရဲ့ခန္ဓာကိုယ်ကို ရေဓာတ် ၆၀ ရာခိုင်နှုန်းကျော်နဲ့ ဖွဲ့စည်းထားပါတယ်။ အသားအရေလှပဖို့၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ကိုယ်အလေးချိန်ရဖို့၊ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ဖယ်ရှားဖို့အတွက် ရေကို နေ့စဉ်သောက်ပေးဖို့လိုပါတယ်။

ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်နေဖို့အတွက် ရေသောက်တဲ့အခါ သတိပြုသင့်တဲ့ အချက်လေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ လေ့ကျင့်ခန်းလုပ်ပြီးနောက် ရေသောက်ခြင်း

လေ့ကျင့်ခန်းလုပ်နေစဉ်နဲ့ လုပ်ပြီးတဲ့အချိန်တွေမှာ ရေဓာတ်ပြည်ဝဖို့အတွက် ရေသောက်ကြပါတယ်။ လေ့ကျင့်ခန်းလုပ်နေစဉ်မှာ ရေဓာတ်တွေအများကြီး ကုန်ဆုံးပါတယ်။

လေ့ကျင့်ခန်းလုပ်လို့ ကုန်သွားတဲ့အားအင်တွေအတွက် ရေအပြင် အုန်းရည်၊ လက်ဖက်စိမ်းရည်နဲ့ ချောကလက်နို့တို့ကိုလည်း သောက်သုံးပေးလို့ရပါတယ်။

၂။ တစ်နေ့တာသောက်တဲ့ပမာဏမှာ ကော်ဖီနဲ့ လက်ဖက်ရည်တို့ကိုပါ ထည့်မတွက်ခြင်း

မနက်ခင်းမှာ ကော်ဖီ သို့မဟုတ် လက်ဖက်ရည်သောက်တာကလည်း ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်စေပါတယ်။ ကော်ဖီနဲ့ လက်ဖက်ရည်တို့မှာ ကာဖိန်းဓာတ်ပါပေမယ့်လည်း ခန္ဓာကိုယ်ထဲကို အရည်တွေ ရရှိစေပါတယ်။

ကော်ဖီနဲ့ လက်ဖက်ရည်သောက်တဲ့အခါ ပါဝင်တဲ့ရေပမာဏကိုလည်း တစ်နေ့တာသောက်တဲ့ရေပမာဏကို ထည့်သွင်းလို့ရပါတယ်။

၃။ ဆားကို အနည်းငယ်သာ စားခြင်း

ဆားများတဲ့အစားအစာတွေက ခန္ဓာကိုယ်ထဲမှာ ရေဓာတ်တွေ ခန်းစေပါတယ်။ ဒါပေမယ့် ချွေးထွက်တာနဲ့ လှုပ်လှုပ်ရှားရှားလုပ်တာတို့ကြောင့် ခန္ဓာကိုယ်မှာ ဆိုဒီယမ်နဲ့ ရေ‌ေတွေ သဘာဝအတိုင်း ဆုံးရှုံးပါတယ်။

အဲဒါကြောင့် ခန္ဓာကိုယ်မှာ ကုန်ဆုံးသွားတဲ့ ဆားဓာတ်အတွက် နေ့စဉ်အစားအစာထဲမှာ ဆားကို သင့်တော်တဲ့ပမာဏအတိုင်း ထည့်သွင်းစားသုံးသင့်ပါတယ်။

၄။ တစ်နေ့ကို ရေ၈ခွက်သောက်ခြင်း

တစ်နေ့ကို ရေ ၈ ခွက်သောက်သင့်ကြောင်းကို အကြံပေးပေမယ့် ဒီအချက်က မတိကျပါပါဘူး။ ခန္ဓာကိုယ်အလေးချိန်၊ နေ့စဉ်လှုပ်ရှားမှု၊ အစားအသောက်၊ ရာသီဥတုစတဲ့ အကြောင်းအချက်တွေပေါ်မှာ မူတည်ပြီးတော့ တစ်နေ့တာသောက်သင့်တဲ့ ရေပမာဏကို တွက်ဆလို့ရပါတယ်။ ခန္ဓာကိုယ်အလေးချိန် ကီလိုဂရမ်ကို ဝ.၀၃၃နဲ့ မြှောက်ရင် တစ်နေ့တာလိုအပ်တဲ့ ရေလီတာပမာဏကို ရရှိပါတယ်။

၅။ မနက်အိပ်ရာနိုးနိုးချင်း ရေသောက်ခြင်း

အိပ်နေစဉ်မှာ ခန္ဓာကိုယ်က ရေဓာတ်တွေ လျော့ပါးသွားပါတယ်။ အဲဒါကြောင့် မနက်အိပ်ရာနိုးတဲ့အခါ ရေဆာနေတတ်ပါတယ်။ ဘာအစာမှ မစားရသေးခင်မှာ ရေသောက်တာက ရေဓာတ်ပြည့်စေဖို့ မထိရောက်ပါဘူး။

ခန္ဓာကိုယ်မှာ အာဟာရပြည့်စေတဲ့ အစားအစာတစ်ခုခု ရှိနေရင် ရေဓာတ်တွေကို ပိုပြီး စုပ်ယူနိုင်ပါတယ်။ မနက်ခင်းမှာ မုန့်နဲ့ ရေ သို့မဟုတ် အသီးနဲ့ ရေကို တွဲဖက်ပြီး သောက်တာက ပိုပြီးတော့ ရေဓာတ်ပြည့်စေပါတယ်။

၆။ လေ့ကျင့်ခန်းလုပ်နေစဉ်မှာ ရေကို မစို့မပို့သောက်ခြင်း

လေ့ကျင့်ခန်းလုပ်နေစဉ်အတောအတွင်းမှာ ခန္ဓာကိုယ်မှာ ရေဓာတ်နဲ့ ဆိုဒီယမ်တွေ လျော့သွားပါတယ်။ လေ့ကျင့်ခန်းလုပ်နေစဉ်မှာ ရေဓာတ်ပြည့်အောင်နေရင် ခန္ဓာကိုယ်ရဲ့အပူချိန်နဲ့ သွေးဖိအားတွေက ပုံမှန်ဖြစ်နေမှာပါ။ ၁၀ မိနစ်ကနေ မိနစ် ၂၀ အတွင်းကြာတဲ့လေ့ကျင့်ခန်းတွေမှာ ရေကို ၇ အောင်စကနေ ၁၀ အောင်စအထိ သောက်သုံးပေးသင့်ပါတယ်။

၇။ ရေဓာတ်များတဲ့အစားအစာတွေကို မစားခြင်း

အသီးအနှံနဲ့ အသီးအရွက်တွေမှာ ရေဓာတ်တွေ အများကြီးပါဝင်ပါတယ်။ ခရမ်းချဉ်သီး၊ ဖရဲသီး၊ သခွားသီးတို့မှာ ပိုတက်စီယမ်ပါဝင်တာကြောင့် ခန္ဓာကိုယ်ကို အချိန်ကြာကြာ ရေဓာတ်ဖြည့်ပေးပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments