ဆံပင်က ဒုတိယမျက်နှာဖြစ်တာကြောင့် ဆံပင်ပုံစံက လူတစ်ယောက်ရဲ့သွင်ပြင်ကို အများကြီး ပြောင်းလဲသွားစေနိုင်ပါတယ်။ ဆံပင်ကို ခွဲကြောင်းပြောင်းလိုက်ရုံနဲ့ သင့်ကို အများကြီး ဆွဲဆောင်မှု ရှိသွားစေမှာပါ။
အဲဒါကြောင့် မျက်နှာပုံစံပေါ်မူတည်ပြီး ဆံပင်ကို ဘယ်လို ခွဲမလဲဆိုတဲ့အကြောင်းကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ မျက်နှာဝိုင်း
မျက်နှာဝိုင်းတဲ့သူတွေအတွက် ဆံပင်ကို အလယ်ကနေ ခွဲတာက အလိုက်ဖက်ဆုံးပါ။ အဲဒီအခါ မျက်နှာဝိုင်းတာက အရမ်းမထင်ရှားတော့ဘဲ အနည်းငယ်ပိန်သွယ်တယ်လို့လည်း ထင်ရစေပါတယ်။
မျက်နှာဝိုင်းတဲ့အမျိုးသမီးတွေရဲ့ အားသာချက်ကတော့ မျက်နှာကို ရှည်ပြီး သွယ်လျစေတဲ့ ဆံပင်ပုံစံတွေကို အများကြီး ရွေးချယ်နိုင်တာပါပဲ။
၂။ မျက်နှာလေးထောင့်
လေးထောင့်ဆန်ဆန်မျက်နှာပိုင်ရှင်တွေက ဆံပင်ကို ဘေးခွဲလိုက်ရင် မျက်နှာလေးထောင့်ဆန်တာ အရမ်းမသိသာတော့ပါဘူး။ မျက်နှာလေးထောင့်ရှိသူတွေ ဆံမြိတ်အနည်းငယ်ချရင် ပိုပြီးတော့ လိုက်ဖက်ပါတယ်။ ဆံမြိတ်ချတာက မျက်နှာရဲ့လှပတဲ့အစိတ်အပိုင်းတွေကို ပိုပြီး ပြည့်စုံသွားစေပါတယ်။
၃။ အသည်းပုံစံမျက်နှာ
အသည်းပုံစံမျက်နှာမှာ နဖူးက အကျယ်ဆုံးပါပဲ။ မျက်နှာက မေးဖက်ကို ချွန်သွားပါတယ်။ အသည်းပုံမျက်နှာပိုင်ရှင်တွေက ဆံပင်ကို အလယ်ကနေ ခွဲရင်လည်း လိုက်ဖက်သလို ဘေးဘက်ကို ခွဲရင်လည်း ကျက်သရေရှိတဲ့အလှကို ရရှိစေပါတယ်။
၄။ သစ်တော်သီးပုံစံမျက်နှာ
မျက်နှာရဲ့အရှည်နဲ့ အကျယ်က တူညီနေပြီး နဖူးက မျက်နှာမှာ အကျယ်ဆုံးအစိတ်အပိုင်းဖြစ်နေမယ်ဆိုရင် သစ်တော်သီးပုံစံမျက်နှာပါပဲ။ သစ်တော်သီးပုံစံမျက်နှာပိုင်ရှင်တွေက ဆံပင်ပုံစံအများစုနဲ့ လိုက်ဖက်ပါတယ်။ ဆံပင်ကို အလယ်ခွဲ၊ ဘေးခွဲ၊ Z ပုံစံခွဲရင်လည်း လှပနေဆဲပါပဲ။
၅။ မျက်နှာရှည်
မျက်နှာရှိတဲ့အမျိုးသမီးတွေက အရမ်းကို ဆွဲဆောင်မှုရှိပါတယ်။ ဆံပင်ကို အလယ်ကနေ ခွဲရင် မျက်နှာရှည်တာ အရမ်းမသိသာတော့ပါဘူး။ ဆံပင်ကို မခွဲဘဲ နဖူးပေါ်မှာ ဝဲချထားမယ်ဆိုရင် လုံးဝကို ပြီးပြည့်စုံသွားစေမှာပါ။
၆။ စိန်ပုံစံမျက်နှာ
ထင်ရှားတဲ့ပါးရိုးတွေက စိန်ပုံစံမျက်နှာပိုင်ရှင်တွေမှာ ရှိပါတယ်။ နဖူးမကျယ်ဘဲ မေးစေ့သေးသွယ်တာက သဘာဝကပေးတဲ့ လက်ဆောင်ပါပဲ။ ဆံပင်ကို ဘေးခွဲမယ်ဆိုရင် ပါးရိုးရဲ့အလှကို ပိုပြီး ပေါ်လွင်စေပါတယ်။ မေးစေ့လှတာကို ပေါ်လွင်စေချင်တဲ့အခါမှာတော့ ဆံပင်ကို အလယ်ခွဲတာက ပိုလိုက်ဖက်ပါတယ်။
Zombie (lovemeida)
0 Comments