ဆံပင်တွေက နေ့စဉ်ကျွတ်တာ ပုံမှန်ပါပဲ။ ဒါပေမယ့် ဆံပင်တွေက အထွေးလိုက်ကြီးကျွတ်တယ်ဆိုရင်တော့ ကျန်းမာရေးနဲ့ နေထိုင်မှုပုံစံကို ဂရုစိုက်သင့်ပါတယ်။ ဆံပင်တွေက အကွက်လိုက်ကျွတ်ပြီးနောက် ပြန်ပေါက်ဖို့အတွက် ဒီနည်းလမ်းလေးတွေကို အသုံးပြုနိုင်ပါတယ်။
၁။ လက်ဖက်စိမ်း
လက်ဖက်စိမ်းက ဆံပင်တွေ ပြန်ပေါက်လာဖို့ ကူညီပေးနိုင်ပါတယ်။ ဆံပင်ရဲ့မွေးညှင်းပေါက်လေးတွေကို ကျုံ့စေတဲ့ ဟော်မုန်းကို လက်ဖက်စိမ်းက လျှော့ချပေးနိုင်ပါတယ်။
လက်ဖက်စိမ်းကို ရေစိမ်ထားပြီး ခေါင်းလျှော်တဲ့အခါ ထည့်လျှော်ရင် ဆံပင်ကျွတ်တာ သက်သာတဲ့အပြင် ဆံပင်တွေကိုလည်း ပြန်ပေါက်လာစေပါတယ်။ ဦးရေပြား ခြောက်သွေ့တာကိုလည်း ကာကွယ်ပေးပါတယ်။
၂။ ဗောက်
ဆံပင်တွေကြားမှာ ဗောက်တွေအရမ်းများတဲ့အခါမှာလည်း ဆံပင်တွေ အရမ်းကျွတ်ပါတယ်။ ဗောက်တွေကို ယားတိုင်းလည်း မကုတ်သင့်ပါဘူး။ ကုတ်လိုက်ရင် ဆံပင်တွေကျွတ်တဲ့အပြင် ဦးရေပြားမှာ အနာတွေလည်း ဖြစ်လာစေမှာပါ။ ဗောက်တွေပျောက်သွားအောင်လုပ်လိုက်ရင် ဆံပင်ကျွတ်တာလည်း သက်သာသွားမှာပါ။
၃။ ကော်ဖီမှုန့်
ကော်ဖီမှုန့်ကလည်း ဆံပင်အတွက် အကျိုးပြုပါတယ်။ ကော်ဖီမှုန့်လေးတွေ၊ ကော်ဖီအကြမ်းမှုန့်လေးတွေကို သံလွင်ဆီနဲ့ရောပြီး ဆံပင်ပါးနေတဲ့နေရာတွေမှာ လိမ်းပေးပါ။ ကော်ဖီက ဆံပင်ကျွတ်တာကို ကာကွယ်ပေးတဲ့အပြင် ဆံပင်အသစ်တွေလည်း ပြန်ပေါက်လာစေပါတယ်။
၄။ ဦးရေပြားကို နှိပ်နယ်ပေးခြင်း
ဦးရေပြားကို နေ့စဉ်နှိပ်နယ်ပေးရင် သွေးလည်ပတ်မှုလည်း အားကောင်းပြီး စိတ်ဖိစီးမှုတွေလည်း ကင်းဝေးစေပါတယ်။ ဦးရေပြားမှာ သွေးလည်ပတ်မှုအားကောင်းလာရင် ဆံပင်ကျွတ်တာတွေလျော့ပြီး ဆံပင်လည်း ထူလာစေပါတယ်။ မနှိပ်ခင်မှာ ဆံပင်ကို ဆီတစ်မျိုးမျိုးလိမ်းပြီးမှ နှိပ်နယ်ပါ။
၅။ ဖဲသားခေါင်းအုံးစွပ်
ဆံပင်ကျန်းမာရေးအတွက်ဆိုရင် ခေါင်းအုံးစွပ်ကိုလည်း ဂရုပြုသင့်ပါတယ်။ ပိုးဖဲသားခေါင်းအုံးစွပ်က ဆံပင်ငြိတာကိုလည်း လျော့နည်းသွားစေပါတယ်။ ဆံပင်ရှည်တာမြန်ချင်သူတွေအတွက် ပိုးဖဲသားခေါင်းအုံးစွပ်ကိုပြ ရွေးချယ်သင့်ပါတယ်။
၆။ ရေချိုးဦးထုပ်
ညအိပ်တဲ့အခါမှာ ရေချိုးဦးထုပ်ဆောင်းပြီးမှ အိပ်သင့်ပါတယ်။ အဲဒီအခါ ဆံပင်အတွက်လိုအပ်တဲ့ ရေဓာတ်တွေ မလျော့တော့ဘဲ ကျန်းမာတဲ့ဆံသားကို ရရှိစေမှာပါ။
ဆံပင်အတွက်လိုအပ်တဲ့ အဆီတွေကိုလည်း ထိန်းသိမ်းပြီးသားဖြစ်စေပါတယ်။ ဆံပင်အတွက် မဖြစ်မနေလိုအပ်တဲ့ အဆီတွေ ရှိနေတဲ့အခါ ဆံသားက တောက်ပနေမှာပါ။
Zombie (lovemedia)
0 Comments