Eye cream က မျက်ကွင်းညိုတာတွေကို သက်သာစေသလို မျက်လုံးတစ်ဝိုက် အရေးအကြောင်းတွေမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ဒါပေမယ့် eye cream ရဲ့အာနိသင်ကို ထိထိရောက်ရောက်ရရှိဖို့အတွက် စနစ်တကျလိမ်းဖို့ လိုအပ်ပါတယ်။ စနစ်တကျမလိမ်းတဲ့အခါ မျက်လုံးတစ်ဝိုက်အသားအရေကိုပါ ထိခိုက်စေပါတယ်။
၁။ မျက်နှာအရင်သစ်ပါ။
Eye cream လိမ်းတော့မယ်ဆိုရင် မျက်နှာမှာ မိတ်ကပ်အကြွင်းအကျန်တော့ မရှိတော့အောင်လို့ သေသေချာချာ သန့်ရှင်းရေးလုပ်သင့်ပါတယ်။ အဲဒါမှသာ eye cream ကို အသားအရေက သေချာ စုပ်ယူနိုင်မှာပါ။ မျက်နှာအရမ်းခြောက်မသွားခင်အချိန်၊ ရေစက်လေးတွေ ကျန်မနေတော့တဲ့အချိန်မှာ eye cream ကို လိမ်းလို့ရပါပြီ။
၂။ လိမ်းသင့်တဲ့ပမာဏ
Eye cream ကို အများကြီးလိမ်းလို့ အများကြီးမထိရောက်သွားပါဘူး။ မျက်လုံးနှစ်ဖက်လုံးအတွက် ပဲစေ့ပမာဏလောက် လိမ်းရင်လုံလောက်ပါပြီ။
၃။ မျက်လုံးနဲ့ အရမ်းကပ်ပြီးတော့ မလိမ်းသင့်ပါဘူး။
Eye cream လိမ်းတော့မယ်ဆိုရင် မျက်လုံးနဲ့ အနည်းငယ်ခွာပြီးမှသာ လိမ်းသင့်ပါတယ်။ နေ့ဘက်မှာ အသားအရေက ချွေးထွက်ပြီး
မျက်လုံးကို လက်နဲ့ ပွတ်တိုက်မိသွားတတ်ပါတယ်။ Eye cream ကို မျက်လုံးနဲ့ အရမ်းကပ်ပြီးလိမ်းထားတဲ့အခါ ချွေးတွေနဲ့ရောပြီး မျက်လုံးထဲကို ဝင်သွားနိုင်ပါတယ်။
၄။ ညင်ညင်သာသာ လိမ်းပေးပါ။
Eye cream လိမ်းတဲ့အခါမှာ အခြားခရင်မ်တွေ လိမ်းတာထက် ပိုပြီး ညင်ညင်သာသာ လိမ်းသင့်ပါတယ်။ မျက်လုံးတစ်ဝိုက်အသားအရေက အရမ်းနူးညံ့ပါတယ်။ အလွယ်တကူ ပွန်းလွယ်တာကြောင့် ဖြည်းဖြည်းချင်းနဲ့ နူးနူးညံ့ညံ့ပဲ လိမ်းပေးပါ။
၅။ အချိန်ခဏစောင့်ပါ။
မျက်လုံးတစ်ဝိုက်ကို မိတ်ကပ် သို့မဟုတ် အသားအရေ ထိန်းသိမ်းပေးတဲ့ အခြားပစ္စည်းတွေ လိမ်းတော့မယ်ဆိုရင် eye cream အသားအရေထဲ စိမ့်ဝင်သွားတဲ့အထိ စောင့်ပေးပါ။
Eye cream လိမ်းပြီး အနည်းဆုံး ၂ မိနစ်ကြာမှသာ မိတ်ကပ်လိမ်းသင့်ပါတယ်။ အချိန်မစောင့်ဘဲ ချက်ချင်းလိမ်းလိုက်ရင် မိတ်ကပ်ကွက်သွားတာ၊ sunscreen ရဲ့အာနိသင်လျော့နည်းတာတို့ ဖြစ်စေပါတယ်။
Tips
- Eye cream လိမ်းတော့မယ်ဆိုရင် မနက်တစ်ကြိမ်နဲ့ တစ်ကြိမ်လိမ်းသင့်ပါတဘ်။
- Eye cream လိမ်းတဲ့အခါ ဘူးမှာပါတဲ့အညွှန်းကို သေချာဖတ်သင့်ပါတယ်။ အချို့သော ပါဝင်ပစ္စည်းတွေက သူ့အချိန်နဲ့သူ သုံးသင့်တာကြောင့်ပါ။ Vitamin C ပါဝင်တဲ့ eye cream ကို နေ့ဘက်မှာလိမ်းရင် နေရောင်ကြောင့် အသားအရေ ထိခိုက်တာကို ကာကွယ်ပေးပါတယ်။ Retionol ပါဝင်တဲ့ eye cream ကိုတော့ ညဘက်မှာ လိမ်းသင့်ပါတယ်။
- Eye cream ကို မျက်နှာသစ်ပြီးချိန်၊ moisturizer နဲ့ sunscreen မလိမ်းခင်အချိန်မှာ အသုံးပြုပါ။
Zombie (lovemedia)
0 Comments