သမီးဖြစ်သူ အောင်မြင်လာစေဖို့ သိုးမွေးအင်္ကျီတွေဝတ်ပြီး ကြော်ငြာပေးတဲ့အဖေ

မိန်းကလေးတွေဝတ်တဲ့ သိုးမွေးအင်္ကျီခါးတိုလေးတွေကို ဝတ်ထားတဲ့ အမျိုးသားတစ်ယောက်ကို တွေ့တဲ့အခါ လူအမျိုးမျိုးက ထင်ကြေးအမျိုးမျိုးနဲ့ မှတ်ချက်အမျိုးမျိုးတွေ ပေးနေမှာပါ။

ဒါပေမယ့် Jeff Beaver ဆိုတဲ့ အမျိုးသားတစ်ယောက်ကတော့ သိုးမွေးအင်္ကျီခါးတိုလေးတွေ ဝတ်ထားပေမယ့် ဝေဖန်မှုတွေကို အာရုံမထားခဲ့ပါဘူး။ Jeff Beaver ဆိုတဲ့အမျိုးသားက သိုးမွေးအင်္ကျီခါးတိုလေးတွေ ရာပေါင်းများစွာကို ဝတ်ဆင်ပြီး ဓာတ်ပုံတွေအများကြီးရိုက်ခဲ့ပါတယ်။

Jeff Beaver က သိုးမွေးအင်္ကျီ ခါးတိုလေးတွေ ဝတ်ပြီးဓာတ်ပုံတွေရိုက်ရတဲ့ အကြောင်းအရင်းကတော့ သူ့သမီး Emily အတွက်ပါပဲ။ Emily က ၂၀၁၅ ခုနှစ်မှာ သိုးမွေးအင်္ကျီလေးတွေကို ထိုးပြီး အသေးစားစီးပွားရေးလုပ်ငန်းကို စတင်ခဲ့ပါတယ်။

ဒါပေမယ့် ၂၀၂၁ ခုနှစ်အထိ အောင်မြင်မှုမရခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ Emily ရဲ့အဖေ Jeff Beaverက သမီးဖြစ်သူထိုးတားထဲ့ သိုးမွေးအင်္ကျီလေးတွေကို ဝတ်ပြီး ကြော်ငြာပေးခဲ့တဲ့အခါ လူသိများလာပြီး အောင်မြင်မှုတွေ ရလာပါတယ်။

အဖေက သူမကို ကူညီဖို့ဆိုရင် ဘယ်တော့မှ မတွေဝေကြောင်း၊ အလုပ်အတွက် မိဘတွေက အများကြီးအထောက်အပံ့ပေးကြောင်း Emily က ပြောပြပါတယ်။

Jeff Beaver ရဲ့ကူညီမှုက Emily အတွက် အောင်မြင်မှုတွေအများကြီး ရသွားစေပါတယ်။

အရင်ဆုံး သူမရဲ့အမေက သိုးမွေးအင်္ကျီတွေဝတ်ဆင်ပြီး မော်ဒယ်အဖြစ် လုပ်ပေးပါသေးတယ်။ နောက်ပိုင်းမှာတော့ သူမရဲ့အဖေကိုလည်း မော်ဒယ်လုပ်ပေးဖို့ အကူအညီ တောင်းခဲ့ပါတယ်။ Jeff ကတော့ လိုလိုလားလားလုပ်ပေးခဲ့ပါတယ်။

Emily ရဲ့လုပ်ငန်းက အဆင်ပြေလာတဲ့အခါ အလုပ်ကနေ ထွက်လိုက်ပြီး သိုးမွေးထိုးတဲ့အလုပ်ကို အာရုံစိုက်ပြီး လုပ်ခဲ့ပါတယ်။ အခုဆိုရင် Emily ရဲ့အင်စတာဂရမ်မှာ follwers က ၃ သောင်းကျော်ရှိပြီး TikTokမှာ followers ပေါင်း ၆ သိန်းကျော်ရှိပါတယ်။

Jeff က သမီးဖြစ်သူရဲ့အင်္ကျီလေးတွေ ရောင်းရဖို့ အင်္ကျီပေါင်းများစွာကို ဝတ်ပြီး မော်ဒယ်လုပ်ပေးခဲ့ပါတယ်။

Jeff က မိန်းကလေးတွေဝတ်တဲ့ သိုးမွေးအင်္ကျီခါးတိုလေးတွေကို ဝတ်ပြီးမော်ဒယ်လုပ်တာကြောင့် သူ့ကို ဟာသလုပ်သူတွေ၊ ဝေဖန်သူတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီအရာတွေကို လျစ်လျူရှုပြီး သူတို့ရဲ့အလုပ်ကိုပဲ အာရုံစိုက်လုပ်ခဲ့ပါတယ်။

အင်္ကျီလေးတွေ ကြော်ငြာဖို့စိတ်ကူးကို သူတို့မိသားစု ၃ ယောက်လုံး စဉ်းစားပြီး ပြုလုပ်ကြပါတယ်။ မိဘနှစ်ပါးလုံးက အင်္ကျီလေးတွေကို ဝတ်ပြီး ဗီဒီယိုအနေနဲ့ ကြော်ငြာကြပါတယ်။ ဇွဲရှိရှိနဲ့ ကြိုးစားခဲ့တာကြောင့် အခုဆိုရင် Beaver မိသားစုဟာ အောင်မြင်မှုတွေ ရရှိနေပါပြီ။

Zombie (lovemedia)

Post a Comment

0 Comments