ဟင်းချက်တဲ့အခါမှာ လူအများစုလုပ်မိတတ်တဲ့ အမှားများ

ဟင်းချက်တဲ့အခါမှာ အချို့သောချက်နည်းတွေကြောင့် ဟင်းလျာက အရသာရှိသင့်သလောက်မရှိဘဲ ဖြစ်နေတတ်ပါတယ်။ အဲဒါကြောင့် ဟင်းချက်တဲ့အခါ လွဲမှားပြီးပြုလုပ်မိတတ်တဲ့ အချက်လေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

ကြက်သွန်ဖြူကို အရင်ဆုံးထည့်ခြင်း

ကြက်သွန်ဖြူက ကျက်လွဘ်ပါတယ်။ အထူးသဖြင့် တောက်တောက်စင်းထားတဲ့အခါ ပိုတောင်ကျက်လွယ်ပါတယ်။ ဟင်းချက်တဲ့အခါ ကြက်သွန်ဖြူကို အရင်မထည့်သင့်ပါဘူး။ ကြက်သွန်ဖြူကို အရင်ထည့်လိုက်ရင် တူးသွားပြီး ဟင်းရဲ့အရသာလည်း မပေါ်လွင်တော့ပါဘူး။

မှိုကို ကြော်ခြင်း

မှိုမှာပါဝင်တဲ့အာဟာရဓာတ်တွေ လျော့ပါးမသွားအောင်လို့ မှိုကို ကျက်အောင် ကင်ပြီးစားသင့်တယ်လို့ အာဟာရပညာရှင်တွေက အကြံပေးပါတယ်။ မှိုကို ကျက်အောင်ကင်စားရင် အာဟာရတွေက လျော့ပါးမသွားပါဘူး။ အင်တီအောက်ဆီးဒင့်တွေလည်း ရှိနေဦးမှာပါ။ မှိုကို ပြုတ်တာနဲ့ ကြော်တာက အာဟာရတွေ အများကြီး လျော့သွားစေပါတယ်။

ခရမ်းချဉ်သီးအစေ့တွေကို မဖယ်ခြင်း

အနောက်တိုင်းအစားအစာတွေမှာ အသုပ်တွေ သုပ်တဲ့အခါ ခရမ်းချဉ်သီးအစေ့နဲ့ သခွားသီးအစေ့တွေကို ထုတ်ပြီးမှ သုပ်ကြပါတယ်။ အစေ့တွေကို မထုပ်တဲ့အခါ သူ့မှာပါဝင်တဲ့ အစိုဓာတ်ကြောင့် အသုပ်ထဲမှာပါတဲ့ ဆလပ်ရွက်တွေက နွမ်းသွားပါတယ်။

ချက်ပြီးသားထမင်းကို မွှေခြင်း

လောလောလတ်လတ်ချက်ထားတဲ့ထမင်းကို မမွှေသင့်ပါဘူး။ မွှေလိုက်ရင် ထမင်းတွေက ပြဲသွားပြီး စားလို့မကောင်းတော့ပါဘူး။

အသီးတွေကို အခွံခွာပြီး အကြာကြီးထားထားခြင်း

အသီးမှာပါဝင်တဲ့ ဗီတာမင်စီနဲ့ ဗီတာမင်ဘီတွေက အပူနဲ့အလင်းရောင်ထိတွေ့တဲ့အခါ လျော့ပါးသွားပါတယ်။ အသီးတွေကို ကြိုတင်အခွံမခွာသင့်ဘဲ စားခါနီးမှသာ ချက်ချင်းအခွံခွာစားတာ ပိုကောင်းပါတယ်။

ဒယ်အိုးထဲမှာ အပြည့်အမောက်ချက်ခြင်း

ဒယ်အိုးထဲမှာ ဟင်းလျာတွေကို အပြည့်ထည့်ချက်ရင် မီးအပူချိန်က လျော့သွားပြီး ဟင်းရဲ့အရသာလည်း မကောင်းတော့ပါဘူး။ ဒယ်အိုးထဲမှာ ဟင်းသီးဟင်းရွက်တွေ၊ အသားတွေ၊ ကော်ရည်တွေကို တစ်ချိန်တည်းမှာ စုပေါင်းပြီးမချက်သင့်ပါဘူး။ အသားကို အရင်ကြော်ပြီးမှသာ အခြားသော ပါဝင်ပစ္စည်းတွေကို ထည့်ကြော်ပါ။

ကိတ်ပေါ်မှာ ချဉ်ပြုံးပြုံးခရင်မ်ကို သုတ်ခြင်း

ချဉ်ပြုံးပြုံးခရင်မ်က အရည်ပျော်လွယ်ပါတယ်။ ကိတ်ပေါ်မှာ ချဉ်ပြုံးပြုံးခရင်မ် သုတ်တာနည်းရင် ကိတ်က ခရင်မ်တွေကိုစုပ်ယူသွားပြီး ကြည့်မလှတော့ပါဘူး။ ကိတ်ပေါ်မှာ ထောပတ်ခရင်မ်သုတ်တာ ပိုကောင်းပါတယ်။

အသုပ်ထဲမှာ ကြက်သွန်နီအစိမ်းထည့်ခြင်း

အသုပ်ထဲမှာ ကြက်သွန်နီထည့်မယ်ဆိုရင် ရေခဲရေထဲမှာ ၁၀မိနစ်ခန့်စိမ်ထားသင့်ပါတယ်။ ရေခဲရေထဲမှာ ၁၀ မိနစ်စိမ်ပြီးမှာ အသုပ်ထဲမှာ ထည့်သုတ်သင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments