အားသွင်းကြိုးတွေကို အန္တရာယ်ကင်းကင်းနဲ့ သန့်ရှင်းရေးလုပ်နိုင်မယ့်နည်းလမ်း (၃) ခု

ဖုန်းအားသွင်းကြိုး၊ ကွန်ပျူတာအားသွင်းကြိုးနဲ့ အခြားသောအားသွင်းကြိုးတွေဟာ အသုံးပြုတဲ့ အချိန်ကာလ ကြာမြင့်လာတာနဲ့အမျှ အရင်လောက် မသန့်ရှင်းတော့ပါဘူး။

အားသွင်းကြိုးတွေပေါ်မှာ ဖုန်တွေ၊ အညစ်အကြေးတွေ ကပ်နေတတ်ပါတယ်။ အားသွင်းကြိုးတွေကို သန့်ရှင်းရေးလုပ်တော့မယ်ဆိုရင် ဒီနည်းလမ်းလေးတွေကို အသုံးပြုနိုင်ပါတယ်။

အားသွင်းကြိုးကို သန့်ရှင်းရေးမလုပ်ခင်

- ပေါက်နေတဲ့အားသွင်းကြိုးကို သန့်ရှင်းရေးမလုပ်သင့်ပါဘူး။ သန့်ရှင်းရေးမလုပ်ခင်မှာ အားသွင်းကြိုးက ပေါက်နေလား၊ ကြိုးစတွေ ဖွာထွက်နေလားဆိုတာကို သေချာစစ်ဆေးသင့်ပါတယ်။

- အားသွင်းကြိုးကို သန့်ရှင်းရေးလုပ်မယ်ဆိုရင် ကြိုးရဲ့အစွန်းနှစ်ဖက်ကို ရေမထိအောင် ဂရုစိုက်ပါ။

နည်းလမ်း ၁

ဆပ်ပြာရည်နဲ့ ရေနွေးတို့ကို ပန်းကန်လုံးထဲမှာ ရောမွှေပါ။ ဆပ်ပြာရည်နဲ့ ရေမြှုပ်ကို အသုံးပြုပြီး အားသွင်းကြိုးကို သန့်ရှင်းရေးလုပ်ပါ။ ဖော့ကို ရေတွေ ပြောင်အောင် ညှစ်ချပြီးမှသာ ကြိုးကို သန့်ရှင်းပေးပါ။ သန့်ရှင်းရေးလုပ်ပြီးတဲ့အခါ အားသွင်းကြိုးကို အဝတ်စအခြောက်နဲ့ ပွတ်တိုက်ပေးပါ။

နည်းလမ်း ၂

မုန့်ဖုတ်ဆိုဒါအနည်းငယ်နဲ့ ရေအနည်းငယ်ကို ရောပြီး အနှစ်ရအောင်မွှေပါ။ သွားတိုက်တံပေါ်မှာ မွှေလို့ရလာတဲ့အနှစ်ကို တင်ပြီး အားသွင်းကြိုးပေါ်မှာ ပွတ်တိုက်ပေးပါ။

အဲဒီနောက် ရေမြှုပ်နဲ့ ထပ်မံသုတ်ပါ။ ကြိုးကို ခြောက်သွေ့အောင်ထားပြီး အဝတ်စအခြောက်နဲ့ နောက်တစ်ကြိမ် ပွတ်တိုက်ပါ။

နည်းလမ်း ၃

နောက်တစ်နည်းကတော့ wet tissue နဲ့ သန့်ရှင်းရေးလုပ်တာပါ။ အားသွင်းကြိုးပေါ်ကို wet tissue နဲ့ ညင်ညင်သာသာ ပွတ်တိုက်ပေးပါ။

ချက်ချင်းမခြောက်သွေ့သွားရင် အဝတ်စအခြောက်နဲ့ သုတ်ပေးပါ။ ဒီနည်းလမ်းကတော့ အလွယ်ဆုံးနဲ့အထိရောက်ဆုံးပါပဲ။

Zombie (lovemedia)

Post a Comment

0 Comments