ဇွန်းခက်ရင်းတွေကို ပြန်လည်တောက်ပြောင်သန့်ရှင်းလာစေဖို့ ပြုလုပ်နိုင်မယ့်နည်းလမ်းများ

ဇွန်းတွေ၊ ခက်ရင်းတွေက အသုံးပြုပါများတဲ့အခါမှာတော့ အရောင်မလှနိုင်တော့ပါဘူး။ အဲဒါကြောင့် အိမ်မှာ အသုံးပြုနေတဲ့ ဇွန်းတွေ၊ ခက်ရင်းတွေကို ပြန်လည်တောက်ပလာစေဖို့ နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

ငွေဇွန်း၊ ငွေခက်ရင်းတွေအတွက်

လိုအပ်သောပစ္စည်းများ

- တစ်ခါသုံးအလူမီနီယမ်ဗန်း

- မုန့်ဖုတ်ဆိုဒါ

- အဝတ်စ

- ပလက်စတစ်လက်အိတ်

- ငွေရောင်တင်ဆေး

ငွေဇွန်းခက်ရင်းတွေကို တစ်ခါသုံးအလူမီနီယမ်ဗန်းထဲကို ထည့်လိုက်ပါ။ အလူမီနီယမ်ဗန်းမရှိတဲ့အခါ စတီးဗန်းကို အလူမီနီပြားကပ်ပြီး အသုံးပြုလို့ရပါတယ်။ ဒါပေမယ့် အခြားဗန်းတွေ၊ ပန်းကန်တွေကိုတော့ အသုံးမပြုသင့်ပါဘူး။

အရောင်တွေက စွဲကျန်နေပြီး အနံ့အသက်ကလည်း ကျန်နေတတ်ပါတယ်။ ဇွန်းတွေပေါ်ကို မုန့်ဖုတ်ဆိုဒါဖြူးလိုက်ပါ။ အဲဒီနောက် ပွက်ပွက်ဆူနေတဲ့ရေနွေးကို ငွေဇွန်းခက်ရင်းတွေ မြုပ်သွားတဲ့အထိ လောင်းထည့်လိုက်ပါ။

ငွေနဲ့မုန့်ဖုတ်ဆိုဒါဓာတ်ပြုတဲ့အထိ ခဏစောင့်လိုက်ပါ။ အဒီနောက် ငွေဇွန်းခက်ရင်းတွေကို ဗန်းထဲကနေ ထုတ်လိုက်ပြီး ခြောက်သွေ့သွားအောင် ပိတ်စနဲ့ သုတ်ပေးပါ။ သုတ်တဲ့အခါမှာ လက်အိတ်ကို စွပ်ထားသင့်ပါတယ်။ ငွေရောင်တင်ဆေးကို ပိတ်စထဲမှာ ထည့်ပြီး ငွေဇွန်းခက်ရင်းတွေကို စက်ဝိုင်းပုံစံနဲ့ ပွတ်တိုက်ပေးပါ။

ငွေဇွန်းခက်ရင်းတွေကို အရောင်မလွင့်သွားအောင် ဖလန်နယ်ပိတ်စထဲမှာ ထည့်ပြီး သိမ်းထားနိုင်ပါတယ်။

စတီးဇွန်းခက်ရင်းတွေအတွက်

လိုအပ်သောပစ္စည်းများ

- ပန်းကန်ဆေးဆပ်ပြာရည်

- ပလက်စတစ်ဗန်း

- ရှာလကာရည် သို့မဟုတ် သံပုရာရည်

- ပိတ်စ

- ပလက်စတစ်လက်အိတ်

ပလက်စတစ်ဗန်းထဲမှာ ဆပ်ပြာရည်နဲ့ရေကို ရောမွှေလိုက်ပါ။ စတီးဇွန်းနဲ့ခက်ရင်းတွေကို ဗန်းထဲကို ထည့်လိုက်ပါ။

ပိတ်စထဲမှာ ရှာလကာရည် သို့မဟုတ် သံပုရည်ကို တို့ပြီး စတီးဇွန်းနဲ့ ခက်ရင်းကို ပွတ်တိုက်ပေးပါ။ ဒီလိုမျိုးပွတ်တိုက်ဆေးကြောနေတဲ့အချိန်မှာ ပလက်စတစ်လက်အိတ်ကို ဝတ်ထားဖို့မမေ့ပါနဲ့နော်။

အဲဒီနောက် ရေနဲ့သေချာပြန်ဆေးပြီး ခြောက်သွေ့အောင် သုတ်ပေးပါ။

သစ်သားဇွန်းခက်ရင်းတွေအတွက်

လိုအပ်သောပစ္စည်းများ

- ပန်းကန်ဆေးဆပ်ပြာရည်

- ပလက်စတစ်ဗန်း

- ပိတ်စ

- မုန့်ဖုတ်ဆိုဒါ သို့မဟုတ် သံပုရာရည်

- ပလက်စတစ်လက်အိတ်

- နှမ်းကြတ်ဆီ

ရေနဲ့ရှာလကာရည်ကို ဆတူရောပြီး သစ်သားဇွန်းတွေကို တစ်ညစိမ်ထားပါ။ မနက်ရောက်တဲ့အခါ စိမ်ထားတဲ့ရောတွေကို သွန်ပစ်လိုက်ပါ။ သစ်သားဇွန်းခက်ရင်းတွေကို အနံ့အသက်တွေ ပျောက်သွားအောင် သံပုရာရည်နဲ့ ပွတ်တိုက်ပေးပါ။

သို့မဟုတ် မုန့်ဖုတ်ဆိုဒါနဲ့ရေ ရောထားတဲ့အနှစ်နဲ့လည်း ပွတ်တိုက်လို့လည်း ရပါတယ်။ အဲဒီလို ပွတ်တိုက်နေချိန်မှာ ပလက်စတစ်လက်အိတ်ကို ဝတ်ထားသင့်ပါတယ်။ သစ်သားဇွန်းခက်ရင်းတွေကို ဆပ်ပြာရည်၊ ရေတို့နဲ့ ထပ်မံဆေးကြောပါ။

အဲဒီနောက် သစ်သားဇွန်းခက်ရင်းတွေကို ခြောက်သွေ့သွားအောင်လို့ ပိတ်စလေးနဲ့ ပွတ်တိုက်ပေးပါ။ သစ်သားဇွန်းခက်ရင်းတွေကို အရောင်တောက်ပြောင်လာစေဖို့ နှမ်းကြတ်ဆီနဲ့ ပွတ်တိုက်ပေးပါ။ ဒါပေမယ့် ဟင်းသီးဟင်းရွက်ဆီ၊ သံလွင်ဆီတို့နဲ့တော့ မပွတ်တိုက်သင့်ပါဘူး။

Zombie (lovemedia)

Post a Comment

0 Comments