အစားလျှော့စရာမလိုဘဲ အိပ်နေတဲ့အချိန်မှာတော့ ကိုယ်အလေးချိန်လျော့ကျစေမယ့် နည်းလမ်း (၆) ခု

ကိုယ်အလေးချိန်လျှော့ချဖို့ဆိုတာ ထင်သလောက် မလွယ်ကူပါဘူး။ ကျန်းမာရေးနဲညီညွတ်တဲ့အစားအစာတွေကိုပဲ ရွေးချယ်စားသောက်ရသလို လေ့ကျင့်ခန်းတွေလည်း လုပ်ရပါသေးတယ်။

ဒါပေမယ့် အစားလျှော့စားစရာမလို၊ လေ့ကျင့်ခန်းလုပ်စရာမလိုဘဲ အိပ်နေတဲ့အချိန်မှာတောင် ကိုယ်အလေးချိန် ကျစေတဲ့နည်းလမ်းတွေ ရှိပါတယ်။

၁။ စောင်မပါဘဲ အိပ်ပါ။

စောင်မပါဘဲ အိပ်တာက ကိုယ်အလေးချိန်ကျတယ်လို့ပြောရင် နည်းနည်းတော့ ထူးဆန်းနေပါလိမ့်မယ်။ အေးနေတဲ့အချိန်မှာ ခန္ဓာကိုယ်နွေးထွေးစေဖို့ အဆီနဲ့ ကယ်လိုရီတွေက လောင်ကျွမ်းကြရပါတယ်။

အေးတဲ့အပူချိန်မှာ အိပ်ရင် ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်ကလည်း မြန်ဆန်လာပါတယ်။ အဲဒါကြောင့် ကိုယ်အလေးချိန်ကျဖို့လည်း လွယ်လာပါတယ်။

၂။ အိပ်ရေးဝဝအိပ်ပါ။

ကယ်လိုရီကို တွက်ချက်စားတာနဲ့ လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်ကို ကျစ်လျစ်လှပစေပါတယ်။ အိပ်စက်ချိန်တစ်နာရီကြာရင် ကယ်လိုရီက ၂၇၀ ခန့် လောင်ကျွမ်းပါတယ်။ ဒါ့အပြင် အိပ်ရေးဝဝအိပ်တာက ဗိုက်ပူတာကိုလည်း လျော့ကျစေပါတယ်။

၃။ မအိပ်ခင်မှာ ပရိုတိန်းသောက်ပါ။

ကိုယ်အလေးချိန်ကျဖို့အတွက်အချို့တွေက အစာဖြတ်ပြီး ဘာမှမစားဘဲ နေကြပါတယ်။ ဒါပေမယ့်ဒီနည်းက ခန္ဓာကိုယ်အတွက် အရမ်းပင်ပန်းစေပါတယ်။

ဘာမှမစားဘဲ အိပ်လိုက်ရင် အိပ်ရေးလည်းမဝတော့ဘဲ ကိုယ်အလေးချိန်လည်း တိုးလာမှာပါ။ မအိပ်ခင်မှာ ပရိုတိန်းပါဝင်တဲ့ဖျော်ရည်သောက်တာက ကယ်လိုရီတွေကို များများလောင်ကျွမ်းစေပါတယ်။

၄။ မျက်လုံးကာကို တပ်ပြီးအိပ်ပါ။

အိပ်တဲ့အချိန်မှာ အလင်းရောင်နဲ့ထိတွေ့နေရင် ခဏခဏနိုးလာတာ၊ အိပ်မပျော်တာတို့ ဖြစ်စေပါတယ်။ ကိုယ်အလေးချိန်ကျဖို့ဆိုရင် မှောင်နေတဲ့အခန်းမှာ အိပ်လို့လည်း ရသလို မျက်လုံးကာကို တပ်ပြီးတော့လည်း အိပ်လို့ရပါတယ်။

၅။ အစာမစားထားဘဲနဲ့ မအိပ်သင့်ပါဘူး။

ညစာမစားတာက ကိုယ်အလေးချိန်ကျစေပါတယ်။ ဒါပေမယ့် ညစာကို နည်းနည်းချင်းစီ လျှော့စားပြီးမှသာ ဖြတ်သင့်ပါတယ်။ ညစာကို ရုတ်တရက် ဖြတ်လိုက်ရင် ခန္ဓာကိုယ်ရဲ့ ဇီဝခန္ဓာကမ္မဖြစ်စဉ်တွေက နှေးသွားပြီး ကယ်လိုရီတွေလည်း များများမလောင်ကျွမ်းနိုင်တော့ပါဘူး။

၆။ အိပ်ရာမဝင်ခင်မှာ အစားအနည်းငယ်စားပါ။

အိပ်ရာမဝင်ခင်မှာ အစားကို အများကြီးစားသင့်တာမဟုတ်ဘဲ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာကို အနည်းငယ်သာ စားသင့်တာပါ။ အိပ်ရာမဝင်ခင်မှာ ဆီကြော်စာတွေ၊ ဆန်၊ ဂျုံ၊ အချိုပါဝင်တဲ့အစားအစာ၊ ယမကာတို့ကို စားသောက်တာ၊ သောက်သုံးတာမျိုး ရှောင်သင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments