ဗိုက်ထဲမှာ လေပွတာကို လူတော်တော်များများ ခံစားဖူးကြပါတယ်။ လေပွတာကို သဘာဝအတိုင်း သက်သာစေမယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ လမ်းလျှောက်ပါ။
ခန္ဓာကိုယ် လှုပ်လှုပ်ရှားရှားနေတာက အစာအိမ်ကျန်းမာရေးအတွက် တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုပါတယ်။ လမ်းလျှောက်တာက ဝမ်းချုပ်တာကိုလည်း သက်သာစေပါတယ်။အဲဒါကြောင့် တစ်နေ့ကို အချိန်နည်းနည်းပေးပြီးတော့ လမ်းလျှောက်ပေးရင် လေပွတာကို ကာကွယ်ပြီးသား ဖြစ်မှာပါ။
၂။ ဗိုက်ကို နှိပ်နယ်ပေးပါ။
အရင်ဆုံးလက်ကို ဗိုက်အထက် နံရိုးနားမှာထားပါ။ ပြီးတော့ လက်ကို တဖြည်းဖြည်းချင်း နာရီလက်တံပုံစံလှည့်ပြီး ညင်ညင်သာသာ နှိပ်နယ်ပေးပါ။ နှိပ်နယ်တဲ့အခါ ဗိုက်တစ်ပြင်လုံးအထိ နှံ့ဖို့တော့ အရေးကြီးပါတယ်။ ဒါပေမယ့် နှိပ်လိုက်တဲ့အခါ ပိုပြီး နာလာရင် ဆက်ပြီး မနှိပ်သင့်တော့ပါဘူး။
၃။ သကြားစားသုံးမှု၊ အရက်သောက်သုံးမှုကို လျှော့ပါ။
ပီကယ်၊ ရေခဲမုန့်၊ ကွတ်ကီးနဲ့ gas ပါတဲ့အချိုရည်တွေမှာ သကြားတွေ အများကြီးပါဝင်နေပါတယ်။ အဲဒီအစားအစာတွေကို အများကြီးစားရင် လေပွတာဖြစ်လာပါတယ်။
၄။ မတည့်တဲ့အစားအစာတွေကို ငြင်းလိုက်ပါ။
အချို့လူတွေမှာ အစာချေစနစ်နဲ့ပတ်သက်ပြီး ပြဿနာအနည်းငယ်ရှိတတ်ကြပါတယ်။ Lactose, gluten, ဂျုံ၊ fructose စတာတွေကို စားလိုက်ရင် လေပွလာတတ်သူရှိတာကြောင့် အဲဒါတွေကိုလည်း အနည်းငယ်ရှောင်သင့်ပါတယ်။
၅။ အမြှုပ်ထသော သောက်စရာများကို ရှောင်ပါ။
ဖန်ခွက်ထဲကို ဖျော်ရည်ထည့်လိုက်ရင် အမြှုပ်လေးတွေ ထလာတာက ကြည့်ကောင်းပေမယ့် လေတော့ ပွတတ်ပါတယ်နော်။ Gas ပါဝင်တဲ့ အချိုရည်တွေအစား လီမွန်၊ သခွားသီး၊ ပက်ပါမင့်လက်ဖက်ရည်စတဲ့ သဘာဝအသီးအနှံတွေကိုသာ ပိုမိုစားသုံးသင့်ပါတယ်။
၆။ Probiotics ပါဝင်သောအစားအစာများကို စားသုံးပေးပါ။
Probiotics မှာ အစာချေစနစ်နဲ့ လေပွခြင်းကို သက်သာစေတဲ့ အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်ပါတယ်။ ဒိန်ချဉ်မှာလည်း probiotics တွေ ပါဝင်ပါတယ်။ ဒါပေမယ့် သင်က ဒိန်ချဉ်နဲ့ဓါတ်မတည့်သူ ဆိုရင်တော့ အခြား probiotics အစားအစာတွေကို စားလို့ရပါတယ်။
၇။ လေပွစေတဲ့ အစားအစာတွေကိုရှောင်ပါ။
ပဲ၊ ပန်းမုံလာ၊ ပဲနီလေး၊ ကြက်သွန်နီ၊ ပန်းသီး စတဲ့ အစားအစာတွေက လေပွတာကို ဖြစ်စေပါတယ်။
၈။ ဆားကို လျှော့စားပါ။
ဆားတွေ အစားများတဲ့အခါလည်း လေပွသလို ခံစားရစေပါတယ်။ အစားအစာတွေ ဝယ်တဲ့အခါ ဆားပါဝင်မှုနည်းတာကို ပိုပြီးဦးစားပေးသင့်ပါတယ်။
Zombie (lovemedia)
0 Comments