ဆားဝက်ခြံတွေကို တစ်ခါတည်းနဲ့ အကုန်လုံးပြောင်စင်သွားစေမယ့်နည်းလမ်း (၅) ခု

မျက်နှာမှာ ဆားဝက်ခြံတွေက နှာခေါင်းနဲ့ မေးစေ့အောက်တစ်ဝိုက်မှာ ပေါက်လေ့ရှိပါတယ်။ ခန္ဓာကိုယ်မှာလည်း ဆားဝက်ခြံတွေ ပေါက်တတ်ပါတယ်။ အဲဒါကြောင့်ဆားဝက်ခြံတွေကို တစ်ခါတည်းနဲ့ အကုန်လုံးပြောင်စင်သွားစေမယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ အိမ်တွင်းနည်း

ဆား သို့မဟုတ် သကြားနဲ့ အုတ်ဂျုံမှုန့်ကို ရောနယ်ပြီးတော့ မေးစေ့မှာ ပွတ်တိုက်ပေးလို့ရပါတယ်။ အဲဒီအခါ ဆားဝက်ခြံတွေသာမက ဆဲလ်သေတွေပါ ကင်းစင်သွားပါတယ်။

လက်ဖက်ဆီနဲ့ လက်ဖက်ရွက်ကတည်း ဆားဝက်ခြံပျောက်စေတဲ့နည်းလမ်းတစ်ခုပါ။ လက်ဖက်ဆီနဲ့ လက်ဖက်ရွက်မှာ မျက်နှာအဆီပြန်တာကို သက်သာစေတဲ့အစွမ်းတွေ ရှိပါတယ်။

ဆားဝက်ခြံပျောက်စေဖို့ ပျားရည်ကိုလည်း အသုံးပြုနိုင်ပါတယ်။ ပျားရည်နဲ့နွားနို့ကို ရောပြီး ဆားဝက်ခြံရှိတဲ့နေရာမှာ လိမ်းပေးပါ။

သံပုရာရည် အသားအရေကို ကြည်လင်စေပြီး ဆားဝက်ခြံတွေကို သက်သာစေပါတယ်။ သံပုရာရည်ကို မျက်နှာမှာ လိမ်းပြီးတဲ့အခါမှာ နေပူထဲကို ချက်ချင်းမထွက်သင့်ပါဘူး။

၂။ Mask

ရွှံ့ သို့မဟုတ် မီးသွေးနဲ့ ပြုလုပ်ထားတဲ့ mask တွေက အဆီတွေနဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေအတွက်တော့ ဒီလို mask အမျိုးအစားက အကောင်းဆုံးပါပဲ။ တစ်ပတ်ကို နှစ်ကြိမ်ခန့်အသုံးပြုရုံနဲ့ သိသာတဲ့ရလဒ်ကို ရရှိစေပါတယ်။

နောက်တစ်နည်းကတော့ ကြက်ဥအကာနဲ့ ပြုလုပ်တဲ့နည်းပါ။ မျက်နှာကို သေချာသစ်ပြီး ကြက်ဥအကာနဲ့ မျက်နှာကို ပွတ်တိုက်ပေးပါ။ ဆားဝက်ခြံရှိတဲ့နေရာတွေမှာ တစ်ရှူးစလေး ကပ်ပေးထားပါ။ တစ်ရှူးစလေး ခြောက်သွားရင်တော့ ခွာလိုက်လို့ရပါပြီ။

၃။ စားသောက်မှုပုံစံ

ဆားဝက်ခြံတွေ နည်းပါးသွားဖို့ဆိုရင် ဗီတာမင်စီများများပါဝင်တဲ့အစားအစာတွေကို ရွေးချယ်သင့်ပါတယ်။ ဗီတာမင်စီများတဲ့အစားအစာတွေဟာ ကော်လဂျင်ထုတ်လုပ်မှုကိုလည်း တိုးမြင့်ပေးပါတယ်။ နို့ပါဝင်မှုနည်းတဲ့အစားအစာတွေ၊ ပဲတောင့်ရှည်တို့ကလည်း ဆားဝက်ခြံတွေကို လျော့ပါးသွားစေပါတယ်။

၄။ မျက်နှာကို ကြေးချွတ်ခြင်း

Salicylic acid ပါဝင်တဲ့ peeling တွေက ချွေးပေါက်ပိတ်နေတာတွေကို သက်သာစေပြီး၊ အဆီ၊ ဆဲလ်သေ၊ မိတ်ကပ်နဲ့ အညစ်အကြေးတွေကို ကင်းစင်သွားစေပါတယ်။ AHAs နဲ့ BHAs တို့ပါဝင်တဲ့ peeling တွေကလည်း ချွေးပေါက်တွေကို ကင်းရှင်းစေပြီး အသားအရေကို ပိုမိုနူးညံ့လာစေပါတယ်။ အသားအရေခြောက်သွေ့သူအတွက်တော့ peeling လုပ်တာက အသားအရေကို ပိုခြောက်သွေ့စေပါတယ်။

၅။ မေးစေ့မှာ ဆားဝက်ခြံတွေ ဖြစ်မလာအောင် ကာကွယ်နိုင်မယ့်နည်းလမ်းများ

ဆားဝက်ခြံတွေ မဖြစ်လာဖို့ဆိုရင် မျက်နှာကို မလိုအပ်ဘဲ လက်နဲ့ ခဏခဏကိုင်တာကို ရှောင်သင့်ပါတယ်။ သုံးစွဲတဲ့မိတ်ကပ်၊ skincare, sunscreen တို့နဲ့ မတည့်တဲ့အခါမှာလည်း ဆားဝက်ခြ့တွေ ဖြစ်လာတတ်ပါတယ်။

အိပ်ရာမဝင်ခင်မှာ မိတ်ကပ်ကို ပြောင်အောင်ဖျက်ဖို့လည်း မမေ့သင့်ပါဘူး။ မျက်နှာကို တစ်နေ့နှစ်ကြိမ်သစ်ပြီး ရေဓာတ်ဖြည့်တဲ့ခရင်မ်တွေ ပုံမှန်လိမ်းပေးတဲ့အခါ ဆားဝက်ခြံတွေကို ကာကွယ်ပြီးသားဖြစ်စေမှာပါ။

ဆားဝက်ခြံတွေကို ညှစ်သင့်လား။

အချို့တွေက ဆားဝက်ခြံညှစ်ရတာ၊ ဝက်ခြံညစ်ရတာကို သဘောကျကြပါတယ်။ ဒါပေမယ့် ဆားဝက်ခြံတွေကို ခဏခဏညှစ်ရင် ပိုဆိုးလာတာ၊ ရောင်လာတာ၊ နာကျင်လာတာ၊ ပြင်ပက ဘက်တီးရီးယားတွေ ဝင်လာတာတို့ ဖြစ်စေပါတယ်။ တစ်ခါတရံမှာ အမာရွတ်တွေလည်း ကျန်နေတတ်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments