ချက်ထဲမှာ အနံ့အသက်ဆိုးကင်းအောင် သန့်ရှင်းရေးလုပ်နိုင်မယ့်နည်းလမ်း (၃) မျိုး

လူသားတွေရဲ့ချက်ထဲမှာ ဘက်တီးရီးယားအုပ်စုပေါင်း ၆၇ အုပ်စုခန့် နေထိုင်ကြောင်း လေ့လာမှုတွေမှာ ဖော်ပြထားပါတယ်။ ချက်နေရာမှာ ချွေးတွေ၊ အဆီတွေ၊ ဆပ်ပြာအကြွင်းအကျန်တွေ စုပြီး အနံ့အသက်ဆိုးတွေ ဖြစ်လာပါတယ်။

အဲဒါကြောင့် ချက်ကို အန္တရာယ်ကင်းကင်းနဲ့ သန့်ရှင်းရေးလုပ်နိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဆားရည်

ဆားရည်က ချက်အပြင် ခန္ဓာကိုယ်ရဲ့အခြားအစိတ်အပိုင်းတွေကိုလည်း သန့်စင်ပေးပါတယ်။

- ဆားရည်အနည်းငယ်ကို ကြက်သီးနွေးရည်နဲ့ ရောလိုက်ပါ။

- နားကြပ်တံလေးကို ဆားရည်ထဲနှစ်လိုက်ပြီး ချက်အတွင်းပိုင်းထဲအထိ ညင်ညင်သာသာ သန့်ရှင်းရေးလုပ်ပေးပါ။

- သန့်ရှင်းရေးလုပ်ပြီးတဲ့အခါ ပိတ်စလေးနဲ့ ချက်ကို ခြောက်သွေ့အောင် သုတ်ပေးပါ။

အရက်ပြန်

- နားကြပ်တံလေးမှာ အရက်ပြန်ကို တို့လိုက်ပါ။

- အဲဒီနောက် ချက်ထဲကို သန့်ရှင်းရေးလုပ်လို့ရပါပြီ။

- သန့်ရှင်းရေးလုပ်ပြီးတဲ့အခါ နားကြပ်တံနောက်တစ်ခုနဲ့ ချက်ထဲကို သန့်ရှင်းရေးလုပ်ပါ။ ဒီအဆင့်မှာတော့ အရက်ပြန်တို့စရာမလိုပါဘူး။

- ပြီးရင် ရေဆေးချပြီး ချက်ကို ခြောက်သွေ့အောင် သုတ်ပေးပါ။ အရက်ပြန်နေရာမှာ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ကိုလည်း အသုံးပြုလို့ရပါတယ်။

ဆီ

ချက်ထဲက အချို့အညစ်အကြေးတွေက တော်တော်နဲ့ မပြောင်လွယ်ပါဘူး။ အဲဒါကြောင့် အုန်းဆီကို အပူပေးပြီး အသုံးပြုလို့ရပါတယ်။

- အပူပေးထားတဲ့အုန်းဆီအနည်းငယ်ကို ရေမချိုးခင်မှာ ချက်ထဲကို ထည့်ပြီး ညင်ညင်သာသာ နှိပ်နယ်ပေးပါ။ စက်ဝိုင်းပုံစံ နှိပ်နယ်ပေးလို့ရပါတယ်။

- အုန်းဆီထည့်ပြီး သန့်ရှင်းရေးလုပ်ပြီးတဲ့အခါ ချက်ထဲကို နားကြပ်တံလေးထည့်ပြီး သန့်ရှင်းရေးလုပ်ပါ။

- အဲဒီနောက် ရေချိုးလိုက်ပြီး ချက်ကို ခြောက်သွေ့အောင် ထားလိုက်လို့ရပါပြီ။ ချက်ထဲကို အစိုဓာတ်ဖြည့်ပေးတဲ့ခရင်မ်တွေ မလိမ်းပေးသင့်ပါဘူ။ အစိုဓာတ်ဖြည့်ခရင်မ်တွေက ချက်ထဲမှာ ဘက်တီးရီးယားတွေကို ပိုမိုပွားလာစေလို့ပါ။

Zombie (lovemedia)

Post a Comment

0 Comments