ရှေးတုန်းက အီဂျစ်လူမျိုးတွေရဲ့ အလှအပလျှို့ဝှက်ချက် (၅) ချက်

ရှေးတုန်းက အီဂျစ်နိုင်ငံမှာ အမျိုးသားတွေရော အမျိုးသမီးတွေပါ ဆံပင်နဲ့အသားအရေထိန်းသိမ်းတဲ့နည်းလမ်းတွေကို ပြုလုပ်ခဲ့ကြပါတယ်။ ရှေးတုန်းက အီဂျစ်တွေရဲ့ အလှအပလျှို့ဝှက်ချက်တွေက စိတ်ဝင်စားစရာကောင်းပြီး တကယ်လည်း အကျိုးရှိတဲ့နည်းလမ်းတွေပါပဲ။

၁။ အဆီကို အခြေခံထားတဲ့ အလှအပပစ္စည်းများ

ရှေးတုန်းက အီဂျစ်တွေဟာ မျက်လုံးကို အလှဆင်ဖို့နဲ့ နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ဖို့ မိတ်ကပ်လိမ်းခဲ့ကြပါတယ်။ အသီးအရွက်ဆီတွေနဲ့ မာလိုက်အမှုန့်တွေကို ရောပြီးတော့ eyeshadow အဖြစ်အသုံးပြုခဲ့ကြပါတယ်။

သဘာဝအဆီတွေမှာ ရေဓာတ်ဖြည့်တဲ့အစွမ်းတွေ ရှိတာကြောင့် အသားအရေကို နုပျိုစေပါတယ်။ ယနေ့ခေတ်မှာလည်း သဘာဝအဆီကို အခြေခံပြီးတော့ မိတ်ကပ်နဲ့အလှအပစ္စည်းတွေကို ထုတ်လုပ်လာကြပါတယ်။

၂။ ပျားရည်နဲ့ နွားနို့

အသားအရေကို နူးညံ့ဖို့နဲ့ အမြဲတမ်းနုပျိုစေဖို့အတွက် ရှေးတုန်းက အီဂျစ်လူမျိုးတွေက ပျားရည်နဲ့ နွားနို့ကို အသုံးပြုခဲ့ကြပါတယ်။ ပျားရည်နဲ့ နွားနို့ကို ပေါင်းစပ်ပြီး လိမ်းတဲ့အခါ ချောမွေ့တဲ့အသားအရေကိုလည်း ရရှိစေပါတယ်။

ပျားရည်က ဝက်ခြံအမာအရွက်တွေကို ပါးသွားစေပြီး အသားအရေကို ညီညာစေပါတယ်။ နွားနို့ကတော့ အသားအရေကို ရေဓာတ်ဖြည့်ပေးပါတယ်။

၃။ ဒန်းဆိုးဆေး

ရှေးတုန်းက အီဂျစ်လူမျိုးတွေက ဒန်းဆိုးဆေးကို ဆံပင်အတွက် သဘာဝဆိုးဆေးအဖြစ် အသုံးပြုခဲ့ကြပါတယ်။ ဒန်းဆိုးဆေးမှာ နောက်ထပ် ကောင်းကျိုးတစ်ခုလည်း ရှိပါသေးတယ်။

ဒန်းဆိုးဆေးက မှိုတွေကို တိုက်ဖျက်ပေးတာကြောင့် ဗောက်ပျောက်ပြီး ဆံပင်ကျွတ်တာ သက်သာသွားပါတယ်။ ဆံပင်က နူးညံ့သွားတဲ့အပြင် ဆံပင်ဖြူတာကိုလည်း နောက်ကျသွားပါတယ်။

၄။ အမွှေးနံ့သာတွေနဲ့ ရေချိုးခြင်း

ယနေ့ခေတ်မှာတော့ ချွေးနံ့တွေ ပျောက်စေဖို့ ချွေးနံ့ပျောက်ဆေးတွေကို အသုံးပြုကြပါတယ်။ ရှေးတုန်းက အီဂျစ်တွေကတော့ ချွေးနံ့တွေ ပျောက်စေဖို့အတွက် အမွှေးနံ့သာတွေနဲ့ ရေချိုးကြပါတယ်။ အမွှေးနံ့သာတွေနဲ့ ရေချိုးတာက ခန္ဓာကိုယ်က အနံ့အသက်ဆိုးတွေ ကင်းစင်သွားပြီး ပင်ပန်းတာတွေလည်း ပြေလျော့စေပါတယ်။

၅။ ဆီ

ဆီမှာ ရေဓာတ်ဖြည့်ပေးတဲ့အစွမ်းရှိပါတယ်။ အဲဒါကြောင့် ရှေးရှေးက အီဂျစ်လူမျိုးတွက အရေးအကြောင်းတွေကို ကာကွယ်ဖို့၊ အမြဲတမ်းနုပျိုဖို့အတွက် သဘာဝဆီတွေကို အသုံးပြုခဲ့ကြပါတယ်။

သင်က အဆီပြန်တတ်တဲ့အသားအရေပိုင်ရှင်ဖြစ်နေရင်တောင် အသားအရေလှပဖို့အတွက် ရေဓာတ်ပြည့်နေအောင် ပြုလုပ်လို့ရပါတယ်။ သဘာဝအဆီတွေဖြစ်တဲ့ အုန်းဆီ၊ သံလွင်ဆီတို့က အရေးအကြောင်းတွေနဲ့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးပါတယ်။

Zombie (lovemeida)

Post a Comment

0 Comments