ရသေ့ကြီးလိုစိတ်မျိုး မွေးပါ

တခါက မြစ်ကမ်းစပ် တခုမှာ ရသေ့ကြီး တပါး ရေချိုး နေတယ်။ အဲ့ဒီ အချိန်မှာ ကင်းမြီးကောက် တကောင်ဟာ ထင်းချောင်းလေး တချောင်းနဲ့ အတူ ရေထဲ မျောလာတယ်။

ရသေ့ကြီးက ကင်းမြီးကောက်လေးကို မြင်တော့ လက်နဲ့ ဆယ်ယူလိုက် တာပေါ့။ ဒါပေမဲ့ ကင်းမြီးကောက်လေးက အမြီးနဲ့ ထိုးတယ်။ ရသေ့ကြီးက ပြန်ပြီး လွှတ်ချ လိုက်တယ်။

တခါ ပြန်ဆယ်တယ်။ ကင်းမြီးကောက်လေးက ထပ်ထိုးတယ်။ ရသေ့ကြီးကလည်း ထပ်ပြီး ပြန်လွှတ်ချ လိုက်တယ်။

ဒီလိုနဲ့ သုံးခါလောက် ဆယ်လိုက် လွှတ်ချလိုက်နဲ့ နောက်ဆုံးတော့ ကင်းမြီးကောက်လေးဟာ ကမ်းပေါ်ကို ရောက်ပြီး အသက်ဘေးမှ လွတ်မြောက် သွားခဲ့တယ်။

ဒီလို ဆယ်လိုက် လွှတ်ချလိုက်၊ ဆယ်လိုက် လွှတ်ချလိုက်နဲ့ လုပ်နေတဲ့ ရသေ့ကြီးကို ကမ်းပေါ်က လူတယောက်က ကြည့်ပြီး

"အရှင်ရသေ့၊ ကိုယ့်ကို ဒီလောက် အမြီးနဲ့ ထိုးနေတဲ့ ကင်းမြီးကောက်ကို ဘာလို့ ကယ်နေတာလဲ။ သူဟာသူ သေသေ ပစ်ထားလိုက်ပါ့လား" လို့ ပြောတယ်။

ထိုအခါ ရသေ့ကြီးက "ဒကာ ကင်းမြီးကောက်တို့ သဘောက သူတပါးကို ထိုးတဲ့ အလုပ်ကို လုပ်တယ်။ ငါက သူတပါးကို ကယ်တဲ့အလုပ်ကို လုပ်တယ်။ သူလည်း သူ့အလုပ်သူ လုပ်တယ်။ ငါလည်း ငါ့အလုပ် ငါလုပ်တယ်။

အခုတော့ သူ့အလုပ်လည်း ပြီးသွားပြီ ငါ့အလုပ်လည်း ပြီးသွားပါပြီ" လို့ သူလုပ်တဲ့ အပေါ်မှာ ကျေနပ်စွာ ပြောပြလိုက် ပါတော့တယ်။

တိရစ္ဆာန်က တိရစ္ဆာန်အလုပ် လုပ်တယ်။ လူက လူအလုပ် လုပ်တယ်။ သူတော်ကောင်းက သူတော်ကောင်းအလုပ် လုပ်တယ်။ Crd

Zawgyi

ရေသ့ႀကီးလိုစိတ္မ်ိဳး ေမြးပါ

တခါက ျမစ္ကမ္းစပ္ တခုမွာ ရေသ့ႀကီး တပါး ေရခ်ိဳး ေနတယ္။ အဲ့ဒီ အခ်ိန္မွာ ကင္းၿမီးေကာက္ တေကာင္ဟာ ထင္းေခ်ာင္းေလး တေခ်ာင္းနဲ႔ အတူ ေရထဲ ေမ်ာလာတယ္။ ရေသ့ႀကီးက ကင္းၿမီးေကာက္ေလးကို ျမင္ေတာ့ လက္နဲ႔ ဆယ္ယူလိုက္ တာေပါ့။

ဒါေပမဲ့ ကင္းၿမီးေကာက္ေလးက အၿမီးနဲ႔ ထိုးတယ္။ ရေသ့ႀကီးက ျပန္ၿပီး လႊတ္ခ် လိုက္တယ္။ တခါ ျပန္ဆယ္တယ္။ ကင္းၿမီးေကာက္ေလးက ထပ္ထိုးတယ္။ ရေသ့ႀကီးကလည္း ထပ္ၿပီး ျပန္လႊတ္ခ် လိုက္တယ္။

ဒီလိုနဲ႔ သုံးခါေလာက္ ဆယ္လိုက္ လႊတ္ခ်လိုက္နဲ႔ ေနာက္ဆုံးေတာ့ ကင္းၿမီးေကာက္ေလးဟာ ကမ္းေပၚကို ေရာက္ၿပီး အသက္ေဘးမွ လြတ္ေျမာက္ သြားခဲ့တယ္။

ဒီလို ဆယ္လိုက္ လႊတ္ခ်လိုက္၊ ဆယ္လိုက္ လႊတ္ခ်လိုက္နဲ႔ လုပ္ေနတဲ့ ရေသ့ႀကီးကို ကမ္းေပၚက လူတေယာက္က ၾကည့္ၿပီး "အရွင္ရေသ့၊ ကိုယ့္ကို ဒီေလာက္ အၿမီးနဲ႔ ထိုးေနတဲ့ ကင္းၿမီးေကာက္ကို ဘာလို႔ ကယ္ေနတာလဲ။ သူဟာသူ ေသေသ ပစ္ထားလိုက္ပါ့လား" လို႔ ေျပာတယ္။

ထိုအခါ ရေသ့ႀကီးက "ဒကာ ကင္းၿမီးေကာက္တို႔ သေဘာက သူတပါးကို ထိုးတဲ့ အလုပ္ကို လုပ္တယ္။ ငါက သူတပါးကို ကယ္တဲ့အလုပ္ကို လုပ္တယ္။ သူလည္း သူ႔အလုပ္သူ လုပ္တယ္။ ငါလည္း ငါ့အလုပ္ ငါလုပ္တယ္။

အခုေတာ့ သူ႔အလုပ္လည္း ၿပီးသြားၿပီ ငါ့အလုပ္လည္း ၿပီးသြားပါၿပီ" လို႔ သူလုပ္တဲ့ အေပၚမွာ ေက်နပ္စြာ ေျပာျပလိုက္ ပါေတာ့တယ္။ တိရစာၦန္က တိရစာၦန္အလုပ္ လုပ္တယ္။ လူက လူအလုပ္ လုပ္တယ္။ သူေတာ္ေကာင္းက သူေတာ္ေကာင္းအလုပ္ လုပ္တယ္။ Crd

Post a Comment

0 Comments