သင်တွေးသလို ဖြစ်လာတာပါ

တခါက လူတယောက်ဟာ လမ်းလျှာက်လာရင်း ဆင်တွေကို ထားတဲ့ နေရာတခုကို ရောက်လာ ပါတယ်။

အဲဒီမှာ ထူးဆန်းတာတခုကို တွေ့လိုက်ရတာ ကတော့ ဆင်အကြီးကြီး တွေက သူတို့ ခြေထောက်ကို ကြိုးအသေးလေး တွေနဲ့ ချည်နှောင် ထားတာကို မရုန်းကြတာကို ပါပဲ။

ချိန်းကြိုး အကြီးကြီးတွေ သုံးစရာ မလိုသလို လှောင်အိမ်လည်း မလိုပါဘူး။ အချိန်မရွေး သူတို့ ခြေထောက်က ကြိုးလေး တွေကို ဖြတ်တောက်လိုက် နိုင်ပေမယ့် သူတို့က မရုန်းကြ ပါဘူး။

အဲဒါနဲ့ ထိုလူဟာ ဆင်ထိန်းကို မေးကြည့်လိုက် ပါတယ်။ ဆင်ထိန်း ကလည်း ပြန်ဖြေပါတယ်။ "ဟုတ်ပါတယ် သူတို့ ငယ်စဉ် ဆင်ပေါက်လေး ဘဝထဲက သူတို့ကို ကြိုးလေးနဲ့ပဲ ချည်နှောင် ထားခဲ့ပါတယ်။

အဲဒီအရွယ် တုန်းကတော့ ထိုကြိုးကို ရုန်းဖို့ ကြိုးစားကြည့် ကြတာပေါ့။ ဒါပေမယ့် သူတို့ရဲ့ အားနဲ့ ရုန်းမရခဲ့ ပါဘူး။ အခါခါ ကြိုးစားပေမယ့် မရတဲ့အခါ ဆင်တွေဟာ ထပ်ရုန်းကန်ဖို့ မတွေးတော့ ပါဘူး။

သူတို့အတွေးထဲမှာ ဒီကြိုးလေးဟာ သူတို့ကို ရုန်းလို့ မရလောက်အောင် ချည်နှောင် ထားတာမို့ ဘယ်တော့မှ ရုန်းလို့ မရနိုင်ဘူးလို့ အထင် ရောက်သွားတာ ဖြစ်ပါတယ်" လို့ ပြန်ဖြေလိုက်တဲ့ အခါ ခရီးသွားဟာ အံ့အားသင့် နေပါတော့တယ်။

ဆင်လို အကောင်ကြီးတဲ့ တိရိစ္ဆာန် မျိုးဟာ ဘယ်အချိန်မဆို ဒီလို ကြိုးမျိုးကို ဖြတ်တောက်ပစ်နိုင် ရက်နဲ့ သူ့စိတ်ထဲမှာ စွဲနေတဲ့ "ငါမလုပ်နိုင်ဘူး" တဲ့ အတွေးကြောင့် ဒီလိုဖြစ်တာပါလား လို့ တွေးလိုက်မိ ပါတယ်။

အနှစ်ချုပ် ကတော့ ကျွန်တော်တို့တတွေရဲ့ အတွေးဟာ ကျွန်တော်တို့ ဘဝအပေါ် သက်ရောက်မှု အများကြီး ရှိနိုင်တယ် ဆိုတာပါပဲ။

တခါနှစ်ခါ ကြိုးစားကြည့်လို့မှ မဖြစ်နိုင်ဘူးလို့ ယုံကြည် လက်ခံလိုက်တယ် ဆိုရင် ခေါင်းထဲမှာ တရားသေ မလုပ်နိုင်ဘူးဆိုတဲ့ စိတ်က စွဲသွားပြီး ကိုယ့်ရဲ့ လုပ်နိုင်စွမ်း ကိုလည်း ထပ်တိုးဖို့ ကြိုစားတော့မှာ မဟုတ်ပါဘူး။

အဲဒါကြောင့် သင်တွေးတဲ့အတိုင်း သင်ဖြစ်လာတယ်လို့ ပြောတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အဲဒီအတွေးတွေကို ဖယ်ထုတ်လိုက်ပြီး ရုန်းထွက်ကြပါစို့။ Crd

Post a Comment

0 Comments