တန်ဖိုးထားတဲ့ နေရာ

တခါတုန်းက ဖခင်တဦးဟာ သား မမွေးခင် ကတည်းက သားအတွက် ဆိုပြီး ဝယ်ထားပေးတဲ့ ကားကို တကြိမ်တခါမှ မသုံးပဲ ကားဂိုဒေါင် ထဲမှာ ၂၃ နှစ် တိုင်တိုင် သိမ်းထားပေး ခဲ့သတဲ့။

သားဖြစ်သူ ကျောင်းပြီးသွားတဲ့ အချိန် ဂုဏ်ပြုလက်ဆောင် အဖြစ် ဒီကားနဲ့ surprise လုပ်ပေးမယ် ပေါ့။ ဖခင်က သားကို ပြောတယ်။

"ကားကို အပိုင်မပေးခင် ဒီကား ဘယ်လောက် တန်လဲ သိရအောင် တပတ်နွမ်း ကားဈေးတန်းမှာ သွားပြကြည့်ပါ" လို့ ပြောလိုက်တယ်။

သူ့သားက တပတ်နွမ်း ကားဈေးတန်းမှာ သွားပြပြီး "အဖေရေ သူတို့က ဒေါ်လာ ၁၀၀၀ ပဲ ပေးမယ် လို့ ပြောကြတယ်။ ဘာလို့လဲ ဆိုတော့ ကားက နည်းနည်း ဟောင်းနေလို့တဲ့" လို့ ပြောတယ်။

အဲဒါနဲ့ သူ့အဖေက "သားရေ ဒီတခါ အပေါင်ဆိုင်ကို သွားပြကြည့် ပါအုံး" လို့ ခိုင်းပြန် ပါတယ်။ သားကလည်း အပေါင်ဆိုင်ကို သွားပြတယ်။

ပြီးတော့ သူ့အဖေကို ပြောတယ်။ "အဖေရေ သူတို့က ဒေါ်လာ ၁၀၀ ပဲ ပေးမယ် လို့ ပြောကြတယ်။ ဘာလို့လဲ ဆိုတော့ ကားက အရမ်း အိုနေပြီတဲ့"

ဖခင်က "သားရေ ဒီတခါတော့ ကားပြပွဲ အသင်းဆီကို ယူသွားကြည့်ပါ" လို့ ပြောပါတယ်။ သားဖြစ်သူက ကားပြပွဲ အသင်းဆီ ကားကို ပြလိုက်တဲ့ အချိန် ကြားလိုက်ရတဲ့ စကားကြောင့် အရမ်းကို စိတ်လှုပ်ရှား သွားစေတယ်။

"အဖေ အဖေ သူတို့က ကားကို ဒေါ်လာ ၁၀၀၀၀၀ ပေးမယ်တဲ့။ ဘာလို့လဲ ဆိုတော့ ဒီကားက ရောင်းရ အကောင်းဆုံးနဲ့ ခုဆိုရှားပါးကား ဖြစ်ပြီး ရှေးအရမ်း ကျတယ်လို့ ပြောကြတယ်"

ထိုအခါ ဖခင်က "ဒီမှာ သားရေ မှန်ကန်တဲ့ နေရာမှာသာ တန်ဖိုးထားမှု ခံကြရတာပါ။ သားကို တန်ဖိုးမထား ကြရင် အသိအမှတ် မပြုကြရင် ဝမ်းမနည်းပါနဲ့။ စိတ်လည်း မဆိုးပါနဲ့။

အမြဲ မှတ်ထားပါ သား။ ဘာလို့လဲ ဆိုတော့ အဲ့ဒီနေရာက သားအတွက် သားရဲ့ "တန်ဖိုး" ကို နားလည်တဲ့ နေရာမှာသာ သားကို အသိအမှတ် ပြုကြမှာ ဖြစ်လို့ပါ" လို့ ပြောလိုက်ပါတော့တယ်။

သင့်ရဲ့ တန်ဖိုးကို နားမလည်တဲ့ နေရာမျိုးမှာ သင့်ရဲ့ အဖိုးတန်လှတဲ့ အချိန်တွေကို အဆုံးရှုံး မခံပါနဲ့တော့။ Crd

Post a Comment

0 Comments