ကိုယ့်ကိစ္စကို အာရုံစိုက်ပါ

"ဖေဖေ၊ သမီး နောက်ကို ဘုရား မသွားတော့ဘူး" "ဘာဖြစ်လို့လဲ သမီး"

"သမီး ဘုရားကို သွားတော့ တွေ့တဲ့ လူတိုင်းက ဘုရားဝတ်ပြုနေတဲ့ အချိန်မှာတောင် ဖုန်းသုံးနေတဲ့ သူနဲ့ အတင်း ပြောနေတဲ့ သူနဲ့ ဘယ်သူမှ တလေးတစား မရှိကြဘူး။ သူတို့ အားလုံးဟာ သူတော်ကောင်းယောင် ဆောင်နေကြတာပဲ ဖေဖေ"

"အင်း ဒါဆို သမီး ဘုရားကို မသွားတော့ဖို့ မဆုံးဖြတ်ခင် ဖေဖေ သမီးကို တခုလောက် လုပ်ခိုင်းလို့ ရမလား" "ပြောကြည့်လေ ဖေဖေ ဘာများလဲ"

"ဒါဆို သမီး ဖန်ခွက်ထဲ ရေအပြည့် ထည့်ပြီး ဘုရားကို ၂ ပါတ် လမ်းလျှောက်ရမယ်။ ဒါပေမယ့် ရေတော့ လုံးဝ မဖိတ်ရဘူးနော်" "ဒါလေးများ အေးဆေး။ လုပ်နိုင်ပါတယ် ဖေဖေ"

"သမီး ပြန်ရောက်ပြီ ဖေဖေ။ ဒီမှာကြည့် ရေ လုံးဝ မဖိတ်ဘူး" "ဟုတ်ပြီ ဒါဆို ဖေဖေ သမီးကို မေးခွန်း ၃ ခု မေးမယ်။ သမီး ဘုရားပေါ်မှာ ဖုန်း သုံးနေတဲ့ သူတွေ တွေ့ခဲ့လား၊ အတင်း ပြောနေတာ တွေရော ကြားခဲ့လား၊ သမာဓိ ပျက်နေတဲ့ သူတွေရော ရှိခဲ့လား"

"ဘယ်လိုလုပ် တွေ့ခဲ့မှာလဲ ဖေဖေရယ်။ အဲဒါတွေ သွားကြည့်ရင် သမီး ဖန်ခွက်ထဲကရေ ဖိတ်သွားမှာပေါ့။ ကိုယ့်ဟာကိုယ် အာရုံစိုက် ထားရတာ သူတို့ကို မကြည့်အားပါဘူး"

"ဖေဖေ လိုချင်တာ အဲဒါပဲ သမီး။ သမီး ဘုရားကျောင်းကို သွားတယ် ဆိုရင် လုပ်သင့်တာက ကိုယ့်အလုပ်ကို ကိုယ် အာရုံ စိုက်ပြီး ဘုရားကို အာရုံပြုနေဖို့ပဲ ကျန်တာတွေက ကိုယ့်ကိစ္စ မဟုတ်ဘူး။

ကိုယ့်သမာဓိ မပျက်ဖို့ပဲ အရေးကြီးတယ် မဟုတ်လား သမီး။ ဘယ်သူ တရား ပျက်ပျက် ကိုယ် မပျက်ဖို့ လိုတယ် သမီး။

ဒါဆိုရင် သမီး ဘဝ တလျှောက်မှာ ဘယ်လို အဖြစ်အပျက်နဲ့ပဲ ကြုံရကြုံရ ကိုယ့်ရဲ့ အတွင်းစိတ်ထဲ မှာသာ အာရုံ အပြည့်အဝ စူးစိုက်ထားမယ် ဆိုရင် ပြင်ပ ဘယ်အရာကမှ သမီးကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်နိုင်တော့မှာ မဟုတ်ဘူး သမီး"

"ကျေးဇူးပါ ဖေဖေ။ ဖေဖေ ပေးတဲ့ သင်ခန်းစာက သမီးအတွက် တကယ်ကို ကောင်းလွန်းပါတယ် ဖေဖေ" Crd

Post a Comment

0 Comments