တန်ရာတန်ရာပဲ ဆက်ဆံပါ

တချို့လူတွေ ရှိတယ် ငြိမ်ခံနေတုန်းက မမြင်ဘူး၊ ထပြောမိမှ ကိုယ်က စွာတယ် ဆိုတာမျိုး။ တချို့လူတွေ ရှိတယ် ခေါင်းပေါ် တက်နင်း ခံရတာ မသိဘူး၊ ဆတ်ဆတ်ထိမခံ ပြန်ပြောလိုက်မှ ကိုယ်က အာကြမ်းတယ် ဆိုတာမျိုး။

တချို့လူတွေ ရှိတယ် မသိချင်ယောင် ဆောင်နေတာကို အားမနာဘူး၊ ဒဲ့ပြောလိုက်မှ ကိုယ်က လူကြမ်းတယောက် ဆိုတာမျိုး။ တချို့လူတွေ ရှိတယ် တသက်လုံး သည်းခံလာတာကို မစာနာ ကြဘူး၊ ထပေါက်ကွဲမိမှ ကိုယ်ဟာ မကောင်းဘူး ဆိုတာမျိုး။

တချို့လူတွေ ရှိတယ် အတွင်းစိတ်ကို မြင်အောင် မကြည့်တတ် ကြဘူး၊ အပေါ်ယံ ကောင်းပြတာ ကိုမှ အဟုတ် ထင်တတ်ကြတာမျိုး။

တချို့လူတွေ ရှိတယ် စစ်မှန်တယ် ဆိုတာကို မတွေ့တတ် ကြဘူး၊ ဟန်ဆောင်တတ်တဲ့ လူကိုမှ အမှန်အကန် ထင်တတ်ကြတာမျိုး။

တချို့လူတွေ ရှိတယ် ကိုယ်ချင်းစာတရား ဆိုတာ မရှိကြဘူး၊ ဘယ်သူသေသေ ငတေမာရင် ပြီးရော ဆိုတဲ့ စိတ်နဲ့ တဖက်သားရဲ့ စိတ်ကို အသေသတ်ပစ် ကြတာမျိုး။ တချို့လူတွေ ရှိတယ် ရင်းနှီးချင်ယောင် ဆောင်ပြီး မထိတထိ စော်ကားတဲ့ စကားပြောတတ် ကြတာမျိုး။

တချို့လူတွေ ရှိတယ် ကိုယ်တိုင် မလုပ်နိုင်တဲ့ အရာကို တပါးသူ လုပ်လိုက်မှ ဝေဖန်ရေး လုပ်တတ်တာမျိုး။ တချို့လူတွေ ရှိတယ် အစွမ်းအစ မရှိဘဲ အပြစ်ပြောဖို့ အတွက် သက်သက် လူဖြစ်လာတာမျိုး။

ဒါကြောင့် အကောင်းမြင်စိတ် အကောင်းမြင်ဝါဒကို မကျင့်သုံးတတ်ဘဲ အသက်ရှင်နေတဲ့ တချို့လူတွေအတွက် စိတ်ကသိကအောက် ဖြစ်ဖို့ မလိုပါဘူး။ တန်ရာတန်ရာပဲ ဆက်ဆံပေး လိုက်ပါ။ Crd

Zawgyi

တန္ရာတန္ရာပဲ ဆက္ဆံပါ

တခ်ိဳ႕လူေတြ ရွိတယ္ ၿငိမ္ခံေနတုန္းက မျမင္ဘူး၊ ထေျပာမိမွ ကိုယ္က စြာတယ္ ဆိုတာမ်ိဳး။ တခ်ိဳ႕လူေတြ ရွိတယ္ ေခါင္းေပၚ တက္နင္း ခံရတာ မသိဘူး၊ ဆတ္ဆတ္ထိမခံ ျပန္ေျပာလိုက္မွ ကိုယ္က အာၾကမ္းတယ္ ဆိုတာမ်ိဳး။

တခ်ိဳ႕လူေတြ ရွိတယ္ မသိခ်င္ေယာင္ ေဆာင္ေနတာကို အားမနာဘူး၊ ဒဲ့ေျပာလိုက္မွ ကိုယ္က လူၾကမ္းတေယာက္ ဆိုတာမ်ိဳး။ တခ်ိဳ႕လူေတြ ရွိတယ္ တသက္လုံး သည္းခံလာတာကို မစာနာ ၾကဘူး၊ ထေပါက္ကြဲမိမွ ကိုယ္ဟာ မေကာင္းဘူး ဆိုတာမ်ိဳး။

တခ်ိဳ႕လူေတြ ရွိတယ္ အတြင္းစိတ္ကို ျမင္ေအာင္ မၾကည့္တတ္ ၾကဘူး၊ အေပၚယံ ေကာင္းျပတာ ကိုမွ အဟုတ္ ထင္တတ္ၾကတာမ်ိဳး။ တခ်ိဳ႕လူေတြ ရွိတယ္ စစ္မွန္တယ္ ဆိုတာကို မေတြ႕တတ္ ၾကဘူး၊ ဟန္ေဆာင္တတ္တဲ့ လူကိုမွ အမွန္အကန္ ထင္တတ္ၾကတာမ်ိဳး။

တခ်ိဳ႕လူေတြ ရွိတယ္ ကိုယ္ခ်င္းစာတရား ဆိုတာ မရွိၾကဘူး၊ ဘယ္သူေသေသ ငေတမာရင္ ၿပီးေရာ ဆိုတဲ့ စိတ္နဲ႔ တဖက္သားရဲ႕ စိတ္ကို အေသသတ္ပစ္ ၾကတာမ်ိဳး။ တခ်ိဳ႕လူေတြ ရွိတယ္ ရင္းႏွီးခ်င္ေယာင္ ေဆာင္ၿပီး မထိတထိ ေစာ္ကားတဲ့ စကားေျပာတတ္ ၾကတာမ်ိဳး။

တခ်ိဳ႕လူေတြ ရွိတယ္ ကိုယ္တိုင္ မလုပ္ႏိုင္တဲ့ အရာကို တပါးသူ လုပ္လိုက္မွ ေဝဖန္ေရး လုပ္တတ္တာမ်ိဳး။ တခ်ိဳ႕လူေတြ ရွိတယ္ အစြမ္းအစ မရွိဘဲ အျပစ္ေျပာဖို႔ အတြက္ သက္သက္ လူျဖစ္လာတာမ်ိဳး။

ဒါေၾကာင့္ အေကာင္းျမင္စိတ္ အေကာင္းျမင္ဝါဒကို မက်င့္သုံးတတ္ဘဲ အသက္ရွင္ေနတဲ့ တခ်ိဳ႕လူေတြအတြက္ စိတ္ကသိကေအာက္ ျဖစ္ဖို႔ မလိုပါဘူး။ တန္ရာတန္ရာပဲ ဆက္ဆံေပး လိုက္ပါ။ Crd

Post a Comment

0 Comments