ထပ်ကြိုးစားရမယ်

စက်ရုံကြီးတခု မီးအကြီးအကျယ် လောင်တယ်။ အမေရိကန်ဒေါ်လာ (၂၃) သန်း ဆုံးရှုံးခဲ့တယ်။ စက်ရုံပိုင်ရှင်က မတ်တပ်ရပ် ကြည့်နေတယ်။ ဘေးမှာ သူ့သားက ရပ်နေတယ်။

စက်ရုံပိုင်ရှင်က သူ့သားကို ပြောတယ်။ "သား မင်းအမေကို သွားခေါ်။ ဒီလောက် တန်ဖိုးကြီးတဲ့ မီး မင်းတို့ဘဝမှာ တခါမှ တွေ့ရတော့မှာ မဟုတ်ဘူး" ထိုအခါ သားဖြစ်သူက "အဖေရယ် သားတို့စက်ရုံ မီးလောင် နေတာလေ" တဲ့။

အဲဒီစက်ရုံ ပိုင်ရှင်က ဘယ်သူလဲ သိပါသလား။ သောမတ်အက်ဒီစင် ပါ။ အဲဒီအချိန်မှာ သူ့အသက်က ၆၇ နှစ် ရှိနေပါပြီ။ ဘာဆက်လုပ်မလဲ လို့ သတင်းစာသမား တွေက သူ့ကို မေးပါတယ်။

သောမတ်အက်ဒီစင်က "ဟ ဘာလုပ်ရမလဲ။ အသစ်က ပြန်စရမှာပေါ့" တဲ့။ ဒါကြောင့် အက်ဒီစင်ဟာ အသက် ၆၇ နှစ် အရွယ် ရောက်နေတာတောင်မှ ဆုံးရှုံးခဲ့ရတယ်။ သူ စိတ်ဓါတ် ကျသွားသလား။ No ပါ။ ပိုပြီးတောင် အောင်မြင်ခဲ့ ပါသေးတယ်။

ဘဝမှာ တခါတလေ အိပ်မက်တွေဟာ သဲထဲ ရေသွန်သလို ဖြစ်တတ်ပါတယ်။ ဘဝကို ဖျက်ဆီးမယ့် သူတွေ ကတော့ ရှိနေမှာပဲ။ အောင်မြင်သူတွေကတော့ ဆုံးရှုံးသွားလည်း ငိုမနေပါဘူး၊ ဆက်ကြိုးစား ကြပါတယ်။ ခဲတံ ကြိုးရင် ဘာလုပ်မလဲ၊ ဆက်ချွန်ရ မှာပေါ့။ Crd

Zawgyi

ထပ္ႀကိဳးစားရမယ္

စက္႐ုံႀကီးတခု မီးအႀကီးအက်ယ္ ေလာင္တယ္။ အေမရိကန္ေဒၚလာ (၂၃) သန္း ဆုံးရႈံးခဲ့တယ္။ စက္႐ုံပိုင္ရွင္က မတ္တပ္ရပ္ ၾကည့္ေနတယ္။ ေဘးမွာ သူ႔သားက ရပ္ေနတယ္။

စက္႐ုံပိုင္ရွင္က သူ႔သားကို ေျပာတယ္။ "သား မင္းအေမကို သြားေခၚ။ ဒီေလာက္ တန္ဖိုးႀကီးတဲ့ မီး မင္းတို႔ဘဝမွာ တခါမွ ေတြ႕ရေတာ့မွာ မဟုတ္ဘူး" ထိုအခါ သားျဖစ္သူက "အေဖရယ္ သားတို႔စက္႐ုံ မီးေလာင္ ေနတာေလ" တဲ့။

အဲဒီစက္႐ုံ ပိုင္ရွင္က ဘယ္သူလဲ သိပါသလား။ ေသာမတ္အက္ဒီစင္ ပါ။ အဲဒီအခ်ိန္မွာ သူ႔အသက္က ၆၇ ႏွစ္ ရွိေနပါၿပီ။ ဘာဆက္လုပ္မလဲ လို႔ သတင္းစာသမား ေတြက သူ႔ကို ေမးပါတယ္။

ေသာမတ္အက္ဒီစင္က "ဟ ဘာလုပ္ရမလဲ။ အသစ္က ျပန္စရမွာေပါ့" တဲ့။ ဒါေၾကာင့္ အက္ဒီစင္ဟာ အသက္ ၆၇ ႏွစ္ အ႐ြယ္ ေရာက္ေနတာေတာင္မွ ဆုံးရႈံးခဲ့ရတယ္။ သူ စိတ္ဓါတ္ က်သြားသလား။ No ပါ။ ပိုၿပီးေတာင္ ေအာင္ျမင္ခဲ့ ပါေသးတယ္။

ဘဝမွာ တခါတေလ အိပ္မက္ေတြဟာ သဲထဲ ေရသြန္သလို ျဖစ္တတ္ပါတယ္။ ဘဝကို ဖ်က္ဆီးမယ့္ သူေတြ ကေတာ့ ရွိေနမွာပဲ။ ေအာင္ျမင္သူေတြကေတာ့ ဆုံးရႈံးသြားလည္း ငိုမေနပါဘူး၊ ဆက္ႀကိဳးစား ၾကပါတယ္။ ခဲတံ ႀကိဳးရင္ ဘာလုပ္မလဲ၊ ဆက္ခြၽန္ရ မွာေပါ့။ Crd

Post a Comment

0 Comments