ကိုယ့်ဘက်ကိုယ်ယက်ကြသူများ

တရံရော အခါ မြို့ကြီးတမြို့မှ မြို့သူမြို့သား တို့သည် စည်းဝေး တိုင်ပင်ကြ၏။ သူတို့သည် သူတို့မြို့ကို ကာကွယ်ရန် အလို့ငှာ ခံတပ်ကြီး တခု ဆောက်လုပ်ရာတွင် မည်သည့် ဝတ္ထုပစ္စည်းဖြင့် ဆောက်လုပ်လျှင် အဆင်ပြေမည်ကို အသီးသီး တင်ပြ ဆွေးနွေးလျက် ရှိကြ၏။

ထိုအခါ လက်သမားတဦးက သစ်သား သာလျှင် ခံတပ် ဆောက်ရာတွင် အကောင်းဆုံး ဖြစ်ကြောင်း၊ အဘယ်ကြောင့် ဆိုသော်သစ်သားသည် ပေါပေါများများ ရရှိနိုင်၍ ဆောက်လုပ်ရာ ၌လည်း လွယ်ကူကြောင်း အကြောင်းပြ ပြောဆိုလေသည်။

ထိုအဆိုကို ကျောက်ပန်းရံဆရာ တဦးက ကန့်ကွက် လေသည်။ သစ်သားမှာ မီးလောင်လွယ်သည် ဟုဆိုကာ ၎င်းအစား ကျောက်ကို အသုံးပြုရန် အကြံပေးလေ၏။

ဤတွင် သားရေနယ်သမား တယောက်သည် စုံရပ်လျက် "ကျွန်ုပ်၏ အမြင်ကို ပြောရလျှင်ကား သားရေလောက် ကောင်းသော တည်ဆောက်ရန် ဝတ္ထုပစ္စည်း မရှိတော့ပါ" ဟု ဆိုလိုက်လေ သတည်း။

ဒီပုံပြင်လေးရဲ့ သင်ခန်းစာ ကတော့ လူဆိုတာ ကိုယ့်ဘက်ကိုယ် ယက်ကြတဲ့ အမျိုးပါ။ "ငါ" ဆိုတဲ့ အတ္တကို ရှေ့တန်း တင်ကာ ငါလုပ်တာမှ မှန်တယ်၊ ငါလုပ်တာမှ ကောင်းတယ် ဆိုပြီး တပါးသူရဲ့ အထင်အမြင်တွေ ပြစ်တင် ရှုံ့ချပြီး ဝေဖန် မပုတ်ခတ် သင့်ပါ။

အရာရာမှာ သူ့အမြင် ကိုယ့်အမြင် ဆိုတာ ရှိပါတယ်။ မျှတအောင်သာ စဉ်းစားတွေးခေါ် သင့်ပါတယ်။ phoomyatchal

Zawgyi

ကိုယ့္ဘက္ကိုယ္ယက္

တရံေရာ အခါ ၿမိဳ႕ႀကီးတၿမိဳ႕မွ ၿမိဳ႕သူၿမိဳ႕သား တို႔သည္ စည္းေဝး တိုင္ပင္ၾက၏။ သူတို႔သည္ သူတို႔ၿမိဳ႕ကို ကာကြယ္ရန္ အလို႔ငွာ ခံတပ္ႀကီး တခု ေဆာက္လုပ္ရာတြင္ မည္သည့္ ဝတၳဳပစၥည္းျဖင့္ ေဆာက္လုပ္လွ်င္ အဆင္ေျပမည္ကို အသီးသီး တင္ျပ ေဆြးေႏြးလ်က္ ရွိၾက၏။

ထိုအခါ လက္သမားတဦးက သစ္သား သာလွ်င္ ခံတပ္ ေဆာက္ရာတြင္ အေကာင္းဆုံး ျဖစ္ေၾကာင္း၊ အဘယ္ေၾကာင့္ ဆိုေသာ္သစ္သားသည္ ေပါေပါမ်ားမ်ား ရရွိႏိုင္၍ ေဆာက္လုပ္ရာ ၌လည္း လြယ္ကူေၾကာင္း အေၾကာင္းျပ ေျပာဆိုေလသည္။

ထိုအဆိုကို ေက်ာက္ပန္းရံဆရာ တဦးက ကန႔္ကြက္ ေလသည္။ သစ္သားမွာ မီးေလာင္လြယ္သည္ ဟုဆိုကာ ၎အစား ေက်ာက္ကို အသုံးျပဳရန္ အႀကံေပးေလ၏။

ဤတြင္ သားေရနယ္သမား တေယာက္သည္ စုံရပ္လ်က္ "ကြၽႏ္ုပ္၏ အျမင္ကို ေျပာရလွ်င္ကား သားေရေလာက္ ေကာင္းေသာ တည္ေဆာက္ရန္ ဝတၳဳပစၥည္း မရွိေတာ့ပါ" ဟု ဆိုလိုက္ေလ သတည္း။

ဒီပုံျပင္ေလးရဲ႕ သင္ခန္းစာ ကေတာ့ လူဆိုတာ ကိုယ့္ဘက္ကိုယ္ ယက္ၾကတဲ့ အမ်ိဳးပါ။ "ငါ" ဆိုတဲ့ အတၱကို ေရွ႕တန္း တင္ကာ ငါလုပ္တာမွ မွန္တယ္၊ ငါလုပ္တာမွ ေကာင္းတယ္ ဆိုၿပီး တပါးသူရဲ႕ အထင္အျမင္ေတြ ျပစ္တင္ ရႈံ႕ခ်ၿပီး ေဝဖန္ မပုတ္ခတ္ သင့္ပါ။

အရာရာမွာ သူ႔အျမင္ ကိုယ့္အျမင္ ဆိုတာ ရွိပါတယ္။ မွ်တေအာင္သာ စဥ္းစားေတြးေခၚ သင့္ပါတယ္။ phoomyatchal

Post a Comment

0 Comments