ဆုတောင်းပြည့်သောသူ

တခါတုန်းက အလွန်ခင်တဲ့ သူငယ်ချင်း နှစ်ယောက်က ပင်လယ်ထဲကို သင်္ဘောဖြင့် ခရီးထွက်ခဲ့ ပါတယ်။ ဒါပေမယ့် မုန်တိုင်းနဲ့ ကြုံပြီး သင်္ဘော ပျက်သွားတာကြောင့် နှစ်ယောက်စလုံး ရေကူးပြီး ကျွန်းတကျွန်း ပေါ်ကို ရောက်လာကြ ပါတယ်။

ကျွန်းပေါ် ရောက်တော့ သူတို့ သူငယ်ချင်း နှစ်ယောက် ဘယ်သူ ပိုကံကောင်းတယ် ဆိုတာ သိရအောင် ကျွန်းရဲ့ တခြမ်းစီမှာ သီးသန့် နေထိုင်ဖို့ လုပ်ကြ ပါတယ်။

ပထမနေ့မှာ တယောက်က အစားအသောက် ရဖို့ ဆုတောင်းတော့ သစ်သီးပင် တပင်ကို သူ့ကျွန်းဘက် အခြမ်းမှာ တွေ့ပါတယ်။ ကျန်တယောက်ကတော့ သစ်သီးပင် မတွေ့တာကြောင့် ရှိတဲ့ အရွက်တွေ ကိုပဲ စားရပါတယ်။

နောက်နေ့မှာ ပထမတဦး ကပဲ ဆုတောင်းတိုင်း ရရှိနေ ပါတော့တယ်။ မိန်းမအဖော် လိုချင်တယ်လို့ ဆုတောင်းတော့ သင်္ဘောပျက် ပေါ်က အမျိုးသမီး တယောက်က သူ့ကျွန်းဘက်မှာ ရောက်လာ ပါတယ်။

အဲဒီလိုပဲ အဝတ်အစားတွေကို အစားအသောက် တွေပါ သူဆုတောင်းတိုင်း ရရှိနေ ပါတော့တယ်။ နောက်ဆုံးတော့ သူက သင်္ဘောတစီး ဆုတောင်းပြီး ကျွန်းကနေ ပြန်ဖို့ လုပ်ပါတယ်။

သင်္ဘောက တကယ်ပဲ ရောက်လာတော့ သူရယ် သူ့အဖော် အမျိုးသမီးရယ်က ကျွန်းကနေ ထွက်ခွာဖို့ လုပ်ပါတယ်။ အဲဒီအချိန်မှာ သိကြားမင်းက ပေါ်လာပြီး မေးပါတယ်။

"ဘာလို့ မင်းသူငယ်ချင်း ကိုပါ မခေါ်သွားတာလဲ" ဆိုတော့ သူက ဖြေပါတယ်။

"သူက ကံမကောင်းဘူးလေ။ သူဆုတောင်း သမျှ ပြည့်မှ မပြည့်တာ။ သူ့ကြောင့် ကျွန်တော်တို့ သင်္ဘောပျက်ပြီး ကျွန်တော်တို့ ဒုက္ခရောက်တာ လားတောင် မသိဘူး။ ဒါကြောင့် ဒီတခါတော့ သူကို ကျွန်တော် ထားခဲ့တော့မယ်"

ထိုအခါ သိကြားမင်းက အခုလို ပြောပါတယ်။ "အသင် မှားနေပြီ။ ကျွန်ုပ် ဆုတောင်း ဖြည့်ပေးခဲ့တာက သင့်သူငယ်ချင်းရဲ့ ဆုတောင်း တခုထဲ ကိုပါ။ သင့်ဆုတောင်းတွေကို ကျွန်ုပ် မဖြည့်ဆည်း ပေးခဲ့ပါဘူး"

ထိုအခါကျမှ သူလည်း အံ့သြသွားပြီး "ဒါဆို ကျွန်တော့် သူငယ်ချင်းရဲ့ ဆုတောင်းက ဘာလဲ" လို့ မေးလိုက်တယ်။ ထိုအခါ သိကြားမင်းက အခုလို ပြန်ဖြေပါတယ်။

"သင့်သူငယ်ချင်းရဲ့ ဆုတောင်းက သူ့အချစ်ဆုံး သူငယ်ချင်း ဖြစ်တဲ့ သင့်ရဲ့ ဆုတောင်းများ အားလုံး ပြည့်ပါစေတဲ့။ အဲဒီ ဆုတောင်းကိုပဲ ငါ ဖြည့်ဆည်းပေး ခဲ့တာပါ" တဲ့

⚘လောကမှာလည်း ကိုယ့်ရဲ့ ကံကောင်းမှုတိုင်းက လူတဦး တယောက်ရဲ့ ဖြည့်ဆည်းပေးမှုလည်း ပါဝင်နိုင်တယ် ဆိုတာ ကိုတော့ မမေ့သင့်ပါဘူး။ Crd

Post a Comment

0 Comments