ဖားကို ကူညီသောမြွေ

တခါတုန်းက ဖားတွေဟာ ခရီး အဝေးကြီးကို သွားချင် ကြတယ်။ သူ့တို့ ခန္ဓာကိုယ်ရဲ့ သဘာဝက ခုန်သွားမှ ရတာ ဆိုတော့ ဝေးလွန်းတဲ့ ခရီးကို ကြာရှည် ခုန်ပြီး မသွားနိုင် ကြဘူးပေါ့။

ဒီတော့ ခရီးသွားဖို့ လမ်းကြုံ မီးရထားလို ယာဉ်တခုလို အပ်လာတယ်။ ခရီးသွားယာဉ် အကူအညီ ရှာကြတော့ ကူညီမယ့် မိတ်ဆွေ ပေါ်လာ ပါတယ်။ အဲဒါ မြွေကြီးပဲ။

အဲဒီမြွေကြီးက ဖားမိသားစု တဆွေ တမျိုးလုံးကို သူ့ရဲ့ ကျောကုန်းပေါ် တင်ဆောင်ပြီး ဖားတွေ သွားချင်တဲ့ ခရီးအဝေးကြီးကို ပို့ပေးလိုက် ပါတယ်။ အဲဒါ တကယ်ပါပဲ။

မိတ်ဆွေ ဘယ်လို ထင်ပါသလဲ။ သဘော အလွန် ကောင်းတဲ့ ဒီမြွေကြီးဟာ တကယ်တော့ ဖားတွေကို သနားပြီး ခရီး ပို့ပေးနေတာတော့ မဟုတ်ဘူးဗျ။ ဖားတွေ ဆိုတာ သူ့ရဲ့ စားနပ်ရိက္ခာ တွေလေ။

ဒီတော့ သူက ဖားတွေကို မောင်းမထုတ်ပဲ အသာတကြည် လက်ခံပြီး တင်ဆောင်လာ ခဲ့တာပေါ့။ ဗိုက်စာတဲ့ အချိန်ကျရင် ရိက္ခာကို အဆင်သင့် ယူစားလိုက်ရုံ ပါပဲ။

ကျနော်တို့ လူ့ပြည် လူ့လောက မှာလည်း ဒီလိုမျိုး ကျေးဇူးရှင်ပုံစံနဲ့ ကူညီပေးထားသလို၊ ကျွေးထားသလို၊ ကယ်တင်ထားသလိုနဲ့ ကိုယ့်ကို အသုံးချမယ့် သူတွေလည်း အများကြီး ရှိနေတယ် ဆိုတာ သတိမူစေ ချင်ပါတယ်။ Crd

Zawgyi

ဖားကို ကူညီေသာေႁမြ

တခါတုန္းက ဖားေတြဟာ ခရီး အေဝးႀကီးကို သြားခ်င္ ၾကတယ္။ သူ႔တို႔ ခႏၶာကိုယ္ရဲ႕ သဘာဝက ခုန္သြားမွ ရတာ ဆိုေတာ့ ေဝးလြန္းတဲ့ ခရီးကို ၾကာရွည္ ခုန္ၿပီး မသြားႏိုင္ ၾကဘူးေပါ့။

ဒီေတာ့ ခရီးသြားဖို႔ လမ္းႀကဳံ မီးရထားလို ယာဥ္တခုလို အပ္လာတယ္။ ခရီးသြားယာဥ္ အကူအညီ ရွာၾကေတာ့ ကူညီမယ့္ မိတ္ေဆြ ေပၚလာ ပါတယ္။ အဲဒါ ေႁမြႀကီးပဲ။

အဲဒီေႁမြႀကီးက ဖားမိသားစု တေဆြ တမ်ိဳးလုံးကို သူ႔ရဲ႕ ေက်ာကုန္းေပၚ တင္ေဆာင္ၿပီး ဖားေတြ သြားခ်င္တဲ့ ခရီးအေဝးႀကီးကို ပို႔ေပးလိုက္ ပါတယ္။ အဲဒါ တကယ္ပါပဲ။

မိတ္ေဆြ ဘယ္လို ထင္ပါသလဲ။ သေဘာ အလြန္ ေကာင္းတဲ့ ဒီေႁမြႀကီးဟာ တကယ္ေတာ့ ဖားေတြကို သနားၿပီး ခရီး ပို႔ေပးေနတာေတာ့ မဟုတ္ဘူးဗ်။ ဖားေတြ ဆိုတာ သူ႔ရဲ႕ စားနပ္ရိကၡာ ေတြေလ။

ဒီေတာ့ သူက ဖားေတြကို ေမာင္းမထုတ္ပဲ အသာတၾကည္ လက္ခံၿပီး တင္ေဆာင္လာ ခဲ့တာေပါ့။ ဗိုက္စာတဲ့ အခ်ိန္က်ရင္ ရိကၡာကို အဆင္သင့္ ယူစားလိုက္႐ုံ ပါပဲ။

က်ေနာ္တို႔ လူ႔ျပည္ လူ႔ေလာက မွာလည္း ဒီလိုမ်ိဳး ေက်းဇူးရွင္ပုံစံနဲ႔ ကူညီေပးထားသလို၊ ေကြၽးထားသလို၊ ကယ္တင္ထားသလိုနဲ႔ ကိုယ့္ကို အသုံးခ်မယ့္ သူေတြလည္း အမ်ားႀကီး ရွိေနတယ္ ဆိုတာ သတိမူေစ ခ်င္ပါတယ္။ Crd

Post a Comment

0 Comments