အဖြူရောင်ရာဘာဖိနပ်ခုံတွေက အချိန်ကြာလာရင် ညစ်ပတ်ပြီး ဝါလာတတ်ပါတယ်။ ဒါ့အပြင် ဖိနပ်က အဝါရောင်အစွန်းတွေကလည်း ချွတ်ရခက်ပါတယ်။ အဲဒါကြောင့် ဖိနပ်ကို အချိန်အနည်းငယ်ပေးရုံနဲ့ သန့်ရှင်းသွားစေမယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
နည်းလမ်း ၁
လိုအပ်သောပစ္စည်းများ
- သွားတိုက်တံအဟောင်း
- အဝတ်လျှော်ဆပ်ပြာရည်
- မုန့်ဖုတ်ဆိုဒါ
- ဖော့
- ရေ
အရင်ဆုံး ဖိနပ်ကို သွားတိုက်တံအဟောင်းနဲ့ ပွတ်တိုက်လိုက်ပါ။ အဝတ်လျှော်ဆပ်ပြာရည်နဲ့ မုန့်ဖုတ်ဆိုဒါကို ဆတူရောလိုက်ပါ။ ရလာတဲ့အနှစ်ကို ဖိနပ်မှာ သုတ်ပြီး သွားတိုက်တံအဟောင်းနဲ့ အဝါစွန်းတွေ ပျောက်သွားတဲ့အထိ ပွတ်တိုက်ပေးပါ။
ပြီးရင် ဖော့ကို ရေထဲမှာ နှစ်ပြီး ဖိနပ်ကို သန့်ရှင်းရေးလုပ်ပေးပါ။ အားလုံးပြီးသွားတဲ့အခါမှာတော့ ဖိနပ်ကို အဝတ်ခြောက်တစ်ခုနဲ့ သုတ်ပေးပါ။
နည်းလမ်း ၂
လိုအပ်သောပစ္စည်းများ
- ဂွမ်းစလေးများ
- လက်သည်းဖျက်ဆေး
ဂွမ်းစလေးမှာ လက်သည်းဖျက်ဆေးကို ထည့်ပြီး ဖိနပ်ကအဝါစွန်းတွေ၊ ညစ်ပတ်နေတာတွေကို ပွတ်တိုက်ပေးပါ။ အချိန်တိုအတွင်း ဖိနပ်က အစွန်းတွေ၊ အညစ်အကြေးတွေက လွင့်ပြယ်သွားပါတယ်။
နည်းလမ်း ၃
လိုအပ်သောပစ္စည်းများ
- သွားတိုက်ဆေး
- သွားတိုက်တံအဟောင်း
- ရေ
သွားတိုက်ဆေးကို သွားတိုက်တံအဟောင်းမှာ ထည့်ပြီး ဖိနပ်ရဲ့ပေကျံနေတဲ့နေရာတွေမှာ ပွတ်တိုက်ပေးပါ။ လိုအပ်တဲ့အခါ ရေအနည်းငယ်ထည့်ပြီး ပွတ်တိုက်ပေးပါ။
Zombie (lovemedia)
0 Comments