နှင်းဆီပင်နှင့် ဆူးပင်

တခါတုန်းက တောအုပ်တခုရဲ့ အလယ်မှာ နှင်းဆီပင် တပင်ဟာ နှင်းဆီပန်း တွေနဲ့ လှပစွာ ဖူးပွင့် နေပါတယ်။ နှင်းဆီပန်းတွေကိုကြည့်ပြီး ဘေးမှာရှိတဲ့ ထင်းရူးပင် တွေဟာ အားကျ နေပါတယ်။

"ဟယ် နှင်းဆီပန်းတွေက လှလိုက်တာ။ ငါ့စိတ်အထင် ဒီတောအုပ် တခုလုံးမှာ ဒီနှင်းဆီပန်း ကသာ အလှဆုံး ထင်တယ်။ ငါတို့ကျတော့လည်း ဘာမှကို လှပတာ မရှိပါလားနော်" လို့ ညဉ်းတွား လိုက်ပါတယ်။

အဲ့ဒီ အသံကို ကြားတဲ့အခါ အခြားသော အပင်တွေက ဝိုင်းပြောပြီး အားပေးကြ ပါတယ်။ "အိုး အားမငယ် ပါနဲ့ ထင်းရှုးပင်ရယ်၊ လောကမှာ အရာရာတိုင်းက ပြီးပြည့်စုံတယ် ဆိုတာ မရှိပါဘူး၊ အားလုံးမှာ အားနည်းချက် အားသာချက် ဆိုတာ ရှိတာ ပါလို့" ပြန်ပြောကြ ပါတယ်။

အဲ့ဒီအခါမှာတော့ နှင်းဆီပန်းက မခံနိုင်ပဲ "အို ဒီတောထဲမှာ ငါက အလှဆုံးမို့ အလှဆုံး ပြောတာပေါ့။ အပင်တိုင်းက ငါ့ကို ကြည့်ပြီး အားကျနေ ကြတာပဲဟာ။

ဟိုမှာ ကြည့်လိုက်အုံး ဂန္တာရဆူးပင် တွေဆို ပိုဆိုးသေးတယ်။ သူတို့က ဒီတောထဲမှာ ရုပ်အဆိုးဆုံး အပင်တွေလေ။ သူတို့နဲ့ ယှဉ်ကြည့်ပါလား" လို့ မောက်မာစွာ ပြန်ပြောလိုက်တယ်။

မကြာခင်မှာပဲ အရမ်းကို ပူပြင်းတဲ့ နွေရာသီကို ရောက်လာ ပါတော့တယ်။ နှင်းဆီပင်ဟာ အပူဒဏ်ကြောင့် ညိုးနွမ်းပြီး အပွင့်တွေ ကြွေကျပြီး၊ မလှမပ ဖြစ်ကုန် ပါတော့တယ်။ မိုးမရွာတဲ့ အတွက် အပင်တွေဟာ ရေလိုချင်နေ ကြပါပြီ။

ငှက်ကလေးတွေဟာ ဆူးပင်ထံကို ရောက်လာကြပြီး နှုတ်သီးဖြင့် ဆူးပင်ကို ထိုးဆွကာ အပေါက်လေးတွေ ဖြစ်အောင် လုပ်နေကြတာကို မြင်တဲ့အခါ နှင်းဆီပင်က ထင်းရှူးပင်ကို မေးပါတယ်။ "အဲဒီ ငှက်တွေက ဆူးပင်ဆီကို လာလာပြီး ဘာလုပ်ကြ တာလဲ"

"ဆူးပင်ရဲ့ ခန္ဓာကိုယ် ထဲမှာ ရေတွေ ရှိတယ်လေ။ ငှက်လေးတွေ ရေရဖို့ ဆူးပင်ဆီကို လာကြတာပေါ့" လို့ ထင်းရှူးပင်က ပြန်ဖြေပါတယ်။ အဲ့ဒီအခါ ကြမှ နှင်းဆီပင်ဟာ တအံ့တသြနဲ့ မေးလိုက်ပါတယ်။

"ဟယ် ဆူးပင်ဆီမှာ ရေရတယ် ဟုတ်လား" "ဟုတ်တာပေါ့။ အဲ့ဒါကြောင့် ပြောတာပေါ့ ဘုရားသခင်က အရာရာတိုင်းကို ရည်ရွယ်ချက် မရှိပဲ ဖန်တီးပေးခဲ့တာ မဟုတ်ဘူးလေ။

ဘယ်နေရာမှာ မဆို အသုံးဝင်တဲ့ အရာတခုတော့ ရှိကြတာ ချည်းပဲ။ အားနည်းချက် အားသာချက် ရှိကြတာ ချည်းပဲ" လို့ ပြန်ဖြေလိုက် ပါတယ်။

ဘဝမှာ ကိုယ့်ကျမှ ရုပ်ဆိုးလိုက်တာ၊ အားနည်းချက်တွေ အများကြီးနဲ့မို့ အားငယ်လိုက်တာ ဆိုတာမျိူး ဖြစ်စရာ မလိုပါဘူး လို့ ပြောချင်တာပါ။ လူတိုင်းဟာ အားနည်းချက်ကိုယ်စီ ရှိသလို အားသာချက် ကိုယ်စီ ရှိပြီးသားပါ။

အဓိက ကိုယ့်ရဲ့ အားနည်းချက်ကို အားသာချက်ဖြင့် ကြိုးစားပြီး ဘဝကို ရှင်သန်ရမှာပါပဲ လို့ ဒီပုံပြင်လေးက သင်ခန်းစာ ပေးနေတာပဲ ဖြစ်ပါတယ်။ phoomyatchal

Post a Comment

0 Comments