နေရာမှန်မှာ ရှိဖို့လိုတယ်

တနေ့မှာ ကုလားအုတ်သားလေးက သူ့အမေကို အခုလို မေးခွန်းတွေ မေးလိုက်တယ်။ "မေမေ သားတို့ ကျောကုန်းပေါ်မှာ ဘာလို့ ဘုကြီးတွေ ရှိနေတာလဲ"

ထိုအခါ အမေဖြစ်သူ ကုလားအုတ်မကြီးက "အဲ့ဒီ ဘုကြီးတွေထဲမှာ ရေတွေ ရှိနေတယ်လေ။ အဲ့ဒီ ရေတွေကြောင့် ငါတို့ သဲကန္တာရထဲမှာ ရေမသောက်ပဲ ရက်ပေါင်း များစွာကြာအောင် ခရီးသွားနိုင် တာပေါ့" လို့ ဖြေတယ်။

"ဒါဆိုရင် နောက်တခု ထပ်မေးမယ် အမေ။ သားတို့ ခြေတံတွေဟာ အရှည်ကြီး ခြေဖဝါးတွေ ကရော ဘာလို့ ဝိုင်းနေတာလဲ အမေ"

"အဲ့ဒီလို ခြေတံရှည်ပြီး ခြေဖဝါး ဝိုင်းနေတာကြောင့် သဲကန္တာရထဲမှာ ခရီးသွားတဲ့အခါ ခြေထောက်တွေကို မြန်မြန် အထုတ်အသွင်း လုပ်နိုင်လို့ ခရီးအဝေးကြီးကို မြန်မြန် ရောက်နိုင်တာပေါ့"

"ထပ်မေးချင် သေးတယ် အမေ။ သားတို့ မျက်တောင်မွှေးတွေဟာ ဘာလို့ အရှည်ကြီးတွေ ဖြစ်နေတာလဲ အမေ။ မျက်တောင်ရှည်တော့ မျက်စိမှာ နေရခက်တယ် အမေ"

"မျက်တောင် အရှည်ကြီးတွေက သဲကန္တာရထဲမှာ သဲမုန်တိုင်း တိုက်ရင် မျက်စိထဲကို သဲတွေ မဝင်အောင် ကာကွယ် ပေးတယ်လေ"

"သား သဘောပေါက်ပြီ၊ ကျောကုန်းက ဘုကြီးတွေက ရေတွေကို သိုလှောင်ထားတယ်။ ခြေတံရှည် ခြေဖဝါးဝိုင်းဟာ သဲကန္တာရထဲမှာ မြန်မြန် ခရီးသွားလာ နိုင်စေဖို့။

မျက်တောင် ရှည်တာက သဲဂန္တာရထဲမှာ သဲမုန်တိုင်း တိုက်ရင် မျက်စိထဲ သဲတွေ မဝင်အောင်လို့။ ဒါပေမယ့် ကျနော်တို့ ဘာလို့ သဲကန္တာရ ထဲမှာ နေနေကြတာလဲ အမေ"

လူတွေမှာ အရည်ချင်းကောင်းတွေ ရှိကြပေမဲ့လည်း နေရာမှန်မှာ ရှိမနေရင် အဲ့ဒီ အရည်အချင်းတွေဟာ တန်ဖိုး မရှိကြတော့ဘူး။ နေရာ လွဲမှားအောင် ထားတဲ့ သူတွေရဲ့ အပြစ်ပါ။

နေရာမှန်ကို မရောက်သေးရင်လည်း နေရာမှန်ရောက်ဖို့ ကြိုးစားသင့်ပါတယ်။

ဝန်ခံချက်။ ။ တိရိစ္ဆာန် စကားတွေကို လူတွေကို သင်ခန်းစာယူဖို့ ရေးပြရတာ ရှက်လည်း ရှက်မိပါတယ်။ ခက်တာက အခုခေတ်ထဲမှာ မှတ်မှတ်သားသား စကားပြောတတ်တဲ့ သူတွေ ရှားသွားပြီလေ။ phoomyatchal

Post a Comment

0 Comments