မိတ်ဆွေစစ်

တခါတုန်းက အဖေ ဖြစ်သူဟာ နွားတကောင်ကို ပေါ်ပြီးနောက် မီးပုံပေါ်တွင် ကင်နေရင်းနဲ့ သူ့သမီးကို ပြောလိုက်တယ်။ "သမီးရေ အိမ်နီးနားချင်း သူငယ်ချင်းတွေကို သွားခေါ်လိုက်။ စားပွဲ ကျင်းပ ရအောင်"

ထိုအခါ သမီးဖြစ်သူက လမ်းမပေါ်ကို ထွက်သွားပြီး အော်ပြော လိုက်တယ်။ "ကျွန်မတို့ အိမ် မီးလောင်နေလို့ ကူငြှိမ်း ပေးကြပါဦးရှင်"

ထိုအချိန် ခဏအတွင်းမှာဘဲ လူအနည်းငယ် ရောက်လာ ကူညီကြပေမယ့် ကျန်တဲ့လူ အများစုကတော့ မကြားချင်ယောင် ဆောင်နေခဲ့ ကြပါတယ်။ သူတို့သမီးအဖ နှစ်ယောက်ဟာ ရောက်လာတဲ့ လူအနည်းစု နဲ့သာ ညဉ့်နက်တဲ့ အထိ စားသောက် ပျော်ပါးခဲ့ ကြတာပေါ့။

ထို့နောက် အဖေဖြစ်သူက အံ့ဩပြီး သူ့သမီးကို ပြောတယ်။ "အခုလာတဲ့ သူတွေက ဘယ်သူတွေလဲ။ အဖေနဲ့လည်း မသိပါလား။ အဖေတို့ မိတ်ဆွေ တွေရော ဘာလို့ မလာတာလဲ"

ထိုအခါ သမီးဖြစ်သူက "အခု လာတဲ့ သူတွေက သမီးတို့အိမ် မီးလောင်နေတယ် ဆိုလို့ ကူညီဖို့ လာကြတာပါ။ ပါတီလုပ်ဖို့ လာတာ မဟုတ်ဘူး။ အဲ့ဒီ လူတွေ ကမှ သမီးတို့ ဧည့်ခံ ကျွေးမွေးတာနဲ့ ထိုက်တန်တာပါ အဖေ" လို့ ပြန်ပြောလိုက် ပါတော့တယ်။

မိမိ ဒုက္ခရောက်ချိန် မကူညီခဲ့သူဟာ မိမိအောင်မြင်ချိန် အောင်ပွဲခံတဲ့ အခါမှာလည်း မလာသင့်သူပါ။ နိုင်ငံခြား ဆောင်းပါးတခုအား သင့်တော်သလို ဘာသာပြန် ထားပါသည်။ စိတ်ခွန်အား ရရှိကြပါစေ။ phoomyatchal

Zawgyi

မိတ္ေဆြစစ္

တခါတုန္းက အေဖ ျဖစ္သူဟာ ႏြားတေကာင္ကို ေပၚၿပီးေနာက္ မီးပုံေပၚတြင္ ကင္ေနရင္းနဲ႔ သူ႔သမီးကို ေျပာလိုက္တယ္။ "သမီးေရ အိမ္နီးနားခ်င္း သူငယ္ခ်င္းေတြကို သြားေခၚလိုက္။ စားပြဲ က်င္းပ ရေအာင္"

ထိုအခါ သမီးျဖစ္သူက လမ္းမေပၚကို ထြက္သြားၿပီး ေအာ္ေျပာ လိုက္တယ္။ "ကြၽန္မတို႔ အိမ္ မီးေလာင္ေနလို႔ ကူျငႇိမ္း ေပးၾကပါဦးရွင္"

ထိုအခ်ိန္ ခဏအတြင္းမွာဘဲ လူအနည္းငယ္ ေရာက္လာ ကူညီၾကေပမယ့္ က်န္တဲ့လူ အမ်ားစုကေတာ့ မၾကားခ်င္ေယာင္ ေဆာင္ေနခဲ့ ၾကပါတယ္။ သူတို႔သမီးအဖ ႏွစ္ေယာက္ဟာ ေရာက္လာတဲ့ လူအနည္းစု နဲ႔သာ ညဥ့္နက္တဲ့ အထိ စားေသာက္ ေပ်ာ္ပါးခဲ့ ၾကတာေပါ့။

ထို႔ေနာက္ အေဖျဖစ္သူက အံ့ဩၿပီး သူ႔သမီးကို ေျပာတယ္။ "အခုလာတဲ့ သူေတြက ဘယ္သူေတြလဲ။ အေဖနဲ႔လည္း မသိပါလား။ အေဖတို႔ မိတ္ေဆြ ေတြေရာ ဘာလို႔ မလာတာလဲ"

ထိုအခါ သမီးျဖစ္သူက "အခု လာတဲ့ သူေတြက သမီးတို႔အိမ္ မီးေလာင္ေနတယ္ ဆိုလို႔ ကူညီဖို႔ လာၾကတာပါ။ ပါတီလုပ္ဖို႔ လာတာ မဟုတ္ဘူး။ အဲ့ဒီ လူေတြ ကမွ သမီးတို႔ ဧည့္ခံ ေကြၽးေမြးတာနဲ႔ ထိုက္တန္တာပါ အေဖ" လို႔ ျပန္ေျပာလိုက္ ပါေတာ့တယ္။

မိမိ ဒုကၡေရာက္ခ်ိန္ မကူညီခဲ့သူဟာ မိမိေအာင္ျမင္ခ်ိန္ ေအာင္ပြဲခံတဲ့ အခါမွာလည္း မလာသင့္သူပါ။ ႏိုင္ငံျခား ေဆာင္းပါးတခုအား သင့္ေတာ္သလို ဘာသာျပန္ ထားပါသည္။ စိတ္ခြန္အား ရရွိၾကပါေစ။ phoomyatchal

Post a Comment

0 Comments