သံခမောက်နှင့် သရဖူ

မိန်းကလေး တော်တော်များများဟာ အိမ်ထောင်ကျ ကံကောင်း၊ မကောင်း ဆိုတာ မသိနိုင်ပါဘူး။ ကိုယ်တွေ့ဖူးခဲ့တဲ့ မိန်းကလေးတွေ ရှိတယ်။

(၁) အိမ်ထောင် မကျခင် ကတော့ ယောက်ျားတွေနဲ့ တယောက်ပြီး တယောက်တွဲ၊ တယောက်တောင် မပြတ်သေးဘူး နောက်တယောက်က အဆင်သင့်ပဲ။ အဲဒီလို မိန်းကလေး တော်တော် များများက အိမ်ထောင်ကျတော့ ကံကောင်း လိုက်ကြတာ။

သူတို့ ယောက်ျားတွေက ရွှေတွေ ငွေတွေ ကားတွေ ဘာတွေ အပြည့်စုံ ထားပေး ကြတယ်။ ဒါမှမဟုတ် စိတ်ချမ်းသာအောင် ထားပေး ကြတယ်။ အမြဲတမ်း တောက်တောက်ပြောင်ပြောင်နဲ့ နေရတယ်။

(၂) တချို့ မိန်းကလေးတွေ ကျတော့ အိမ်ထောင် မကျခင် ချစ်သူ တယောက်ထဲ အပေါ် သစ္စာရှိ ခဲ့တယ်။ သူ့အပေါ် အနစ်နာ ခံခဲ့တယ်။ သူတို့ ချစ်သူ ဘယ်လောက် ဆိုးဆိုး မပြတ်နိုင် ခဲ့ဘူး။ သူ့တို့ချစ်သူ တယောက်ထဲ ကိုသာ ချစ်ခဲ့ ကြတယ်။

ဘေးမှာ တခြား ယောက်ျားတွေ ချစ်ခွင့် ပန်ရင်တောင် ငြင်းပယ်ခဲ့ ကြတယ်။ တကမ္ဘာလုံးမှာ ယောက်ျား တယောက်ပဲ ရှိတယ်လို့ မြင်ခဲ့ ကြတယ်။ ဒါပေမယ့် အဲ့လောက် ကောင်းတဲ့ မိန်းကလေး အိမ်ထောင် ကျတဲ့အခါ တော်တော် များများက ကံဆိုးကြတယ်။ အိမ်ထောင်ကျကံ မကောင်းဘူး။ ဘာ့ကြောင့်လဲ။

ဘာကြောင့်လဲ ဆိုတော့ ပထမ မိန်းကလေးက ယောက်ျားတွေ အများကြီး တွဲခဲ့တယ်။ လေ့လာတယ်။ သူ့အပေါ် ဘယ်သူ အနစ်နာခံလဲ။ သူ့အပေါ် မကောင်းတဲ့ သူဆို စွန့်ပစ်တယ်။ အဲဒီ အထဲကမှ သူ့အပေါ် အကောင်းဆုံး ယောက်ျားကိုသာ သူမ ရွှေးချယ်ခဲ့တယ်။

ဒုတိယ မိန်းကလေး ကတော့ ယောက်ျား တယောက်ကိုသာ တွဲပြီး အဲ့ဒီယောက်ျားကိုပဲ ကောင်းကောင်း မကောင်းကောင်း သူနဲ့သာ အိမ်ထောင် ပြုတယ်။ တခြား လူတွေကို သူတို့ မလေ့လာခဲ့ကြဘူး။ မရွေးချယ်ပဲ ယူလိုက်တယ်။ ယောက်ျားက မကောင်းတော့ ဒုက္ခ ရောက်ကြတယ်။

အိမ်ထောင်ကျကံ ကောင်းတဲ့ မိန်းခလေးက ဘာနဲ့တူသလဲ ဆိုတာ အရမ်း တန်ဖိုးကြီးတဲ့ "သရဖူ" တခု ရတာနဲ့ တူတယ်။ လူတကာ ငေးမော ကြတယ်။ လူတကာ အားကျတယ်။

အိမ်ထောင်ကျ ကံဆိုးတဲ့ မိန်းမကျတော့ အရမ်းလေးတဲ့ သံခမောက် ရတာနဲ့ တူတယ်။ နေကလည်းပူ ချွတ်လို့လည်း မရ။ အရိပ်တော့ ရတယ်။ ဒါပေမယ့် လေးတယ်။

တချို့ ယောက်ျားတွေက "သံခမောက်" နဲ့ တူကြတယ်။ မိန်းမသား တွေက အဲ့ယောက်ျားနဲ့ ကွာမယ် ဆိုတော့လည်း သားသမီး မျက်နှာ ထောက်ရ၊ အဖေ မရှိ မျက်နှာ ငယ်မှာလည်းဆိုး၊ ယောက်ျား မရှိတော့ သူများ အထင်သေး ခံရမှာလည်းကြောက်နဲ့ အကြောင်း အမျိုးမျိုးကြောင့် ဆိုးသွမ်းပေမဲ့ မကွာနိုင်။

သံခမောက်နဲ့ တူတယ်။ မဆောင်းရင် လည်း နေပူ၊ ဆောင်းရင် ကျတော့လည်း အရမ်းလေး၊ ဒါနဲ့ပဲ သံသယာလည်။

ဒါကြောင့် အိမ်ထောင် မကျသေးတဲ့ ညီမငယ်များ အနေနဲ့ အိမ်ထောင် ပြုတော့မယ်ဆို "သံခမောက်နဲ့ သရဖူ" ဘယ်ဟာကို ရွေးချယ်မလဲ ဆိုတာ ကိုယ်တိုင် သေသေချာချာ ဆုံးဖြတ်ကြပါ။ ချစ်သူ ရည်းစား ဘဝကတည်းက ကိုယ့်အပေါ် မကောင်းတဲ့ ယောက်ျားက အိမ်ထောင်ကျသွားရင် ကောင်းမယ်လို့ မထင်ကြပါနဲ့။ ပိုဆိုး သွားမယ်။

သူတို့သာ ကိုယ့်ကို တကယ်ချစ်ရင် ကိုယ့်အပေါ် အနစ်နာ ခံမယ်၊ ရိုးသားမယ်၊ ကြိုးစားမယ်။ ညီမလေးတို့ရေ မိုက်ရူးရဲ မဆန်ပါနဲ့။ အိမ်ထောင်ကျတယ် ဆိုတာ တဘဝစာ အတွက်ပါ။ မရွေးချယ်ပဲ မဆုံးဖြတ် ကြပါနဲ့။ ရွေးချယ်ကြပါ။ သေသေချာချာလေး ရွေးချယ်ကြပါ။ Crd

Post a Comment

0 Comments