ပိုးဟပ်ကပေးတဲ့ သင်ခန်းစာ

စားသောက်ဆိုင် တဆိုင်ကို ပိုးဟပ် တကောင် ပျံပြီး ဝင်လာတယ်။ ပိုးဟပ်က အမျိုးသမီးကြီး တယောက်ရဲ့ လက်မောင်း ပေါ်ကို ရောက်သွားတယ်။ အဲ့ဒါနဲ့ အမျိုးသမီးကြီးက ကြောက်လန့် တကြား အားရပါးရ အော်တော့တာပဲ။

မျက်နှာ တခုလုံး ရွံ့တွနေပြီး လက်မောင်းပေါ်က ပိုးဟပ်ကို ဖယ်ဖို့ အသည်းအသန် ကြိုးစားနေတယ်။ သူနဲ့ အတူတူ ထိုင်နေတဲ့ အမျိုးသမီးတွေလည်း အော်ဟစ် ခုန်ပေါက် နေကြတာပေါ့။ နောက်ဆုံးမှာ သူရဲ့ လက်မောင်း ပေါ်က ပိုးဟပ်ကို ဖယ်လိုက်နိုင် ခဲ့တယ်။

ဒါပေမယ့် ပိုးဟပ်က သူတို့ ဝိုင်းထဲက နောက်အမျိုးသမီး တယောက်ဆီ ရောက်သွားပြန်ရော။ ထုံးစံအတိုင်း အော်ဟစ်ရင်း ဆူညံသွား ပြန်တယ်။

ဒီတခါတော့ စားပွဲထိုးက ကူညီဖို့ ရောက်လာတယ်။ စားပွဲထိုး ရောက်လာတော့ ဟိုအမျိုးသမီး ကလည်း ပိုးဟပ်ကို စားပွဲထိုးဆီ ခါချလိုက်တယ်။

စားပွဲထိုး ကောင်လေးရဲ့ အပေါ်ကို ပိုးဟပ် ရောက်သွားတဲ့အခါ သူက ပိုးဟပ် ငြိမ်သွားတဲ့အထိ ခဏစောင့်ကြည့် နေလိုက်တယ်။

ငြိမ်ပြီး ဖမ်းလို့ရပြီ ဆိုမှ သူလက်နဲ့ အသာယူပြီး စားသောက်ဆိုင် အပြင်ဘက်ကို ပစ်လိုက်တော့တယ်။

ဒီမြင်ကွင်းလေးကို ကြည့်ပြီး စဉ်းစားနေမိတယ်။ စားသောက်ဆိုင်ထဲ အနှောက်အယှက် ဖြစ်စေတဲ့ ပိုးဟပ်ကို အပြစ်တင်ရ မလား။ ဒါဆိုရင် စားပွဲထိုးကရော ဘာကြောင့် စိတ်အနှောက်အယှက် မဖြစ်သလဲ။

အမှန်တော့ ပိုးဟပ်က ပြဿနာ ဖြစ်စေတာ မဟုတ်ပါဘူး။ ဒီပိုးဟပ်ကို ဘယ်လို တုံ့ပြန်မလဲ ဆိုတာကို မသိတာက ပြဿနာပါ။ ဒါကြောင့် ကိုယ့်ကို အနှောက်အယှက် လာပေးတာတွေက အဓိက ပြဿနာ မဟုတ်ပါဘူး။

ကိုယ်က ဘယ်လို တုံ့ပြန်လိုက်သလဲ ဆိုတာသာ အရေးကြီးတာပါ။ ကိုယ့်ဘဝမှာလည်း အခက်အခဲတွေက အဓိက ပြဿနာ မဟုတ်ဘဲ ကိုယ်ဘယ်လို တုံပြန်လိုက်သလဲ ဆိုတာကသာ အဓိကပါ။ phoomyatchal

Zawgyi

ပိုးဟပ္ကေပးတဲ့ သင္ခန္းစာ

စားေသာက္ဆိုင္ တဆိုင္ကို ပိုးဟပ္ တေကာင္ ပ်ံၿပီး ဝင္လာတယ္။ ပိုးဟပ္က အမ်ိဳးသမီးႀကီး တေယာက္ရဲ႕ လက္ေမာင္း ေပၚကို ေရာက္သြားတယ္။ အဲ့ဒါနဲ႔ အမ်ိဳးသမီးႀကီးက ေၾကာက္လန႔္ တၾကား အားရပါးရ ေအာ္ေတာ့တာပဲ။

မ်က္ႏွာ တခုလုံး ႐ြံ႕တြေနၿပီး လက္ေမာင္းေပၚက ပိုးဟပ္ကို ဖယ္ဖို႔ အသည္းအသန္ ႀကိဳးစားေနတယ္။ သူနဲ႔ အတူတူ ထိုင္ေနတဲ့ အမ်ိဳးသမီးေတြလည္း ေအာ္ဟစ္ ခုန္ေပါက္ ေနၾကတာေပါ့။ ေနာက္ဆုံးမွာ သူရဲ႕ လက္ေမာင္း ေပၚက ပိုးဟပ္ကို ဖယ္လိုက္ႏိုင္ ခဲ့တယ္။

ဒါေပမယ့္ ပိုးဟပ္က သူတို႔ ဝိုင္းထဲက ေနာက္အမ်ိဳးသမီး တေယာက္ဆီ ေရာက္သြားျပန္ေရာ။ ထုံးစံအတိုင္း ေအာ္ဟစ္ရင္း ဆူညံသြား ျပန္တယ္။ ဒီတခါေတာ့ စားပြဲထိုးက ကူညီဖို႔ ေရာက္လာတယ္။ စားပြဲထိုး ေရာက္လာေတာ့ ဟိုအမ်ိဳးသမီး ကလည္း ပိုးဟပ္ကို စားပြဲထိုးဆီ ခါခ်လိုက္တယ္။

စားပြဲထိုး ေကာင္ေလးရဲ႕ အေပၚကို ပိုးဟပ္ ေရာက္သြားတဲ့အခါ သူက ပိုးဟပ္ ၿငိမ္သြားတဲ့အထိ ခဏေစာင့္ၾကည့္ ေနလိုက္တယ္။ ၿငိမ္ၿပီး ဖမ္းလို႔ရၿပီ ဆိုမွ သူလက္နဲ႔ အသာယူၿပီး စားေသာက္ဆိုင္ အျပင္ဘက္ကို ပစ္လိုက္ေတာ့တယ္။

ဒီျမင္ကြင္းေလးကို ၾကည့္ၿပီး စဥ္းစားေနမိတယ္။ စားေသာက္ဆိုင္ထဲ အေႏွာက္အယွက္ ျဖစ္ေစတဲ့ ပိုးဟပ္ကို အျပစ္တင္ရ မလား။ ဒါဆိုရင္ စားပြဲထိုးကေရာ ဘာေၾကာင့္ စိတ္အေႏွာက္အယွက္ မျဖစ္သလဲ။

အမွန္ေတာ့ ပိုးဟပ္က ျပႆနာ ျဖစ္ေစတာ မဟုတ္ပါဘူး။ ဒီပိုးဟပ္ကို ဘယ္လို တုံ႔ျပန္မလဲ ဆိုတာကို မသိတာက ျပႆနာပါ။ ဒါေၾကာင့္ ကိုယ့္ကို အေႏွာက္အယွက္ လာေပးတာေတြက အဓိက ျပႆနာ မဟုတ္ပါဘူး။

ကိုယ္က ဘယ္လို တုံ႔ျပန္လိုက္သလဲ ဆိုတာသာ အေရးႀကီးတာပါ။ ကိုယ့္ဘဝမွာလည္း အခက္အခဲေတြက အဓိက ျပႆနာ မဟုတ္ဘဲ ကိုယ္ဘယ္လို တုံျပန္လိုက္သလဲ ဆိုတာကသာ အဓိကပါ။ phoomyatchal

Post a Comment

0 Comments