လူ (နေတတ်ရင် ကျေနပ်စရာပါ)

ဟိုးရှေးရှေးတုန်း ကပေါ့။ တနေ့မှာ ဖန်ဆင်းရှင်ကြီးဟာ နွားတကောင်ကို ဖန်ဆင်းလိုက် သတဲ့။ ပြီးတော့ နွားကို ပြောတယ်။ "မင်းလယ်ထဲမှာ တနေကုန် လယ်သမားတွေ အတွက် လယ်ထွန် ပေးရမယ်။ မြက်ပဲ စားရမယ်။ မင်းကို သက်တမ်း နှစ် ၅ဝ ပေးမယ်"

နွားက ကန့်ကွက်တယ်။ "ကျွန်တော် အဲဒီလောက် ပင်ပင်ပန်းပန်း လုပ်ရပြီးမှ မြက်ပဲ စားရမယ် ဆိုတော့ သက်တမ်း နှစ်၂၀ ပဲ ယူမယ်။ ပိုတာ ပြန်သိမ်းထား လိုက်ပါ" ဖန်ဆင်းရှင်က သဘောတူ လိုက်တယ်။

နောက်တရက်မှာ မျောက်တကောင် ဖန်ဆင်းပြန် သတဲ့။ ပြီးတော့ ပြောတယ်။ "မင်းက လူတွေကို ပျော်တော် ဆက်ရမယ်၊ သူတို့ ရယ်မောအောင် မင်း လုပ်ပေးရမယ်။ ကျွမ်းထိုးပြ ရမယ်၊ ငှက်ပျောသီး စားရမယ်၊ သက်တမ်း နှစ်၂၀ ပေးမယ်"

မျောက်က ကန့်ကွက် ပြန်တယ်။ "ပျော်တော် ဆက်ရမယ်၊ ကျွမ်းလည်း ထိုးပြရမယ်၊ ငှက်ပျောသီးပဲ စားရမယ် ဆိုတော့ ပင်ပန်းလွန်းတယ်။ သက်တမ်း ၁ဝ နှစ် ဆိုရပါပြီ" ဖန်ဆင်းရှင်က သဘောတူလိုက် ပြန်တယ်။

တတိယရက်မှာ ခွေးတယောက် ဖန်ဆင်းပြန် သတဲ့။ ပြီးတော့ ပြောတယ်။ "အိမ်ပေါက်ဝမှာ ဟောင်ပေးရမယ်၊ အိမ်ရှင်တွေ ပိုတဲ့ စားကြွင်း စားကျန်တွေ စားရမယ်။ မင်းကို ၂၅ နှစ် သက်တမ်း ပေးမယ်"

ခွေးက ကန့်ကွက်သတဲ့။ "တနေကုန် အိမ်ရှေ့ပေါက်မှာ ထိုင်ဟောင် ပေးရမယ် ဟုတ်လား။ ၁၅ နှစ်ဆို လောက်ပါပြီဗျာ၊ ပိုတာပြန်သိမ်းထား လိုက်ပါ" ဖန်ဆင်းရှင်က သဘောတူလိုက် ပြန်တယ်။

စတုတ္ထရက်မှာ လူတယောက်ကို ဖန်ဆင်းလိုက် သတဲ့။ ပြီးတော့ ပြောတယ်။ "မင်း တနေကုန် ဘာအလုပ်မှ လုပ်စရာ မလိုဘဲ၊ အိပ်လိုက် စားလိုက်၊ ပျော်လိုက် ပါးလိုက်နဲ့ ဘဝကို အရသာ ခံနေရုံပဲ။ မင်းကို သက်တမ်း နှစ် ၂ဝ ပေးမယ်"

လူက ကန့်ကွက်တယ်။ "ဒီလောက် ကောင်းတဲ့ဘဝကို နှစ် ၂ဝ တိုလွန်း ပါတယ်" ဖန်ဆင်းရှင် နှုတ်ဆိတ်နေတယ်။ လူက ဖန်ဆင်းရှင်ကို ပြောတယ်။

"ဒီလိုလုပ်ပါ လား၊ နွားက အနှစ် ၃ဝ ပြန်ပေးသွားတယ်၊ မျောက်က ၁ဝနှစ်၊ ခွေးက ၁ဝနှစ် ပြန်ပေးသွားတယ်။ အဲနှစ်တွေ အကုန်လုံး ကျွန်တော့ကို ပေးလိုက်ပါလား။ အဲဒါဆို ကျွန်တော် နှစ် ၇၀ လောက် နေလို့ ရသွားပြီ"

ဖန်ဆင်းရှင်က သဘောတူ လိုက်တယ်။ အဲဒါတွေဟာ ဘာကြောင့် ကျွန်တော်တို့ ဘဝအစနဲ့ နှစ် ၂ဝ မှာ စားလိုက်သောက်လိုက်၊ ပျော်လိုက် ပါးလိုက်နဲ့ နေရပြီး၊ နောက် နှစ် ၃ဝ လုံးလုံး နွားလို ရုန်းကန်ပြီး မိသားစုကို လုပ်ကျွေး။

နောက် ၁ဝ မှာ ပင်စင် ယူသွား ပြီးနောက် နောက်လိုက် မြေးမြစ်တွေကို ရယ်မောအောင် မျောက်လို ပျော်တော်ဆက် ထိန်းကျောင်းရ။ နောက်ထပ် ၁ဝ နှစ်မှာ တနေကုန် အိမ်မှာပဲ နေပြီး ခွေးလို အိမ်စောင့်နေရလဲ ဆိုတဲ့ မေးခွန်းတွေရဲ့ အဖြေပါပဲ။ Crd phoo

Post a Comment

0 Comments