အပင်မှာ ကပ်နေတတ်တဲ့မှက်တွေကို အလွယ်တကူဖယ်ရှားနည်း

တစ်ခါတရံ အိမ်တွင်းစိုက်အပင်တွေမှာလည်း မှက်တွေ ရှိနေတတ်ပါတယ်။ မှက်တွေက လူသားတွေအတွက် အန္တရာယ်မဖြစ်ပေမယ့် အပင်အတွက်တော့ အန္တရာယ်ရှိပါတယ်။

အဲဒါကြောင့် အိမ်တွင်းစိုက်အပင်လေးတွေမှာ မှက်တွေ မပွားလာအောင် ပြုလုပ်နိုင်မယ့်နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

အပင်မှာ မှက်တွေ ဖြစ်လာရတဲ့အကြောင်းအရင်းများ

- အပင်က အခန်းထဲမှာ ပိတ်လှောင်နေပြီး နေရောင်ခြည်ကောင်းကောင်းမရရင်၊ မြေကြီးကလည်း အချိန်ကြာကြာအစိုဓာတ်ရှိနေရင် မှက်တွေ ဖြစ်လာနိုင်ပါတယ်။ မြေကြီးရဲ့စိုထိုင်းမှုက မှက်တွေ ပေါက်ဖွားဖို့ အကောင်းဆုံးဖြစ်နေတတ်ပါတယ်။ အဲဒါကြောင့် ရေကို အများကြီး မလောင်းသင့်ပါဘူး။

- အပင်က အခုမှဝယ်လာကာစအချိန်မှာ မှက်တွေကို တွေ့နေရရင်တော့ မြေကြီးမှာ ပိုးပါလာတာပါ။ မှက်က အိမ်က အခြားပန်းပင်တွေကိုပါ ကူးနိုင်ပါတယ်။

- အပင်စိုက်ဖို့ ယူလာတဲ့မြေကြီးမှာလည်း မှက်တွေပါလာတတ်ပါတယ်။

အပင်မှာ ကပ်နေတဲ့မှက်တွေကို ဘယ်လိုတိုက်ထုတ်မလဲ။

မှက်တွေကို တွေ့တာနဲ့ အချိန်မဆွဲဘဲ ဖယ်ရှားတာက အကောင်းဆုံးပါ။

- အပင်ကို ကြာကြာနေမှတစ်ခါ ရေလောင်းပါ။ ဒါပေမယ့် အပင်ကို လုံးဝခြောက်သွေ့စေဖို့မဟုတ်ပါဘူး။ မြေကြီးမှာ အစိုဓာတ်နည်းရင် မှက်တွေလည်း မပေါက်ဖွားတော့ပါဘူး။

- မြေကြီးရဲ့အပေါ်ယံအလွှာကို ဖယ်ရှားလိုက်ပါ။ ၁ လက်မခွဲကနေ ၂ လက်မအနက်ထိ မြေကြီးတွေကို ဖယ်ရှားပြီး မြေကြီးအသစ်ထပ်ထည့်ပါ။

- စိုက်ပျိုးရေးဆိုင်တွေမှာ ပိုးမွှားတွေကို ဖယ်ရှားထားတဲ့ မြေကြီးတွေကိုလည်း ဝယ်ယူပြီး ထည့်လို့ရပါတယ်။ သဲ၊ ကျောက်စရစ်ခဲ၊ မြေကြီးတို့ကို ရောပြီး ထည့်တဲ့အခါ မှက်အကောင်ပေါက်တွေ ပေါက်ဖွားဖို့ ခက်ခဲသွားပါတယ်။

- အပင်အနီးတစ်ဝိုက်မှာ ထောင်ချောက်လုပ်ထားရင်လည်း မှက်တွေ မလာနိုင်တော့ပါဘူး။

- ထောင်ချောက်လုပ်ဖို့အတွက် ပန်းသီးရှာလကာရည်လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ အဝတ်လျှော်ဆပ်ပြာရည် ၃ စက်ခန့်ကို ရောပြီး ခွက်တစ်ခွက်ထဲမှာ ရောမွှေပါ။ အဲဒီနောက် အသီးမှည့်အနည်းငယ်ကို ထည့်ပါ။

ပြီးတော့ စက္ကူတစ်ရွက်ကို ကတောာ့ပုံစံလုပ်ပြီး ခွက်ရဲ့အပေါ်မှာ ထားလိုက်ပါ။ အဲဒီအခါ မှက်တွေက အပင်ဆီကို မရောက်တော့ဘဲ ခွက်ထဲကိုပဲ ရောက်သွားတော့မှာပါ။

Zombie (lovemedia)

Post a Comment

0 Comments