မပြောင်းလဲနိုင်သော ဗီဇ

တခါတုန်းက ကြောင်မလေး တကောင်ဟာ ချောမောလှပတဲ့ လူရွယ် တယောက်ကို ချစ်မိသွားလို့ အက်ဖရိုဒိုက် နတ်သမီး ဆီမှာ သူ့ကို မိန်းကလေး အဖြစ် ပြောင်းလဲပေးဖို့ ဆုတောင်းလိုက် ပါတယ်။

နတ်သမီးက သူ့ရဲ့ အချစ်နာ ကျနေပုံကို သနားတာကြောင့် ချောမော လှပတဲ့ မိန်းကလေး အဖြစ် ဖန်ဆင်း ပြောင်းလဲပေး လိုက်တယ်။

လူရွယ်ဟာ မိန်းကလေးကို မြင်တဲ့အခါ ချစ်ကြိုက်သွားပြီး လက်ထပ်လိုက် ပါတယ်။ သျှောင်နောက် ဆံထုံးပါ ဆိုသလို ကြောင်မလေးဟာ လူရွယ်ရဲ့ အိမ်မှာ လိုက်နေရတယ်။

တရက်မှာတော့ အိမ်မှာ သူတို့ နားနေခိုက် အက်ဖရိုဒိုက် နတ်သမီးဟာ လူမိန်းကလေး အဖြစ် ပြောင်းလဲထားတဲ့ ကြောင်မလေးကို လူလို အသိညဏ် ရှိမှ ရှိပါလေစ လို့ စူးစမ်းချင် လာတယ်။

အဲဒါနဲ့ ကြွက်တကောင်ကို မိန်းကလေးရဲ့ ရှေ့မှာ လွှတ်လိုက်သတဲ့။ အဲဒီအချိန်မှာ ကြောင်မလေးဟာ လူနဲ့ ညားနေပြီ ဆိုတာကို ရုတ်တရက် မေ့ပျောက်သွားတယ်။

သူမဟာ အိပ်ယာက ချက်ချင်း ထပြီး ကြွက်ကို လိုက်ဖမ်း နေပါတော့တယ်။ ကြွက်ကို တွေ့ပြန်တော့ စားချင်တာကိုး။ ဒါကြောင့် အက်ဖရိုဒိုက် နတ်သမီးက စိတ်ဆိုးပြီး သူမကို နဂို ကြောင်ဘဝကို ပြန်ဖြစ်စေလိုက် ပါတော့တယ်။

မကောင်းတဲ့ လူတယောက်ဟာ အပြင်ပန်း ဟန်ပန်တွေကို ဘယ်လိုပဲ ပြောင်းလဲနေပါစေ သူ့ရဲ့ အမူအကျင့် ကတော့ ကျန်ရှိနေဦးမှာပဲ ဖြစ်ပါတယ်။ PhooMyatChal

Zawgyi

မေျပာင္းလဲႏိုင္ေသာ ဗီဇ

တခါတုန္းက ေၾကာင္မေလး တေကာင္ဟာ ေခ်ာေမာလွပတဲ့ လူ႐ြယ္ တေယာက္ကို ခ်စ္မိသြားလို႔ အက္ဖ႐ိုဒိုက္ နတ္သမီး ဆီမွာ သူ႔ကို မိန္းကေလး အျဖစ္ ေျပာင္းလဲေပးဖို႔ ဆုေတာင္းလိုက္ ပါတယ္။

နတ္သမီးက သူ႔ရဲ႕ အခ်စ္နာ က်ေနပုံကို သနားတာေၾကာင့္ ေခ်ာေမာ လွပတဲ့ မိန္းကေလး အျဖစ္ ဖန္ဆင္း ေျပာင္းလဲေပး လိုက္တယ္။

လူ႐ြယ္ဟာ မိန္းကေလးကို ျမင္တဲ့အခါ ခ်စ္ႀကိဳက္သြားၿပီး လက္ထပ္လိုက္ ပါတယ္။ ေသွ်ာင္ေနာက္ ဆံထုံးပါ ဆိုသလို ေၾကာင္မေလးဟာ လူ႐ြယ္ရဲ႕ အိမ္မွာ လိုက္ေနရတယ္။

တရက္မွာေတာ့ အိမ္မွာ သူတို႔ နားေနခိုက္ အက္ဖ႐ိုဒိုက္ နတ္သမီးဟာ လူမိန္းကေလး အျဖစ္ ေျပာင္းလဲထားတဲ့ ေၾကာင္မေလးကို လူလို အသိညဏ္ ရွိမွ ရွိပါေလစ လို႔ စူးစမ္းခ်င္ လာတယ္။

အဲဒါနဲ႔ ႂကြက္တေကာင္ကို မိန္းကေလးရဲ႕ ေရွ႕မွာ လႊတ္လိုက္သတဲ့။ အဲဒီအခ်ိန္မွာ ေၾကာင္မေလးဟာ လူနဲ႔ ညားေနၿပီ ဆိုတာကို ႐ုတ္တရက္ ေမ့ေပ်ာက္သြားတယ္။

သူမဟာ အိပ္ယာက ခ်က္ခ်င္း ထၿပီး ႂကြက္ကို လိုက္ဖမ္း ေနပါေတာ့တယ္။ ႂကြက္ကို ေတြ႕ျပန္ေတာ့ စားခ်င္တာကိုး။ ဒါေၾကာင့္ အက္ဖ႐ိုဒိုက္ နတ္သမီးက စိတ္ဆိုးၿပီး သူမကို နဂို ေၾကာင္ဘဝကို ျပန္ျဖစ္ေစလိုက္ ပါေတာ့တယ္။

မေကာင္းတဲ့ လူတေယာက္ဟာ အျပင္ပန္း ဟန္ပန္ေတြကို ဘယ္လိုပဲ ေျပာင္းလဲေနပါေစ သူ႔ရဲ႕ အမူအက်င့္ ကေတာ့ က်န္ရွိေနဦးမွာပဲ ျဖစ္ပါတယ္။ PhooMyatChal

Post a Comment

0 Comments