မုန်တိုင်းပြီးရင် လေပြေလာမယ်

သူငယ်ချင်း ဘယ်သူ့ကိုမှ အပြစ်လို့ မတင်ပါနဲ့။ မင်း လဲကျတာ မင်းနဲ့ပဲ ဆိုင်ပါတယ်။ မင်း ပြန်မထ တာလည်း မင်းနဲ့ပဲ ဆိုင်တယ်။ မင်းကို ဆွဲထူပေးဖို့ ဘယ်သူ့မှာမှ တာဝန် ရှိမနေ ပါဘူး။

တခါတလေ မလိုချင်တာတွေ မင်းဆီ ရောက်လာတတ် သလို မင်းလိုချင်တဲ့ အရာတွေ ကလည်း မင်းနဲ့ အဝေးဆုံးကို ရောက်နေတတ်တယ်။

တခါတလေ "ဝမ်းနည်းစရာတွေက ငါ့ဆီကိုပဲ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်လာ တတ်သလား" လို့ မင်းထင်ကောင်း ထင်နေ ပါလိမ့်မယ်။ ဘယ်သူ့ကိုမှ အပြစ် မတင်ပါနဲ့ ဒါဟာ လောကဓံရဲ့ ပုံမှန် ပြကွက်တွေ ပါပဲ။

အရှုပ်ထဲမှာ ရှင်းအောင်နေ၊ အမှောင်ထဲမှာ လင်းအောင် နေတတ်ဖို့က မင်းရဲ့ တာဝန် ပါပဲ။ စိတ်မညစ် ပါနဲ့။ သိပ်ချစ်တဲ့ လူတွေနဲ့ဝေးနေရတာ မင်းတယောက်တည်းမှ မဟုတ်တာပဲ။

လောကမှာ မင်း မလုပ်နိုင်ဘူး လို့ ထင်တဲ့ အရာတွေက မင်းရဲ့ ကြောက်ရွံ့စိတ်ကြောင့် ဖြစ်နေရတာပါ။

မင်းကို ပါရမီ လိုက်ဖြည့်ပေးနေဖို့ ဘယ်သူ့မှာမှ တာဝန် ရှိမနေပါဘူး။ မင်းတယောက်တည်း ပြန်ထနိုင်အောင်ပဲ ကြိုးစားလိုက်ပါ။ ပြန်ပြီး အားယူလို့ ထရပ်ကြည့် ကြမယ်လေ။

ဘဝထဲမှာ မျက်ရည် ကျခဲ့ဖူးတဲ့ မျက်လုံးက ပိုပြီး ကြည်လင်တတ် ပါတယ်။ နာကျင်ခဲ့ ဖူးတဲ့ နှလုံးသာက ပိုပြီး ခိုင်မာလာ တတ်ပါတယ်။ ကျရှုံးခဲ့ဖူးတဲ့ အတိတ်က အနာဂတ် ကောင်းကို ပိုမို ရရှိ စေပါတယ်။

မုန်တိုင်းပြီးအောင် စောင့်နေတာက ဘဝ မဟုတ်ပဲ၊ မုန်တိုင်းထဲမှာ ဘယ်လို ရှင်သန် နေထိုင်ရမယ် ဆိုတာကို သင်ယူနေတယ် ဆိုတာက ဘဝပါ။

လေပြင်လေညှင်းထဲမှာ အသက်ရှူနိုင်မှ အသက်ရှင်သန်တာ မဟုတ်ပဲ မုန်တိုင်းထဲမှာ အသက်ရှင်သန်အောင် အသက်ရှူ နိုင်တာမှ ဘဝပါ။

မုန်တိုင်းပြီးရင်တော့ လေပြေလေညှင်း ဆိုတာ ရောက်လာမှာပါ။ Crd

Post a Comment

0 Comments