မိုက်ခရိုဝေ့မီးဖိုနဲ့ မချက်သင့်၊ မနွှေးသင့်တဲ့အစားအစာ (၉) မျိုး

ဟင်းချက်တဲ့အခါ၊ အစားအစာတွေကို နွှေးတဲ့အခါ မိုက်ခရိုဝေ့မီးဖို မြန်ဆန်စေတာကြောင့် အရမ်းကို အသုံးတည့်ပါတယ်။ ဒါပေမယ့် အစားအစာတိုင်းကို မိုက်ခရိုဝေ့မီးဖိုနဲ့ ချက်လို့၊ နွှေးလို့မရနိုင်ပါဘူး။

အဲဒါကြောင့် ဘယ်လိုအစားအစာတွေကို မိုက်ခရိုဝေ့နဲ့ မချက်သင့်၊ မနွှေးသင့်လဲဆိုတာ love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းကို မိုက်ခရိုဝေ့နဲ့အကြာကြီးချက်ထားလိုက်ရင် ပန်းဂေါ်ဖီစိမ်းမှာ ပါဝင်တဲ့ flavonoids တွေက ၉၇ ရာခိုင်နှုန့်ခန့် လျော့ပါးသွားပါတယ်။ တစ်မိနစ်ခန့် နွှေးမယ်ဆိုရင်တော့ အာဟာရဓာတ်တွေအများကြီး မလျော့ပါးသွားပါဘူး။

၂။ မိခင်နို့

မိခင်နို့ကို မိုက်ခရိုဝေ့နဲ့ စက္ကန့် ၃၀ခန့် နွှေးလိုက်မယ်ဆိုရင်တောင် ဘက်တီးရီးယားတွေ အဆမတန်ပေါက်ဖွားလာတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ အပူချိန်နည်းနည်းနဲ့ အပူပေးရင်တောင် အန္တရာယ်ရှိတဲ့ဘက်တီးရီးယားတွေက တိုးပွားလာပါတယ်။

၃။ ထမင်း

ထမင်းကို အခန်းအပူချိန်မှာ အကြာကြီးထားတာ သို့မဟုတ် ရေခဲသေတ္တာထဲမှာ တစ်ရက်ထားပိုထားတာက ဘက်တီးရီးယားတွေ အဆပေါင်းများစွာ တိုးလာစေပါတယ်။ ထမင်းကို အပူပေးမယ်ဆိုရင် အပူချိန် ၁၆၅ ဒီဂရီဖာရင်ဟိုက်နဲ့ အထက်မှာပဲ အပူပေးသင့်ပါတယ်။ ထမင်းကို တစ်ကြိမ်ထက်ပိုပြီးတော့လည်း မနွှေးသင့်ပါဘူး။

၄။ ငရုတ်သီး

ငရုတ်သီးကို မိုက်ခရိုဝေ့ထဲ ထည့်ပြီး အပူပေးလို့မရပါဘူး။ အပူပေးလိုက်တဲ့အခါမှာ လည်ချောင်းနဲ့ မျက်လုံးအတွက် အန္တရာယ်ဖြစ်စေပါတယ်။

၅။ ကြက်ဥ

ကြက်ဥအစိမ်းမှာ salmonella ပါဝင်တာကြောင့် လူသားတွေရဲ့ကျန်းမာရေးကို ထိခိုက်စေပါတယ်။ အဲဒါကြောင့် ကြက်ဥကို သေချာကျက်အောင် ချက်ပြီးမှသာ စားသင့်ပါတယ်။ ကြက်ဥကို မိုက်ခရိုဝေ့ထဲမှာ အချိန်အကြာကြီးထည့်ပြီး ချက်ထားလိုက်ရင် ပေါက်ကွဲနိုင်ပါတယ်။

၆။ မှို

ချက်ထားတဲ့မှိုက ခပ်မြန်မြန်သိုးလွယ်ပါတယ်။ အဲဒါကြောင့် မှိုကို ချက်ပြီးရင် ချက်ချင်းစားသင့်ပြီး ပြန်လည်း မနွှေးသင့်ပါဘူး။ မှိုကို ပြန်နွေးဖို့လိုအပ်တယ်ဆိုရင် အပူချိန် ၁၅၈ ဒီဂရီဖာရင်ဟိုက်နဲ့ နွှေးသင့်ပါတယ်။

၇။ စွပ်ပြုတ်

စွပ်ပြုတ်အပျစ်တွေကို မိုက်ခရိုဝေ့ထဲမှာ အကြာကြီး မနွှေးထားသင့်ပါဘူး။ အကြာကြီးနွှေးထားရင်တော့ မိုက်ခရိုဝေ့ထဲမှာတင် ပေါက်ကွဲပြီး အထဲံနံရံတွေ ညစ်ပတ်သွားစေမှာပါ။ အဲဒါကြောင့် နွှေးမယ်ဆိုရင်လည်း မိနစ်အနည်းငယ်သာ နွှေးသင့်ပါတယ်။

၈။ ပါစတာဆော့စ်

ပါစတာဆော့စ်က အရမ်းပျစ်တာက မိုက်ခရိုဝေ့နဲ့ နွှေးလို့အဆင်မပြေပါဘူး။ နွှေးတဲ့အခါမှာလည်း မိုက်ခရိုဝေ့ရဲ့အထဲနံရံတွေ စင်သွားမှာပါ။

၉။ ကြက်အူချောင်း

ကြက်အူချောင်း၊ ဝက်အူချောင်းတို့လိုမျိုး အသားတွေကိုလည်း မိုက်ခရိုဝေ့ထဲမှာ အပူမပေးသင့်ပါဘူး။ ကြက်အူချောင်း၊ ဝက်အူချောင်းတွေကို အပူချိန်မြင့်မြင့်နဲ့ အပူပေးလိုက်ရင် လူတွေရဲ့ခန္ဓာကိုယ်ကို များစွာထိခိုက်စေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments