အိမ်ထောင်ပြုမလို့လား

မပြည့်စုံပဲ အိမ်ထောင် ပြုလိုက်တဲ့အခါ လောကဓံက ဒုက္ခကို လက်ဖွဲ့တယ် ဆိုတာ လူငယ်တွေ သတိထားသင့် ပါတယ်။

အိမ်ထောင် ပြုတော့မယ် ဆိုရင် အနာဂတ် အတွက် ကြိုတင် ပြင်ဆင်ခြင်းက လိုအပ်ပါတယ်။ အချစ်တခု ကိုသာ ဦးစားပေးပြီး ဘဝအတွက် ဘာပြင်ဆင်မှုမှ မရှိရင် တနေ့ သေချာပေါက် မလိုလား အပ်တဲ့ ပြဿနာတွေ ဖြစ်လာကြမှာ အမှန်ပါပဲ။

အိမ်ထောင်ပြုပြီ ဆိုတာနဲ့ သားသမီး ဆိုတာလဲ မရှိမဖြစ် လိုအပ်လာမှာပဲ။ သားသမီး ရလာခဲ့ရင် ငွေကြေး ဆိုတာ ဘဝမှာ လိုအပ်တာထက်ကို ပိုလိုအပ်လာ ပါပြီ။

ငွေမရှိတဲ့ အခါ တယောက်ကို တယောက် အရင်က ချစ်တဲ့ အချစ်တွေ ကလည်း အမုန်းအဖြစ် ပြောင်းလဲဖို့ လွယ်ကူ လာမှာပဲ။ သံယောဇဉ်တွေ ဆိုတာကလည်း အရေးမပါတဲ့ အရာတခုလို့ သတ်မှတ်ချက် ထားကောင်း ထားမယ်။

ရန်ပွဲတွေ ကြားက သားသမီးက မြေစာပင် အဖြစ်နဲ့ ရှင်သန် လာရမှာကို မိတ်ဆွေ လိုချင်ပါ သလား။ ရေဆာတဲ့ အချိန် ရေတခွက်က မိတ်ဆွေ အတွက် အရမ်း လိုအပ် ပါလိမ့်မယ်။

ထို့အတူ သားသမီး ရလာခဲ့ရင် မိခင်ရဲ့ နွေးထွေးခြင်းနဲ့ ဖခင်ရဲ့ ဂရုစိုက်ခြင်း ကိုလည်း သားသမီးတိုင်းက အရမ်း လိုအပ်ကြတယ်။ (ဒါပေမဲ့ တချို့ တွေ မပေးနိုင်ကြ ပါဘူး)

ကလေး နို့ဆာချိန် နို့မတိုက်နိုင်ပဲ ငွေနောက် တကောက်ကောက် လိုက်နေရတဲ့ မိခင်တွေလည်း အများကြီးပါပဲ။ ကလေး အိပ်ချိန် တေးသီချင်းတွေ မဆိုပြနိုင်ပဲ ငွေနောက် တကောက်ကောက် လိုက်နေရတဲ့ ဖခင်တွေလည်း အများကြီးပါပဲ။

အလုပ်တွေ အဆင်မပြေတဲ့ အခါ ပြဿနာတွေက တက်ရအုံးမှာပဲ။ ရန်တွေလည်း မကြာ ခဏဆိုသလို ဖြစ်ရအုံးမှာပဲ။ ဒါဆိုရင် ဘယ်မှာလဲ အရင်က မိတ်ဆွေတို့ သိပ်ချစ်တဲ့ တီတီတာတာ စကားလေးတွေ။

ဒါဆို ဘယ်မလဲ အရင်က မိတ်ဆွေတို့ စိတ်ကူးထားတဲ့ ချစ်စရာ မိသားစုလေး။ ဒါဆို ဘယ်မလဲ အရင်က မိတ်ဆွေတို့ မျှော်လင့်ထားတဲ့ ပျော်ရွှင်ခြင်းတွေ ပြည့်နှက်နေတဲ့ အိမ်ကလေး။

ဘဝ ဆိုတာ ပုံသေကားချက် မရှိပေမဲ့ တချို့ အရာတွေ အတွက်တော့ ကြိုတင် ပြင်ဆင်ခြင်းက အရမ်းကို လိုအပ်ပါတယ်။ Crd

Post a Comment

0 Comments