အထုပ်ကြီး ထမ်းထားသူ

တခါတုန်းက လူတယောက်ဟာ ကြီးမားပြီး လေးလံတဲ့ အထုပ်ကြီး တထုပ်ကို ကျောပေါ်မှာ ထမ်းပိုးရင်း လမ်းပေါ်မှာ လျှောက်သွားနေ ပါတယ်။ သူဟာ အထုပ်ကြီးကို ပင်ပန်းကြီးစွာ သယ်ပိုးနေရလို့ ပင်ပန်း နွမ်းနယ် နေတာပေါ့။

အထုပ်ကြီးထဲ ကလည်း အလွန် နံစော်တဲ့ အပုပ်နံ့ တထောင်းထောင်း ထွက်နေပါတယ်။ လမ်းမှာတွေ့တဲ့ လူတယောက်က သူ့ကို အခုလို ပြောလိုက် ပါတယ်။

"မိတ်ဆွေ၊ ခင်ဗျား အထုပ်ကြီးဟာ ပုပ်စော် နံနေပါပြီ။ ဘာဖြစ်လို့ အဲဒါကြီးကို အလေးခံ သယ်နေရတာလဲ။ အမှိုက်ပုံ တခုမှာ စွန့်ပစ်လိုက် ပါလား။ ဒါမှ ခင်ဗျား စိတ်ရော လူပါ ပေါ့ပါးသွားမှာပေါ့"

ဒီအခါမှာ အထုပ် သယ်သူက အခုလို ပြန်ပြောပါတယ်။ "ဘာကွ ဒီအထုတ်ကြီးကို ပစ်လိုက်ရမယ် ဟုတ်လား။ မပစ်နိုင် ပါဘူးကွာ။ ဒီအထုတ်ကြီး မရှိရင် ငါ မနေတတ်ဘူး။ ဒါကြောင့် ငါ သယ်နေတာ ကြာလှပြီ။ နောက်လည်း ဆက်သယ်နေ အုံးမှာပဲ"

မိတ်ဆွေတို့ရော။ သူ ထမ်းပိုး သယ်နေတဲ့ အထုတ်ကြီးထဲမှာ ဘာတွေ ပါတယ်လို့ ထင်ကြပါ သလဲ။ မသိရင် ပြောပြပါမယ်။

သူထမ်းထားတဲ့ အထုပ်ကြီး ထဲမှာ ပါတာတွေက သူ့ဘဝ တသက်တာမှာ ထားရှိခဲ့တဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန၊ မနာလို ဝန်တိုမှု၊ မုန်းတီးခြင်း၊ ကဲ့ရဲ့ခြင်း၊ အတင်းပြောခြင်း စတာတွေပါ။

မိတ်ဆွေ တို့လည်း သူ့လို အထုပ်ကြီး ထမ်းနေမိသလား ဆိုတာ သုံးသပ်ကြည့် ကြပါနော်။ သူ့လို အထုပ်ကြီး လေးလေးလံလံ ကို မသယ်ထားပဲ ဘဝခရီးကို ပေါ့ပါးစွာ ခရီးဆက်နိုင် ကြပါစေနော်။ phoo

Zawgyi

အထုပ္ႀကီး ထမ္းထားသူ

တခါတုန္းက လူတေယာက္ဟာ ႀကီးမားၿပီး ေလးလံတဲ့ အထုပ္ႀကီး တထုပ္ကို ေက်ာေပၚမွာ ထမ္းပိုးရင္း လမ္းေပၚမွာ ေလွ်ာက္သြားေန ပါတယ္။ သူဟာ အထုပ္ႀကီးကို ပင္ပန္းႀကီးစြာ သယ္ပိုးေနရလို႔ ပင္ပန္း ႏြမ္းနယ္ ေနတာေပါ့။

အထုပ္ႀကီးထဲ ကလည္း အလြန္ နံေစာ္တဲ့ အပုပ္နံ႔ တေထာင္းေထာင္း ထြက္ေနပါတယ္။ လမ္းမွာေတြ႕တဲ့ လူတေယာက္က သူ႔ကို အခုလို ေျပာလိုက္ ပါတယ္။

"မိတ္ေဆြ၊ ခင္ဗ်ား အထုပ္ႀကီးဟာ ပုပ္ေစာ္ နံေနပါၿပီ။ ဘာျဖစ္လို႔ အဲဒါႀကီးကို အေလးခံ သယ္ေနရတာလဲ။ အမႈိက္ပုံ တခုမွာ စြန႔္ပစ္လိုက္ ပါလား။ ဒါမွ ခင္ဗ်ား စိတ္ေရာ လူပါ ေပါ့ပါးသြားမွာေပါ့"

ဒီအခါမွာ အထုပ္ သယ္သူက အခုလို ျပန္ေျပာပါတယ္။ "ဘာကြ ဒီအထုတ္ႀကီးကို ပစ္လိုက္ရမယ္ ဟုတ္လား။ မပစ္ႏိုင္ ပါဘူးကြာ။ ဒီအထုတ္ႀကီး မရွိရင္ ငါ မေနတတ္ဘူး။ ဒါေၾကာင့္ ငါ သယ္ေနတာ ၾကာလွၿပီ။ ေနာက္လည္း ဆက္သယ္ေန အုံးမွာပဲ"

မိတ္ေဆြတို႔ေရာ။ သူ ထမ္းပိုး သယ္ေနတဲ့ အထုတ္ႀကီးထဲမွာ ဘာေတြ ပါတယ္လို႔ ထင္ၾကပါ သလဲ။ မသိရင္ ေျပာျပပါမယ္။ သူထမ္းထားတဲ့ အထုပ္ႀကီး ထဲမွာ ပါတာေတြက သူ႔ဘဝ တသက္တာမွာ ထားရွိခဲ့တဲ့ ေလာဘ၊ ေဒါသ၊ ေမာဟ၊ မာန္မာန၊ မနာလို ဝန္တိုမႈ၊ မုန္းတီးျခင္း၊ ကဲ့ရဲ႕ျခင္း၊ အတင္းေျပာျခင္း စတာေတြပါ။

မိတ္ေဆြ တို႔လည္း သူ႔လို အထုပ္ႀကီး ထမ္းေနမိသလား ဆိုတာ သုံးသပ္ၾကည့္ ၾကပါေနာ္။ သူ႔လို အထုပ္ႀကီး ေလးေလးလံလံ ကို မသယ္ထားပဲ ဘဝခရီးကို ေပါ့ပါးစြာ ခရီးဆက္ႏိုင္ ၾကပါေစေနာ္။ phoo

Post a Comment

0 Comments