ပိုက်ဆံရှာတဲ့အခါ သိထားပါ

(၁) ပိုက်ဆံ ရှာရာတွင်

ဘယ်တော့မှ ဝင်ငွေ တခုတည်း အပေါ်မှာ မရပ်တည်ပါနဲ့။ အခြား ဒုတိယဝင်ငွေ ဝင်နိုင်အောင် ရင်းနှီးထားပါ။ လူတယောက်ဟာ ဝင်ငွေ တခုထဲကို ခြေစုံပစ် ရပ်တည် မနေသင့်ပါဘူး။

အဲ့ဒီ ဝင်ငွေ ရပ်တန့်သွားတဲ့ တနေ့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ရတတ် ပါတယ်။ ဘဝမှာလည်း အားလုံး ဗြောင်းဆန် သွားတတ် ပါတယ်။ ဒါ့ကြောင့် ဒုတိယဝင်ငွေ ရနိုင်မယ့် နည်းလမ်းကို အမြဲ ရှာထားပါ။

(၂) ပိုက်ဆံ သုံးရာတွင်

သင့်မှာ မလိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ပါများရင် သင့်ရဲ့ လိုအပ်တဲ့ ပစ္စည်းတွေ စွန့်လွှတ်ရ တတ်တယ်။ တချို့တွေက လူသာ မချမ်းသာတာပါ ကိုင်တဲ့အသုံး အဆောင်တွေ ကတော့ အပျံစားတွေချည်း ပါပဲ။

ရေရှည်ကို မကြည့်ပဲ ရေတိုပဲ ကြည့်တတ်တဲ့သူမျိုးတွေပါ။ သူများ လုပ်တာ လိုက်လုပ် ချင်တယ်။ ဒါပေမယ့် သူများလို သူ မချမ်းသာသေးဘူး ဆိုတာကို မေ့နေတတ် ကြပါတယ်။

ကိုယ်က မချမ်းသာသေး ချိန်မှာ ချမ်းသာတဲ့ သူတွေနဲ့ အိုင်ဖုန်း ပြိုင်ကိုင်တန်း သွားမကစား ပါနဲ့။ သင်ပဲ ရှုံးသွား ပါလိမ့်မယ်။ မလိုတာတွေ ဝယ်နေတဲ့ အတွက် လိုတဲ့ အခါ သုံးစရာမရှိ ဖြစ်တတ်ပါတယ်။

(၃) ပိုက်ဆံ စုရာတွင်

သုံးပြီးလို့ ပိုတာကို မစုပါနဲ့။ စုပြီးလို့ ပိုတာကို သုံးပါ။ သုံးပြီးလို့ ပိုမှ စုမယ် ဆိုရင်တော့ ဒီတသက် သင်စုဖြစ် ဖို့ မလွယ်လောက်ပါဘူး။ ပိုက်ဆံ ဝင်လာရင် အရင်ဆုံး သင်စဉ်းစားရ မှာက ဘယ်လောက် စုမလဲ ဆိုတာပါပဲ။ ပြီးမှ ပိုတာကို သုံးပါ။

စု ဆိုတာကလည်း တသက်လုံး စုဘူးထဲမှာ အဲဒီ ပိုက်ဆံကို ထားဖို့ပြောတာ မဟုတ်ပါ ဘူး။ သင့်ဘဝ အတွက် လိုအပ်တဲ့ နေရာမှာ အသုံးချ ဖို့ပါ။ သင့်ရဲ့ တန်ဖိုးမြင့်ဖို့ သင့်အရည်အချင်း တွေကို မြှင့်တင်ရပါမယ်။

အဲဒီလို လုပ်ဖို့ သင်တန်းတွေ တက်ရ ပါမယ်။ စာအုပ်တွေ ဖတ်ရပါမယ်။ အဲဒီအတွက် သင့်မှာ ပိုက်ဆံ လိုပါတယ်။ အဲဒီ စုငွေတွေကို သုံးနိုင်ပါတယ်။

(၄) စွန့်စားရာတွင်

ရေအတိမ်အနက်ကို ခြေ ၂ ချောင်းလုံး ချပြီး မစမ်းပါနဲ့။ မစွန့်စားနဲ့ လို့ ပြောတ မဟုတ်ပါဘူး။ မစွန့်စားပဲ နဲ့လည်း မအောင်မြင်နိုင်ပါဘူး။ ဒါပေမယ့် စွန့်စားရာ မှာတော့ ပါးနပ်ဖို့ လိုပါတယ်။ အန္တာရယ် ရှိတဲ့ ကိစ္စမျိုးကို ရှိသမျှ ပိုက်ဆံတွေ ပုံအောလိုက်တာမျိုး မလုပ်ပါနဲ့။

(၅) ရင်းနီးရာတွင်

ကြက်ဥတွေ အားလုံးကို ဘယ်တော့မှ ခြင်းတခုထဲ စုပြုံ မထည့်ထား ပါနဲ့။ အရင်းအနှီး လုပ်ပြီ ဆိုရင်လည်း ရှိသမျှ ပိုက်ဆံတွေ အားလုံးကို တနေရာထဲ စုပြုံ မရင်းနှီးပါနဲ့။ လုပ်ငန်း ဆိုတာ မြတ်နိုင်သလို ရှုံးလည်း ရှုံးနိုင်ပါတယ်။ အားလုံးကို တနေရာတည်း စုပြုံ ရင်းနှီးထားရင် ရှုံးတဲ့ အခါ တပြားမှ မကျန် ဖြစ်သွားပါလိမ့်မယ်။

(၆) မျှော်လင့်ရာတွင်

ရိုးသားခြင်း ဆိုတာ ရှားပါး ဈေးကြီးတဲ့ လက်ဆောင်မွန် တခုပါ။ ဒါ့ကြောင့် ခပ်ပေါပေါ လူတွေဆီက မမျှော်လင့်ပါနဲ့။ သင်ရိုးသားသလို လူတိုင်း ရိုးသားမယ်လို့ ဘယ်တော့မှ အသေအချာ တွက်မထားပါနဲ့။

ရိုးသားမှု ဆိုတာ ဒီခေတ်ထဲမှာ တော်တော်ကိုရှားပါးတဲ့ အရာပါ။ ဒါ့ကြောင့် ရူးရူး မိုက်မိုက်နဲ့ ဒီတန်ဖိုးကြီး ပစ္စည်းကို လူတိုင်းဆီက မမျှော်လင့်မိ ပါစေနဲ့။ Warren Buffet

Post a Comment

0 Comments