ကြိုးပြတ်သွားသော စွန်

တခါက သားအဖနှစ်ယောက် ကွင်းပြင်ထဲမှာ စွန်လွှတ် ကြပါတယ်။ စွန်က လေထဲမှာ မြင့်မြင့် ပျံသန်းနေတော့ သားဖြစ်သူက အရမ်း ပျော်ရွှင် နေပါတယ်။

ထို့နောက်မှာတော့ ကလေးက အဖေဖြစ်သူကို "ဖေဖေ။ စွန် အမြင့်ကြီး ပြန်လို့ရအောင် ကြိုးဖြတ်ပေး လိုက်ပါလား။ ကြိုးက စွဲထားတော့ စွန်က အမြင့်ကြီး ပြန်လို့ မရဘူး ဖြစ်နေတယ်"

အဖေဖြစ်သူလည်း သားပြောသလို ကြိုးကို ဖြတ်ပေးလိုက် ပါတယ်။ ကြိုး လွတ်သွားတဲ့ စွန်က လေဟုန်နဲ့ အမြင့်ကို လွင့်ပျံသွားပါတယ်။ သားဖြစ်သူက စွန်ကို ကြည့်ပြီး ပျော်ရွှင်နေ ပါတယ်။

ဒါပေမယ့် ခဏကြာတော့ စွန်က အောက်ကို ပြုတ်ကျလာပြီး သစ်ပင်ပေါ်မှာ တင်သွားပါတယ်။ သားဖြစ်သူက "ဖေဖေ စွန်က ဘာဖြစ်လို့ အမြင့်ကို ဆက်မပြန်ပဲ အောက်ကျ လာတာလဲ။ သားတို့ ကြိုးဖြတ်ပေး လိုက်ပြီလေ" လို့ မေးပါတယ်။

အဖေက "ဒီလိုသားရဲ့။ သားရဲ့ အမြင်မှာ စွန်ကို ကြိုးက ချည်နှောင် ထားတယ်လို့ မြင်နေတာကိုး။ အမှန်မှာက ကြိုးက စွန်ကို မြင့်မြင့် ပျံသန်းနိုင်အောင် ထိန်းကျောင်း ပေးနေတာသားရဲ့။ ကြိုး မရှိတော့တဲ့ စွန်က အထိန်းအကွတ် မဲ့ပြီး အောက်ကို ပြုတ်ကျလာတာပေါ့" လို့ ပြန်ဖြေလိုက် ပါတယ်။

လူ့ဘဝမှာလည်း အတူတူပါပဲ။ တခါတလေ မိမိရဲ့ အောင်မြင်မှုကို အတားအဆီး ဖြစ်နေတယ် ဆိုပြီး ထင်ရတဲ့ အရာတွေ ရှိပါတယ်။ ဒါပေမယ့် သေချာ ပြန်သုံးသပ်ရင် ဒီအရာတွေက မိမိကို ပိုမို အောင်မြင်အောင် ထိန်းကွပ်ပေးနေတယ် ဆိုတာ မြင်တွေ့နိုင်ပါတယ်။ 12PlusMyanmar

Zawgyi

ႀကိဳးျပတ္သြားေသာ စြန္

တခါက သားအဖႏွစ္ေယာက္ ကြင္းျပင္ထဲမွာ စြန္လႊတ္ ၾကပါတယ္။ စြန္က ေလထဲမွာ ျမင့္ျမင့္ ပ်ံသန္းေနေတာ့ သားျဖစ္သူက အရမ္း ေပ်ာ္႐ႊင္ ေနပါတယ္။

ထို႔ေနာက္မွာေတာ့ ကေလးက အေဖျဖစ္သူကို "ေဖေဖ။ စြန္ အျမင့္ႀကီး ျပန္လို႔ရေအာင္ ႀကိဳးျဖတ္ေပး လိုက္ပါလား။ ႀကိဳးက စြဲထားေတာ့ စြန္က အျမင့္ႀကီး ျပန္လို႔ မရဘူး ျဖစ္ေနတယ္"

အေဖျဖစ္သူလည္း သားေျပာသလို ႀကိဳးကို ျဖတ္ေပးလိုက္ ပါတယ္။ ႀကိဳး လြတ္သြားတဲ့ စြန္က ေလဟုန္နဲ႔ အျမင့္ကို လြင့္ပ်ံသြားပါတယ္။ သားျဖစ္သူက စြန္ကို ၾကည့္ၿပီး ေပ်ာ္႐ႊင္ေန ပါတယ္။

ဒါေပမယ့္ ခဏၾကာေတာ့ စြန္က ေအာက္ကို ျပဳတ္က်လာၿပီး သစ္ပင္ေပၚမွာ တင္သြားပါတယ္။ သားျဖစ္သူက "ေဖေဖ စြန္က ဘာျဖစ္လို႔ အျမင့္ကို ဆက္မျပန္ပဲ ေအာက္က် လာတာလဲ။ သားတို႔ ႀကိဳးျဖတ္ေပး လိုက္ၿပီေလ" လို႔ ေမးပါတယ္။

အေဖက "ဒီလိုသားရဲ႕။ သားရဲ႕ အျမင္မွာ စြန္ကို ႀကိဳးက ခ်ည္ေႏွာင္ ထားတယ္လို႔ ျမင္ေနတာကိုး။ အမွန္မွာက ႀကိဳးက စြန္ကို ျမင့္ျမင့္ ပ်ံသန္းႏိုင္ေအာင္ ထိန္းေက်ာင္း ေပးေနတာသားရဲ႕။ ႀကိဳး မရွိေတာ့တဲ့ စြန္က အထိန္းအကြတ္ မဲ့ၿပီး ေအာက္ကို ျပဳတ္က်လာတာေပါ့" လို႔ ျပန္ေျဖလိုက္ ပါတယ္။

လူ႔ဘဝမွာလည္း အတူတူပါပဲ။ တခါတေလ မိမိရဲ႕ ေအာင္ျမင္မႈကို အတားအဆီး ျဖစ္ေနတယ္ ဆိုၿပီး ထင္ရတဲ့ အရာေတြ ရွိပါတယ္။ ဒါေပမယ့္ ေသခ်ာ ျပန္သုံးသပ္ရင္ ဒီအရာေတြက မိမိကို ပိုမို ေအာင္ျမင္ေအာင္ ထိန္းကြပ္ေပးေနတယ္ ဆိုတာ ျမင္ေတြ႕ႏိုင္ပါတယ္။ 12PlusMyanmar

Post a Comment

0 Comments