သင်က ဘယ်လိုသားသမီးမျိုးလဲ

အကြွေး လာဆပ်တဲ့ သားသမီးနဲ့ အကြွေး လာတောင်းတဲ့ သားသမီး ဆိုပြီး နှစ်မျိုး ရှိပါတယ်။ အကြွေး လာဆပ်တဲ့ သားသမီးကတော့ သူတတ်တဲ့ ပညာတွေနဲ့ မိဘတွေကို ပညာတတ်ရင်လည်း ပညာနဲ့ ပညာ မတတ်ရင်လည်း ခွန်အားနဲ့ လုပ်ကြွေး ပြုစုမယ့် သားသမီးမျိုးပေါ့။

အကြွေး လာတောင်းတဲ့ သားသမီးကတော့ မိဘ စိတ်ဆင်းရဲအောင် လုပ်မယ်၊ ဂျီတိုက်မယ်၊ မသေခင် အမွေတောင်းမယ် စတဲ့ စိတ်ဆင်း ရဲအောင် လုပ်မယ်။ အရှက်ပေးမယ်၊ အန္တရာယ် ပေးမယ့် သားသမီးမျိုးပေါ့။

ဘုရားဟော စကားတော်အရ ကတော့ အတိဇာတသား၊ အနုဇာတသား၊ အဝဇာတသား ဆိုပြီး သုံးမျိုး ရှိတာပေါ့။

အတိဇာတ သား ဆိုတာက မိဘထက် အလွန် ကိုယ်ကျင့်သိက္ခာက အစ သာသွားတာ။ ဥပမာ ဘုန်းကြီး ရဟန်း အဖြစ်နဲ့ မိဘကို လုပ်ကျွေးပြုစုတဲ့ သားမျိုး၊ သားကောင်းသားမြတ် မျိုးပေါ့။

အနုဇာတသား ဆိုတာက မိဘနဲ့ ကိုယ်ကျင့်သိက္ခာတူ မိဘကို လုပ်ကျွေးပြုစု ကျွေးမွေး စောင့်ရှောက်တဲ့ သားသမီးမျိုးပေါ့။

အဲ့ဒီ ၂ နှစ်မျိုးက သားကောင်း သမီးကောင်း တွေပေါ့။ အထက်မှာ ပြောထားသလို အကြွေးဆပ်မယ့် သားသမီးမျိုးပေါ့။

အဝဇာတသား ကတော့ မိဘထက် ယုတ်ညံတဲ့ သာသမီးမျိုး၊ အကြွေးတောင်း လာတဲ့ သားမျိုးပေါ့။ မိဘကို ဒုက္ခပေးဖို့ သက်သက် ဖြစ်လာတဲ့ သားမျိုး။

မွေးလာလို့သာ ချစ်မြတ်နိုးရပေမယ့် ဒီသားသမီးမျိုး ကတော့ ဘယ်မိဘမှ မလိုလားတဲ့ သားသမီးမျိုးပေါ့။ ဒီသားသမီးမျိုးကျ အထက်မှာ ပြောထားသလို အကြွေး လာတောင်းတဲ့ သားသမီးမျိုးပေါ့။

ဒါပေမယ့် မိဘဆိုတာက ဘယ်သားသမီးကို မဆို ဆိုးရင်လည်း ဂရုဏာနဲ့ ချစ်တာပါပဲ။ ကောင်းတဲ့ သားသမီး ကိုလည်း လိမ္မာလို့ ချစ်ရတာပါပဲ။ ခွဲခြားတာမျိုးတော့ မရှိဘူးပေါ့။ တကယ် လိုလားတာက အတိဇာတ သားသမီးမျိုးသာ မိဘတိုင်း လိုလားကြပါတယ်။

ဒါကြောင့်မို့လို့ သားသမီးတွေ အနေနဲ့ အတိဇာတ သားသမီးမျိုးထိ မဖြစ်နိုင်တောင် အနုဇာတ သားသမီးလောက်တော့ ဖြစ်အောင် မိဘကို ကျွေးမွေး စောင့်ရှောက်နိုင်တဲ့ သားသမီးများ ဖြစ်အောင် ကြိုးစားနိုင် ကြပါစေ။ သားသမီးကောင်းများ ဖြစ်လို့ မိဘကို အသက်ပေးလို့ ကာကွယ်နိုင် ကြပါစေ။ ဦးမာဃ

Post a Comment

0 Comments