ရေစေးကို အမြဲလိုလို အသုံးပြုတဲ့အခါ ရရှိလာမယ့်ဆိုးကျိုးများ

ရေစေးဆိုတဲ့ စကားလုံးကို တီဗွီနဲ့ ကြော်ငြာတွေမှာ ခဏခဏတွေ့ရပါတယ်။ ရေစေးက ကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် အခြားသော ဆိုးကျိုးတွေလည်း ဖြစ်ပေါ်စေပါတယ်။

ရေစေးဆိုတာ ဘာလဲ။

ရေစေးမှာ ကယ်လ်ဆီနဲ့ မဂ္ဂနီဆီယမ် အများအပြားပျော်ဝင်နေပါတယ်။ အခြားသော သတ္တုတွေလည်း ပျော်ဝင်နေပါသေးတယ်။ ရေစေးနဲ့ အဝတ်လျှော်တဲ့အခါမှာတော့ သူ့မှာပါဝင်တဲ့ ဓာတုဖွဲ့စည်းမှုတွေကြောင့် အမြှုပ်ထွက်ဖို့ခက်ပါတယ်။

ဒါ့အပြင် ရေစေးဖြတ်သန်းတဲ့ ရေပိုက်တွေမှာလည်း အချိန်ကြာမြင့်လာတဲ့အခါ ထုံးကျောက်တွေ ဖြစ်လာပါတယ်။ အဝတ်လျှော်စက်၊ ရေနွေးအိုးနဲ့ ရေချိုးခန်းထဲမှာလည်း ထုံးကျောက်လေးတွေ ဖြစ်ပေါ်လာပါတယ်။

ရေစေးက စက်ပစ္စည်းတွေအ‌ပေါ် ဘယ်လိုသက်ရောက်မှုရှိစေလဲ။

ရေစေးနဲ့ ရေနွေးအိုးတည်ပါများတဲ့အခါမှာတော့ ရေနွေးအိုးမှာ ချိုးတွေ ကပ်လာပါတယ်။ အဲဒါကြောင့် ရေနွေးအိုးရဲ့လုပ်ဆောင်နိုင်မှုပမာဏက လျော့နည်းလာပြီး အကြာကြီး အသုံးမခံပါဘူး။

ရေပူစက်နဲ့ ပိုက်တွေမှာလည်း ရေစေးကြောင့် ပိုက်ပိတ်တာတွေကို ကြုံရတတ်ပါတယ်။ တစ်ခါတရံမှာ ကော်ဖီဖျော်စက်တွေမှာလည်း ရေစေးကြောင့် ချိုးတွေ ကပ်နေတတ်ပါတယ်။

ရေစေးက အဝတ်အစားတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိစေလဲ။

ရေစေးနဲ့ အဝတ်လျှော်တဲ့အခါမှာ အချို့သောချည်သားတွေက ကြမ်းတမ်းသွားတတ်ပါတယ်။ မြေကြီးတွေပေတဲ့အခါ ရေစေးနဲ့လျှော်ရင် ပျောင်ဖို့ ခက်ပါတယ်။ အဝတ်အစားတွေလည်း အရောင်လွင့်လွယ်လာပါတယ်။ အဝတ်အစားကို ပြောင်အောင် မလျှော်တဲ့အခါ ချဉ်စုပ်စုပ်အနံ့တွေလည်း ထွက်လာတတ်ပါတယ်။

ရေစေးက မျက်နှာအသားအရေအပေါ် ဘယ်လိုသက်ရောက်မှုရှိစေလဲ။

ရေစေးနဲ့ ရေချိုးတဲ့အခါ သို့မဟုတ် မျက်နှာသစ်တဲ့အခါမှာ အသားအရေက ကြမ်းလာပါတယ်။ ရေသွက်လိုမဟုတ်တာကြောင့် မျက်နှာက အညစ်အကြေး၊ ဆဲလ်သေး၊ အဆီနဲ့ အခြားဘက်တီးရီးယားတွေက လွယ်လွယ်နဲ့ မပြောင်စင်တော့ပါဘူး။

အဲဒီကနေ အသားအရေဓာတ်မတည့်တာ၊ ဝက်ခြံထွက်လာတွေ ဖြစ်လာတတ်ပါတယ်။ အချို့တွေမှာ အသားအရေက ညိုညစ်ညစ်အရောင်ကို ပြောင်းသွားတတ်ပါတယ်။

ရေစေးဖြစ်ကြောင်း သိနိုင်မယ့်အချက်များ

ရေစေးလား၊ ရေသွက်လားဆိုတာကို သိနိုင်ဖို့ ရေသန့်ဘူးထဲကို ဘူးရဲ့သုံးပုံတစ်ပုံအထိ ရေထည့်ပါ။ အဲဒီနောက် ဆပ်ပြာရည်အနည်းငယ်ထည့်ပြီး ဘူးကို လှုပ်ခါလိုက်ပါ။ ဘူးထဲမှာ အမြှုပ်တွေ နည်းနည်းပါးပါးပဲ ထွက်တယ်ဆိုရင် ဒါမှမဟုတ် အမြှုပ်က လုံးဝမထွက်ဘူးဆိုရင် ရေက နောက်ကျိသွားတယ်ဆိုရင် ဒါမှမဟုတ် ရေက နို့နှစ်ရောင်လိုဖြစ်သွားတယ်ဆိုရင် ရေစေးပါပဲ။

ရေသွက်မှာဆိုရင်တော့ ဘူးထဲမှာ ဆပ်ပြာအမြှုပ်တွေ အများကြီးထွက်ပြီး ဘူး ငြိမ်သွားတဲ့အခါမှာ ရေက ကြည်သွားပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments