အဖွားအိုနှင့် မီးအိမ်

တခါက ရွာကလေး တရွာတွင် အဘွားအိုတယောက် ရှိသည်။ ဝေးလံ ခေါင်သီသော ဒေသမှ ရွာလေး တရွာ ဖြစ်ပါသည်။ ထို့ကြောင့် အမြင်လည်း ကျဉ်း၊ အတွေးအခေါ် တွေလည်း ဖျင်းလွန်းသည်။

အဘွားအိုသည် တယောက်တည်း နေထိုင်ရသူ ဖြစ်သည်။ သနားစရာ ကောင်းသည်မှာ မျက်စိပါ မမြင်ခြင်း ဖြစ်သည်။ ရွာထဲတွင် ညအချိန် တကိုယ်တည်း သွားရသည့် အခါများ ရှိတတ်သည်။

ထိုအချိန်တွင် အဘွားအိုသည် လက်တဖက်က တောင်ဝှေး၊ အခြား လက်တဖက်က မီးအိမ်လေးကို ကိုင်ပြီး သွားတတ်သည်။ တညတွင် အဘွားအိုသည် မီးအိမ်လေးကို ကိုင်လာပြီး အပြင် ထွက်လာသည်။

မီးအိမ်ကို မြှောက်ကိုင် လာသည့် အဘွားအိုကို လူတသိုက်က တွေ့သည်။ မူးပြီး ယိုင်နေသည့် လူတွေက အဘွားအိုကို ကြည့်ပြီး လှောင်ရယ် ကြသည်။

"အဘွားကြီး၊ မျက်စိလည်း မမြင်ဘဲနဲ့ မီးအိမ်ကြီး ကိုင်ပြီးတော့ လမ်းလျှောက်ရ တယ်လို့ ဟား ဟား ဟား။ လူအထင်ကြီးအောင် လုပ်မနေစမ်း ပါနဲ့ဗျာ။ ခင်ဗျား မျက်စိ မမြင်ဘူး ဆိုတာ တရွာလုံး သိပါတယ်။ ဟား ဟား ဟား ဟား" ဟု ဝိုင်းလှောင် ကြသည်။

ထိုအခါ အဘွားအိုက ရပ်လိုက်ပြီး "အေးပါကွယ်။ ကံမကောင်း အကြောင်း မလှလို့ ငါ မျက်စိ မမြင်ပါဘူး။ ဒါပေမဲ့ ငါကိုင်ထားတဲ့ မီးအိမ်က ငါ့အတွက် မဟုတ်ပါဘူး။ မင်းတို့လို မြင်တဲ့သူတွေ အတွက်ပါ။

ငါက အမှောင်ထဲမှာ ကျင့်သား ရနေပါပြီ။ တရွာလုံး ဘယ်နေရာမဆို သွားတတ်နေ ပါပြီ။ ဒါပေမဲ့ မင်းတို့လို မြင်ပြီးတော့ မူးနေသူတွေ ငါ့ကို မတွေ့ဘဲ ဝင်တိုက်မိမှာ စိုးရိမ်လို့ မီးအိမ်နဲ့ အလင်းပြလာရတာ ပါကွယ်" ဟု ပြောလိုက်သည်။

မီးအိမ်ကို ကိုင်လာသူတိုင်း ကိုယ့်အတွက်ကိုယ် အလင်းပြ နေသည်ဟု မထင်သင့်ပါ။ အခြားသူများ အတွက် အလင်းပြ ပေးသည့် အနေဖြင့် ကိုင်လာခြင်း ဖြစ်ကြောင်းလည်း သတိချပ်သင့် ပါတယ်။ တင်ညွန့်

Zawgyi

အဖြားအိုႏွင့္ မီးအိမ္

တခါက ႐ြာကေလး တ႐ြာတြင္ အဘြားအိုတေယာက္ ရွိသည္။ ေဝးလံ ေခါင္သီေသာ ေဒသမွ ႐ြာေလး တ႐ြာ ျဖစ္ပါသည္။ ထို႔ေၾကာင့္ အျမင္လည္း က်ဥ္း၊ အေတြးအေခၚ ေတြလည္း ဖ်င္းလြန္းသည္။

အဘြားအိုသည္ တေယာက္တည္း ေနထိုင္ရသူ ျဖစ္သည္။ သနားစရာ ေကာင္းသည္မွာ မ်က္စိပါ မျမင္ျခင္း ျဖစ္သည္။ ႐ြာထဲတြင္ ညအခ်ိန္ တကိုယ္တည္း သြားရသည့္ အခါမ်ား ရွိတတ္သည္။

ထိုအခ်ိန္တြင္ အဘြားအိုသည္ လက္တဖက္က ေတာင္ေဝွး၊ အျခား လက္တဖက္က မီးအိမ္ေလးကို ကိုင္ၿပီး သြားတတ္သည္။ တညတြင္ အဘြားအိုသည္ မီးအိမ္ေလးကို ကိုင္လာၿပီး အျပင္ ထြက္လာသည္။

မီးအိမ္ကို ေျမႇာက္ကိုင္ လာသည့္ အဘြားအိုကို လူတသိုက္က ေတြ႕သည္။ မူးၿပီး ယိုင္ေနသည့္ လူေတြက အဘြားအိုကို ၾကည့္ၿပီး ေလွာင္ရယ္ ၾကသည္။

"အဘြားႀကီး၊ မ်က္စိလည္း မျမင္ဘဲနဲ႔ မီးအိမ္ႀကီး ကိုင္ၿပီးေတာ့ လမ္းေလွ်ာက္ရ တယ္လို႔ ဟား ဟား ဟား။ လူအထင္ႀကီးေအာင္ လုပ္မေနစမ္း ပါနဲ႔ဗ်ာ။ ခင္ဗ်ား မ်က္စိ မျမင္ဘူး ဆိုတာ တ႐ြာလုံး သိပါတယ္။ ဟား ဟား ဟား ဟား" ဟု ဝိုင္းေလွာင္ ၾကသည္။

ထိုအခါ အဘြားအိုက ရပ္လိုက္ၿပီး "ေအးပါကြယ္။ ကံမေကာင္း အေၾကာင္း မလွလို႔ ငါ မ်က္စိ မျမင္ပါဘူး။ ဒါေပမဲ့ ငါကိုင္ထားတဲ့ မီးအိမ္က ငါ့အတြက္ မဟုတ္ပါဘူး။ မင္းတို႔လို ျမင္တဲ့သူေတြ အတြက္ပါ။

ငါက အေမွာင္ထဲမွာ က်င့္သား ရေနပါၿပီ။ တ႐ြာလုံး ဘယ္ေနရာမဆို သြားတတ္ေန ပါၿပီ။ ဒါေပမဲ့ မင္းတို႔လို ျမင္ၿပီးေတာ့ မူးေနသူေတြ ငါ့ကို မေတြ႕ဘဲ ဝင္တိုက္မိမွာ စိုးရိမ္လို႔ မီးအိမ္နဲ႔ အလင္းျပလာရတာ ပါကြယ္" ဟု ေျပာလိုက္သည္။

မီးအိမ္ကို ကိုင္လာသူတိုင္း ကိုယ့္အတြက္ကိုယ္ အလင္းျပ ေနသည္ဟု မထင္သင့္ပါ။ အျခားသူမ်ား အတြက္ အလင္းျပ ေပးသည့္ အေနျဖင့္ ကိုင္လာျခင္း ျဖစ္ေၾကာင္းလည္း သတိခ်ပ္သင့္ ပါတယ္။ တင္ၫြန႔္

Post a Comment

0 Comments