စိတ်ထားကောင်းရင် ကံကောင်းမယ်

တခါက ရွာကြီးတရွာကို မြို့က သာမန်လူ တယောက်ဟာ မိသားစုနဲ့ အတူ ပြောင်းလာတယ်။ အသိ မိတ်ဆွေတွေက ပြောတယ်။ "မင်းရဲ့ တဖက်ရွာမှာ အရမ်း မှန်ကန်တဲ့ ဗေဒင်ဆရာ ရှိတယ်" ဆိုလို့ သူက ဆရာကြီးကို သူ့ကားနဲ့ သွားပင့်တယ်။

ကားလမ်းမှာလည်း တည်တည်ငြိမ်ငြိမ်နဲ့ လာသမျှ ကားကို ပေးကျော်တဲ့ အပြင် ဆဲတဲ့ ကားဆရာတွေကို ဘာမျှ ပြန်မပြောဘဲအေးအေးဆေးဆေး ကြည့်ကာ ပြုံးပြလိုက် ပါသေးတယ်။

ဘေးမှာ ထိုင်တဲ့ ဆရာကြီးက အံ့ဩပြီး "မင်းမှန်တာကို ဆဲတာ မင်းက ဘာမှ ပြန်မပြောတဲ့ အပြင် ပြုံးပြ လိုက်တယ်နော်" လို့ ပြောတယ်။

"သူတို့က ကျွန်တော့်ထက် အရေးကြီး သွားစရာရှိ‌လို့ နေမှာပါ" ဆိုပြီး အေးအေးဆေးဆေး ပြန်ဖြေ လိုက်တယ်။

လမ်းကြားထဲမှာ ကလေးတယောက် ပြေးထွက်လာတာ မြင်တော့ သူက ကားကို စက်ရပ်ထား လိုက်တယ်။ "ကလေးတွေက တယောက်တည်း မဆော့ဘူး တခြား ကလေးလည်း ပြေးထွက်လာမှာ" ဆိုပြီး သူ ခဏစောင့် လိုက်တယ်။

နောက်တော့ ကလေး တယောက်လည်း ပြေးထွက်လာတယ်။ "ကျွန်တော် ကားမရပ်ရင် ကလေးတွေ လန့်သွားမှာ" လို့ သူက အေးအေး ဆေးဆေး ပြောပြတယ်။

အိမ်ရှေ့ ရောက်လာတော့ "ဆရာကြီး ခဏစောင့်ပါ အိမ်နောက်မှာ ကလေးတွေ မရမ်းသီး ခူးနေလို့ပါ။ အခု ဝင်သွားရင် ကလေးတွေ လန့်ပြီး ခုန်ဆင်းရင် ဒဏ်ရာတွေ ရလိမ့်မယ်" လို့ ပြောလိုက်တယ်။

ထိုအခါ ဆရာကြီးက "ကဲ ငါ့ကို ပြန်ပို့ကွာ" လို့ ပြောလိုက်တယ်။ "မင်းရဲ့ မိသားစု ကံကြမ္မာကို ငါမဟောတော့ဘူး" "ဘာဖြစ်လို့လဲ ဆရာကြီး"

"မင်းရှိတဲ့ အရပ်က အေးချမ်း ပျော်ရွှင်မှု ရှိမှာ အသေအချာဘဲ။ ဒါကြောင့် အခုလို စိတ်ကောင်းလေးသာ ထား စိတ်ကောင်းရင် ကံကောင်းမယ်၊ ကံကောင်းရင် အကျိုးပေး ကောင်းမယ်။ စိတ်ထားဆိုးရင် ကံဆိုးမယ် ကံဆိုးရင် အကျိုးပေး ဆိုးမယ်" Aung Kaung Myat

Zawgyi

စိတ္ထားေကာင္းရင္ ကံေကာင္းမယ္

တခါက ႐ြာႀကီးတ႐ြာကို ၿမိဳ႕က သာမန္လူ တေယာက္ဟာ မိသားစုနဲ႔ အတူ ေျပာင္းလာတယ္။ အသိ မိတ္ေဆြေတြက ေျပာတယ္။ "မင္းရဲ႕ တဖက္႐ြာမွာ အရမ္း မွန္ကန္တဲ့ ေဗဒင္ဆရာ ရွိတယ္" ဆိုလို႔ သူက ဆရာႀကီးကို သူ႔ကားနဲ႔ သြားပင့္တယ္။

ကားလမ္းမွာလည္း တည္တည္ၿငိမ္ၿငိမ္နဲ႔ လာသမွ် ကားကို ေပးေက်ာ္တဲ့ အျပင္ ဆဲတဲ့ ကားဆရာေတြကို ဘာမွ် ျပန္မေျပာဘဲေအးေအးေဆးေဆး ၾကည့္ကာ ၿပဳံးျပလိုက္ ပါေသးတယ္။

ေဘးမွာ ထိုင္တဲ့ ဆရာႀကီးက အံ့ဩၿပီး "မင္းမွန္တာကို ဆဲတာ မင္းက ဘာမွ ျပန္မေျပာတဲ့ အျပင္ ၿပဳံးျပ လိုက္တယ္ေနာ္" လို႔ ေျပာတယ္။ "သူတို႔က ကြၽန္ေတာ့္ထက္ အေရးႀကီး သြားစရာရွိ‌လို႔ ေနမွာပါ" ဆိုၿပီး ေအးေအးေဆးေဆး ျပန္ေျဖ လိုက္တယ္။

လမ္းၾကားထဲမွာ ကေလးတေယာက္ ေျပးထြက္လာတာ ျမင္ေတာ့ သူက ကားကို စက္ရပ္ထား လိုက္တယ္။ "ကေလးေတြက တေယာက္တည္း မေဆာ့ဘူး တျခား ကေလးလည္း ေျပးထြက္လာမွာ" ဆိုၿပီး သူ ခဏေစာင့္ လိုက္တယ္။ ေနာက္ေတာ့ ကေလး တေယာက္လည္း ေျပးထြက္လာတယ္။ "ကြၽန္ေတာ္ ကားမရပ္ရင္ ကေလးေတြ လန႔္သြားမွာ" လို႔ သူက ေအးေအး ေဆးေဆး ေျပာျပတယ္။

အိမ္ေရွ႕ ေရာက္လာေတာ့ "ဆရာႀကီး ခဏေစာင့္ပါ အိမ္ေနာက္မွာ ကေလးေတြ မရမ္းသီး ခူးေနလို႔ပါ။ အခု ဝင္သြားရင္ ကေလးေတြ လန႔္ၿပီး ခုန္ဆင္းရင္ ဒဏ္ရာေတြ ရလိမ့္မယ္" လို႔ ေျပာလိုက္တယ္။ ထိုအခါ ဆရာႀကီးက "ကဲ ငါ့ကို ျပန္ပို႔ကြာ" လို႔ ေျပာလိုက္တယ္။ "မင္းရဲ႕ မိသားစု ကံၾကမၼာကို ငါမေဟာေတာ့ဘူး" "ဘာျဖစ္လို႔လဲ ဆရာႀကီး"

"မင္းရွိတဲ့ အရပ္က ေအးခ်မ္း ေပ်ာ္႐ႊင္မႈ ရွိမွာ အေသအခ်ာဘဲ။ ဒါေၾကာင့္ အခုလို စိတ္ေကာင္းေလးသာ ထား စိတ္ေကာင္းရင္ ကံေကာင္းမယ္၊ ကံေကာင္းရင္ အက်ိဳးေပး ေကာင္းမယ္။ စိတ္ထားဆိုးရင္ ကံဆိုးမယ္ ကံဆိုးရင္ အက်ိဳးေပး ဆိုးမယ္" Aung Kaung Myat

Post a Comment

0 Comments