သိန်းငှက်နှင့် ကန္တာရပင်

တခါတုန်းက ကန္တာရတခု အလည်မှာ အပင်ကြီး တပင် ရှိတယ်။ အဲ့ဒီ အပင်ကြီးဟာ ပူပြင်းတဲ့ ကန္တာရကို အံတုပြီး ရှင်သန် နေတယ်။ တရက်မှာ သိမ်းငှက် တကောင်က အပင်ပေါ်မှာ လာနားတယ်။

သိန်းငှက်ဟာ နားနေရင်းနဲ့ သစ်ပင်ကို မေးတယ်။ "ဒီလောက် ပူပြင်းတဲ့ ကန္တာရမှာ ဘာလို့ တပင်တည်း ရပ်တည် နေတာလဲ။ သင့်ကို ဘယ်သူက အလိုရှိလို့လဲ"

ထိုအခါ သစ်ပင်က ပြန်ဖြေတယ်။

"ကျုပ်ကို အခု အသင်က လိုအပ်နေတယ်လေ"

သိမ်းငှက်က "ငါလား။ အသင့်ကို မလိုအပ် ပါဘူး" လို့ ပြန်ဖြေလိုက် ပါတယ်။

သစ်ပင်က "တကယ်လို့ ကျုပ်သာ မရှိရင် သင်လည်း သဲပြင်ပူပူပေါ်မှာ နားနေရ မှာပါ။ ဒါ့အပြင် သဲသောင်ပြင်ပေါ် တကောင်ထဲနားနေတဲ့ အသင်ဟာ အထီးကျန်မှုကို ခံစားရမယ်။ သင့်ကို ဘယ်သူမှ မလိုအပ်ဘူးလို့ ထင်မယ်။

အခုတော့ ကျုပ်ရဲ့ အဖော်ပြုမှုကြောင့် သင်လည်း အထီးမကျန်ဘူး။ သင့်ကို ဘယ်သူမှ မလိုအပ်ဘူး ဆိုတဲ့ ခံစားချက်လည်း မရှိတော့ ဘူးလေ။ ဒါကြောင့် ဒီသဲကန္တာရထဲ လိုအပ်မှုတွေ ရှိနေလို့ ကျုပ် ရပ်တည်နေ တာပေါ့"

ထိုအခါမှ သိမ်းငှက်လည်း သေချာ စဉ်းစားလိုက်တော့ သစ်ပင်ကြီးရဲ့ ဆိုလိုရင်းကို သဘောပေါက် သွားပါတယ်။ ကျွန်တော်တို့တွေ ဟာလည်း အတူတူပါပဲ။

ကိုယ်အထီးကျန်ပြီး ကိုယ့်ကို ဘယ်သူမှ မလိုအပ်ပါဘူးလို့ လွယ်လွယ် မတွေးပါနဲ့။ လိုအပ်တဲ့ သူအတွက်တော့ ကိုယ်က ကန္တာရထဲက သစ်တပင်လို ပါပဲ။ Crd

Zawgyi

ကနၱာရထဲက သစ္ပင္

တခါတုန္းက ကႏၲာရတခု အလည္မွာ အပင္ႀကီး တပင္ ရွိတယ္။ အဲ့ဒီ အပင္ႀကီးဟာ ပူျပင္းတဲ့ ကႏၲာရကို အံတုၿပီး ရွင္သန္ ေနတယ္။ တရက္မွာ သိမ္းငွက္ တေကာင္က အပင္ေပၚမွာ လာနားတယ္။

သိန္းငွက္ဟာ နားေနရင္းနဲ႔ သစ္ပင္ကို ေမးတယ္။ "ဒီေလာက္ ပူျပင္းတဲ့ ကႏၲာရမွာ ဘာလို႔ တပင္တည္း ရပ္တည္ ေနတာလဲ။ သင့္ကို ဘယ္သူက အလိုရွိလို႔လဲ"

ထိုအခါ သစ္ပင္က ျပန္ေျဖတယ္။ "က်ဳပ္ကို အခု အသင္က လိုအပ္ေနတယ္ေလ" သိမ္းငွက္က "ငါလား။ အသင့္ကို မလိုအပ္ ပါဘူး" လို႔ ျပန္ေျဖလိုက္ ပါတယ္။

သစ္ပင္က "တကယ္လို႔ က်ဳပ္သာ မရွိရင္ သင္လည္း သဲျပင္ပူပူေပၚမွာ နားေနရ မွာပါ။ ဒါ့အျပင္ သဲေသာင္ျပင္ေပၚ တေကာင္ထဲနားေနတဲ့ အသင္ဟာ အထီးက်န္မႈကို ခံစားရမယ္။ သင့္ကို ဘယ္သူမွ မလိုအပ္ဘူးလို႔ ထင္မယ္။

အခုေတာ့ က်ဳပ္ရဲ႕ အေဖာ္ျပဳမႈေၾကာင့္ သင္လည္း အထီးမက်န္ဘူး။ သင့္ကို ဘယ္သူမွ မလိုအပ္ဘူး ဆိုတဲ့ ခံစားခ်က္လည္း မရွိေတာ့ ဘူးေလ။ ဒါေၾကာင့္ ဒီသဲကႏၲာရထဲ လိုအပ္မႈေတြ ရွိေနလို႔ က်ဳပ္ ရပ္တည္ေန တာေပါ့"

ထိုအခါမွ သိမ္းငွက္လည္း ေသခ်ာ စဥ္းစားလိုက္ေတာ့ သစ္ပင္ႀကီးရဲ႕ ဆိုလိုရင္းကို သေဘာေပါက္ သြားပါတယ္။ ကြၽန္ေတာ္တို႔ေတြ ဟာလည္း အတူတူပါပဲ။ ကိုယ္အထီးက်န္ၿပီး ကိုယ့္ကို ဘယ္သူမွ မလိုအပ္ပါဘူးလို႔ လြယ္လြယ္ မေတြးပါနဲ႔။ လိုအပ္တဲ့ သူအတြက္ေတာ့ ကိုယ္က ကႏၲာရထဲက သစ္တပင္လို ပါပဲ။ Crd

Post a Comment

0 Comments