အရှုံးမပေးသော စိတ်ဓာတ်

တခါတုန်းက လူတယောက်က စိတ်ဓာတ် အရမ်း ကျဆင်းနေတယ်။ လောကဒဏ်ရဲ့ အရိုက်အပုတ် လှိုင်းတံပိုးဒဏ်ကို သူ မခံနိုင်တော့ပါဘူး။ ဘဝ ဆိုတာကြီးကို လက်မြောက် အရှုံးပေးလု ဆဲဆဲ အချိန်မှာပေါ့။

စိတ်ပျက်လက်ပျက် ရှိနေစဉ် သစ်ပင်တပင်ရဲ့ အောက်မှာ ထိုင်နေရင်း မျက်စိရောက်ရာ ကြည့်နေစဉ်မှာ ပင့်ကူတကောင်ကို တွေ့လိုက်တယ်။

ပင့်ကူဟာ သူ့အိမ်ကို ဆောက်ဖို့ ပထမဆုံးသော ပင့်ကူမျှင်ကို သူလိုရာ အကွာအဝေးမှာ ရှိတဲ့ သစ်ကိုင်းဆီ ခုန်ကူးလိုက်တယ်။ သူ ပြုတ်ကျ သွားတယ်။ ထပ်ခုန်တယ်။ ထပ်ခုန်တယ်။ ထပ်ခုန်တယ်။

အကြိမ်ပေါင်း ၇၀ လောက်မှာ သူလိုရာ အရပ်ကို ခုန်နိုင်ပြီး သူ့ရဲ့ ပထမဆုံး ပင့်ကူမျှင်ကို ချနိုင် ခဲ့တယ်။ နောက်ဆုံးတော့ ပင့်ကူအိမ်ကြီး တလုံး ပြီးသည်အထိ ဆောက်နိုင်ခဲ့တယ်။

ဒီအဖြစ်အပျက်ကို အစအဆုံး ကြည့်နေတဲ့ ထိုလူဟာ ရင်ထဲမှာ နွေးထွေးတဲ့ အသိတရားတခု ရလိုက်တယ်။

"ပင့်ကူလေး တောင်မှ ဒီလို ကြိုးစားနိုင်ခဲ့ရင် ငါဟာ လူသားတယောက်ပဲ၊ ငါလည်း ဖြစ်နိုင်တယ်" ဆိုပြီး သူ့ဘဝကို အရှုံးမပေးတော့ပဲ ပေါ့ပါး ရွှင်လန်းသော ခြေလှမ်းဖြင့် သူ့ဘဝကို အကောင်းဆုံး ပြန်တည့်နိုင် ခဲ့တယ်။ Crd

Zawgyi

အရႈံးမေပးေသာ စိတ္ဓာတ္

တခါတုန္းက လူတေယာက္က စိတ္ဓာတ္ အရမ္း က်ဆင္းေနတယ္။ ေလာကဒဏ္ရဲ႕ အ႐ိုက္အပုတ္ လႈိင္းတံပိုးဒဏ္ကို သူ မခံႏိုင္ေတာ့ပါဘူး။ ဘဝ ဆိုတာႀကီးကို လက္ေျမာက္ အရႈံးေပးလု ဆဲဆဲ အခ်ိန္မွာေပါ့။

စိတ္ပ်က္လက္ပ်က္ ရွိေနစဥ္ သစ္ပင္တပင္ရဲ႕ ေအာက္မွာ ထိုင္ေနရင္း မ်က္စိေရာက္ရာ ၾကည့္ေနစဥ္မွာ ပင့္ကူတေကာင္ကို ေတြ႕လိုက္တယ္။

ပင့္ကူဟာ သူ႔အိမ္ကို ေဆာက္ဖို႔ ပထမဆုံးေသာ ပင့္ကူမွ်င္ကို သူလိုရာ အကြာအေဝးမွာ ရွိတဲ့ သစ္ကိုင္းဆီ ခုန္ကူးလိုက္တယ္။ သူ ျပဳတ္က် သြားတယ္။ ထပ္ခုန္တယ္။ ထပ္ခုန္တယ္။ ထပ္ခုန္တယ္။

အႀကိမ္ေပါင္း ၇၀ ေလာက္မွာ သူလိုရာ အရပ္ကို ခုန္ႏိုင္ၿပီး သူ႔ရဲ႕ ပထမဆုံး ပင့္ကူမွ်င္ကို ခ်ႏိုင္ ခဲ့တယ္။ ေနာက္ဆုံးေတာ့ ပင့္ကူအိမ္ႀကီး တလုံး ၿပီးသည္အထိ ေဆာက္ႏိုင္ခဲ့တယ္။

ဒီအျဖစ္အပ်က္ကို အစအဆုံး ၾကည့္ေနတဲ့ ထိုလူဟာ ရင္ထဲမွာ ေႏြးေထြးတဲ့ အသိတရားတခု ရလိုက္တယ္။

"ပင့္ကူေလး ေတာင္မွ ဒီလို ႀကိဳးစားႏိုင္ခဲ့ရင္ ငါဟာ လူသားတေယာက္ပဲ၊ ငါလည္း ျဖစ္ႏိုင္တယ္" ဆိုၿပီး သူ႔ဘဝကို အရႈံးမေပးေတာ့ပဲ ေပါ့ပါး ႐ႊင္လန္းေသာ ေျခလွမ္းျဖင့္ သူ႔ဘဝကို အေကာင္းဆုံး ျပန္တည့္ႏိုင္ ခဲ့တယ္။ Crd

Post a Comment

0 Comments