အပေါ်ယံကို ကြည့်ပြီး မဆုံးဖြတ်ပါနဲ့

ရထားစီး လာတဲ့ ၂၄ နှစ် အရွယ် ရှိတဲ့ ကောင်လေးက ရထားပြတင်းပေါက် ကနေ သူ့အဖေကို အော်ပြော လိုက်တယ်။ "အဖေရယ် ကြည့်ပါအုံး သစ်ပင်တွေက သားတို့ရဲ့ အနောက်ဖက်ကို ရွေ့နေတယ်"

အဖေဖြစ်သူက ပြုံးပြ လိုက်တယ်။ ဘေးမှာ ရှိနေတဲ့ စုံတွဲဇနီးမောင်နှံ ကတော့ သနားတဲ့ အကြည့်တွေနဲ့ ကောင်လေးကို ကြည့်နေချိန်မှာပဲ ကောင်လေးက ပြန်ပြောတယ်။

"အဖေရေ ကြည့်ပါအုံး တိမ်တွေက သားတို့ နောက်ကို လိုက်နေတယ်"

အဲဒါနဲ့ ဟိုလင်မယားက မနေနိုင် ဖြစ်လို့ သူ့အဖေကို ပြောလိုက်တယ်။

"ရှင့်ရဲ့ သားကို ဘာလို့ ဆရာဝန် သွားမပြတာလဲ"

ထိုအခါ အဖေဖြစ်သူက "ငါတို့ သားအဖက အခုမှ ဆေးရုံက ဆင်းလာတာပါ။ ငါ့သားက မွေးကတည်းက မျက်စိ မမြင်ရဘူးလေ။

ဒီနေ့မှ ကမ္ဘာကြီးကို ပထမဆုံး မြင်တွေ့ခွင့် ရတာပါ။ ဒီနေ့မှ မျက်မမြင်ဘဝ ကနေ ကျွတ်တာပါ" လို့ ပြန်ဖြေ လိုက်တယ်။

ဒါကြောင့် လူတဦးရဲ့ နောက်ကွယ်မှာ ကိုယ် မသိသေးတဲ့ မသိနိုင်တဲ့ ဝမ်းနည်းစရာ အဖြစ်အပျက် အကြောင်းအရာတွေ ရှိနေတတ်ပါတယ်။

ဒါကြောင့် လူတယောက်ကို အပေါ်ယံ ကြည့်ပြီး မဝေဖန် မဆုံးဖြတ် လိုက်ပါနဲ့။ phoomyatchal

Zawgyi

အေပၚယံကို ၾကည့္ၿပီး မဆုံးျဖတ္ပါနဲ႔

ရထားစီး လာတဲ့ ၂၄ ႏွစ္ အ႐ြယ္ ရွိတဲ့ ေကာင္ေလးက ရထားျပတင္းေပါက္ ကေန သူ႔အေဖကို ေအာ္ေျပာ လိုက္တယ္။ "အေဖရယ္ ၾကည့္ပါအုံး သစ္ပင္ေတြက သားတို႔ရဲ႕ အေနာက္ဖက္ကို ေ႐ြ႕ေနတယ္"

အေဖျဖစ္သူက ၿပဳံးျပ လိုက္တယ္။ ေဘးမွာ ရွိေနတဲ့ စုံတြဲဇနီးေမာင္ႏွံ ကေတာ့ သနားတဲ့ အၾကည့္ေတြနဲ႔ ေကာင္ေလးကို ၾကည့္ေနခ်ိန္မွာပဲ ေကာင္ေလးက ျပန္ေျပာတယ္။ "အေဖေရ ၾကည့္ပါအုံး တိမ္ေတြက သားတို႔ ေနာက္ကို လိုက္ေနတယ္"

အဲဒါနဲ႔ ဟိုလင္မယားက မေနႏိုင္ ျဖစ္လို႔ သူ႔အေဖကို ေျပာလိုက္တယ္။ "ရွင့္ရဲ႕ သားကို ဘာလို႔ ဆရာဝန္ သြားမျပတာလဲ"

ထိုအခါ အေဖျဖစ္သူက "ငါတို႔ သားအဖက အခုမွ ေဆး႐ုံက ဆင္းလာတာပါ။ ငါ့သားက ေမြးကတည္းက မ်က္စိ မျမင္ရဘူးေလ။ ဒီေန႔မွ ကမာၻႀကီးကို ပထမဆုံး ျမင္ေတြ႕ခြင့္ ရတာပါ။ ဒီေန႔မွ မ်က္မျမင္ဘဝ ကေန ကြၽတ္တာပါ" လို႔ ျပန္ေျဖ လိုက္တယ္။

ဒါေၾကာင့္ လူတဦးရဲ႕ ေနာက္ကြယ္မွာ ကိုယ္ မသိေသးတဲ့ မသိႏိုင္တဲ့ ဝမ္းနည္းစရာ အျဖစ္အပ်က္ အေၾကာင္းအရာေတြ ရွိေနတတ္ပါတယ္။ ဒါေၾကာင့္ လူတေယာက္ကို အေပၚယံ ၾကည့္ၿပီး မေဝဖန္ မဆုံးျဖတ္ လိုက္ပါနဲ႔။ phoomyatchal

Post a Comment

0 Comments