သမင်မကြီးရဲ့ ကံကြမ္မာ

တခါတုန်းက သမင်မကြီး တကောင်ဟာ ကိုယ်ဝန် အရင့်အမာနဲ့ မွေးခါနီး ဖွားခါနီး ယာတောစပ်က မြစ်ကမ်းဘေးမှာ ထိုင်ချလိုက်တယ်။

ကလေးမွေးတော့မယ့် အချိန်မှာ မိုးက သည်းထန်စွာ ရွာချတယ်။ မိုးနဲ့ အတူ မုန်တိုင်းပါ ပါလာတဲ့ အတွက် ကောင်းကင် တခွင်ဟာ ကြောက်စရာ ကောင်းလောက်အောင် မဲမှောင်ပြီး လျှပ်စီးတွေ လက်နေတယ်။

မုန်တိုင်းကြောင့် မြစ်ရေပြင် ဟာလည်း တဝုန်းဝုန်းနဲ့ ကြမ်းသထက် ကြမ်းလာတယ်။ အဲ့ဒီ အချိန်မှာပဲ ယာတောထဲကို မိုးကြိုး ပစ်ချ လိုက်တဲ့အခါ ယာတောခင်းကြီး ဟာလည်း မီးထလောင်တယ်။

သမင်မကြီးရဲ့ အနောက် မှာတော့ မုဆိုးတယောက်ဟာ သမင်မကြီးကို မြားနဲ့ ပစ်ဖို့ ချိန်ထား လိုက်ပြီ။ အရှေ့ မှာလည်း ကျားတကောင်ဟာ သမင်မကြီးကို ခုန်အုပ်ဖို့ ပြင်နေပြီ။

ကဲ သမင်မကြီး ဘာလုပ်မယ် ထင်သလဲ။ အရှေ့မှာ ကျား၊ အနောက်မှာ မုဆိုး၊ တောင်မှာ မီး၊ မြောက်မှာ ရေ၊ မိုးပေါ် မော့ကြည့်ရင် လျှပ်စီးတွေနဲ့ အောက်မှာ မြေပြင်။

သမင်မကြီးဟာ လွတ်လမ်း လုံးဝ မရှိတော့တဲ့ အခါ ဘာလုပ်မယ် ထင်ကြပါသလဲ။ သမင်မကြီးဟာ စိတ်ကို အငြိမ်ဆုံး ထားပြီးတော့ သူမွေးရမယ့် ရင်သွေးကိုပဲ မဖြစ် ဖြစ်အောင် မွေးဖို့ ဆုံးဖြတ်လိုက် ပါတယ်။

အဲဒီ အချိန်မှာ ကျယ်လောင်စွာ မိုးချိန်းလိုက်တာကြောင့် မုဆိုးဟာ ဟန်ချက် ပျက်သွားခဲ့တယ်။ ဟန်ချက် ပျက်တော့ ပစ်လွှတ် လိုက်တဲ့ မြားဟာ အလိုက်သင့်လေး ခုန်အုပ်နေတဲ့ ကျားကို ပစ်မိ သွားတယ်။

ဒါပေမယ့် ချက်ကောင်းကို မထိ။ အဲ့ဒီမှာ ကျားဟာ အထိနာသွားတဲ့ အခါမှာတော့ မြားရှင် မုဆိုးဘက်ကို ဦးတည် ပြေးလွှားပြီး ခုန်အုပ် လိုက်တယ်။

မုဆိုးနဲ့ ကျားဟာ လုံးရင်း ထွေးရင်းနဲ့ မြစ်ထဲကို ပြုတ်ကျ သေသွားတယ်။ ယာတောမီး ဟာလည်း မိုးရေကြောင့် ငြိမ်းသွားတယ်။

နောက်ဆုံး မိုးစဲသွားတဲ့ အခါမှာ မြစ်ရေဟာ ပြန်လည် ငြိမ်သက် လာတယ်။ သမင်မကြီးဟာ ရင်သွေးလေးကို အောင်မြင်စွာ မွေးလိုက် နိုင်ခဲ့ပါတယ်။

ဘဝမှာ ထွက်ပေါက် မရှိလောက်အောင် အခက်အခဲတွေ ပိတ်ပင်နေတဲ့ အခါ ကိုယ်လုပ်ပိုင်ခွင့် ရှိတဲ့ အလုပ်တခု ကိုသာ အကောင်းဆုံး လုပ်မြဲ ဆက်လုပ်နေ သင့်ပါတယ်။ phoomyatchal

Post a Comment

0 Comments