နွားကွဲရင် ကျားဆွဲမယ်

တခါက နွား လေးကောင်ဟာ တောထဲက စိမ်းလန်းတဲ့ မြက်ခင်းပြင်မှာ နေထိုင်ကြ ပါတယ်။ သူတို့ လေးကောင်လုံးက မိတ်ဆွေတွေ ဖြစ်ကြပြီး အားလုံး အတူတူ တိုင်ပင်ပြီးမှ အရာ အားလုံးကို လုပ်လေ့ ရှိကြပါတယ်။

သူတို့လေးကောင်ဟာ စုစုစည်းစည်း စည်းစည်းလုံးလုံးနဲ့ အတူတကွ နေထိုင်ကြတဲ့ အတွက် ကျားတွေ၊ ခြင်္သေ့တွေရဲ့ သတ်ဖြတ် စားသောက်ခြင်း ရန်မှ ကင်းဝေးပြီး အေးချမ်းစွာ အတူတကွ နေထိုင်နိုင် ကြပါတယ်။

ဒါပေမယ့် တနေ့မှာတော့ သူတို့ထဲက တကောင်က သူတို့ အဖွဲ့ထဲက ခွဲထွက်ပြီး တကောင် တနေရာစီ သွားချင်ကြ ပါတယ်။ အဲဒါကို ကျားတကောင်နဲ့ ခြင်္သေ့တကောင်က မြင်တဲ့အခါ နွားတွေ ကိုတော့ သတ်စားဖို့ အခွင့်အရေး ရပြီလို့ တွေးကြပါတယ်။

ခြင်္သေ့နဲ့ ကျားဟာ နွားတွေ ခွဲထွက်သွားတဲ့ လမ်းကြောင်းပေါ်မှာ စောင့်နေကြပြီး နွားတွေကို တကောင်ပြီး တကောင် သတ်စားလိုက် ပါတော့တယ်။ ဒီပုံပြင် လေးကြောင့် နွားကွဲ ကျားကိုက်တယ် ဆိုတဲ့ စကားပုံ ဖြစ်ပေါ်လာ ရပါတယ်။

အပြင်လောက မှာလည်း အဲဒီလို ပါပဲ။ တစုတစည်းတည်း ချစ်ခင်စည်းလုံးစွာ ရှိနေသူတွေကို အခြားသူတွေက ဝင်ရောက် ဖျက်ဆီးနိုင်မှာ မဟုတ်ပါဘူး။

ညီညွှတ်ခြင်း မရှိ၊ တစည်းတလုံးထဲ မရှိဘဲ တယောက်တပေါက် ဖြစ်နေတဲ့ မိသားစုကို အခြားသူတွေက ဖျက်ဆီးဖို့ အရမ်း လွယ်ကူပါတယ် လို့ သင်ခန်းစာ ပေးထားတာပါ။ phoomyatchal

Zawgyi

ႏြားကြဲရင္ က်ားဆြဲမယ္

တခါက ႏြား ေလးေကာင္ဟာ ေတာထဲက စိမ္းလန္းတဲ့ ျမက္ခင္းျပင္မွာ ေနထိုင္ၾက ပါတယ္။ သူတို႔ ေလးေကာင္လုံးက မိတ္ေဆြေတြ ျဖစ္ၾကၿပီး အားလုံး အတူတူ တိုင္ပင္ၿပီးမွ အရာ အားလုံးကို လုပ္ေလ့ ရွိၾကပါတယ္။

သူတို႔ေလးေကာင္ဟာ စုစုစည္းစည္း စည္းစည္းလုံးလုံးနဲ႔ အတူတကြ ေနထိုင္ၾကတဲ့ အတြက္ က်ားေတြ၊ ျခေသၤ့ေတြရဲ႕ သတ္ျဖတ္ စားေသာက္ျခင္း ရန္မွ ကင္းေဝးၿပီး ေအးခ်မ္းစြာ အတူတကြ ေနထိုင္ႏိုင္ ၾကပါတယ္။

ဒါေပမယ့္ တေန႔မွာေတာ့ သူတို႔ထဲက တေကာင္က သူတို႔ အဖြဲ႕ထဲက ခြဲထြက္ၿပီး တေကာင္ တေနရာစီ သြားခ်င္ၾက ပါတယ္။ အဲဒါကို က်ားတေကာင္နဲ႔ ျခေသၤ့တေကာင္က ျမင္တဲ့အခါ ႏြားေတြ ကိုေတာ့ သတ္စားဖို႔ အခြင့္အေရး ရၿပီလို႔ ေတြးၾကပါတယ္။

ျခေသၤ့နဲ႔ က်ားဟာ နြားေတြ ခြဲထြက္သြားတဲ့ လမ္းေၾကာင္းေပါ္မွာ ေစာင့္ေနၾကျပီး ႏြားေတြကို တေကာင္ၿပီး တေကာင္ သတ္စားလိုက္ ပါေတာ့တယ္။ ဒီပုံျပင္ ေလးေၾကာင့္ ႏြားကြဲ က်ားကိုက္တယ္ ဆိုတဲ့ စကားပုံ ျဖစ္ေပၚလာ ရပါတယ္။

အျပင္ေလာက မွာလည္း အဲဒီလို ပါပဲ။ တစုတစည္းတည္း ခ်စ္ခင္စည္းလုံးစြာ ရွိေနသူေတြကို အျခားသူေတြက ဝင္ေရာက္ ဖ်က္ဆီးႏိုင္မွာ မဟုတ္ပါဘူး။

ညီၫႊတ္ျခင္း မရွိ၊ တစည္းတလုံးထဲ မရွိဘဲ တေယာက္တေပါက္ ျဖစ္ေနတဲ့ မိသားစုကို အျခားသူေတြက ဖ်က္ဆီးဖို႔ အရမ္း လြယ္ကူပါတယ္ လို႔ သင္ခန္းစာ ေပးထားတာပါ။ phoomyatchal

Post a Comment

0 Comments