ရှေးဟောင်း နာရီလေး

တခါတုန်းက အဘိုးအို တယောက်ဟာ သူ အင်မတန် မြတ်နိုးတဲ့ ရှေးဟောင်း နာရီလေး တလုံး ဂိုဒေါင် တခုထဲမှာ ကျပျောက် သွားခဲ့တယ်။ ဂိုဒေါင်ထဲမှာ ကျပျောက်တာမှန်း သေချာသလောက် နီးနီး ရှိပေမယ့် ပစ္စည်းတွေနဲ့ ရှုပ်ပွနေတော့ လွယ်လွယ်နဲ့ ရှာမတွေ့ဘူး ဖြစ်နေတာပေါ့။

အိမ်သားတွေပါ ဝိုင်းကူ ရှာပေးပေမယ့် လက်လျှော့ရလု နီးနီး ဖြစ်နေချိန်မှာ ကလေးတယောက်က ဝင်လာပြီး သူ့ကို ရှာခွင့်ပေးဖို့ တောင်းဆိုသတဲ့။ အားလုံးက မယုံသင်္ကာနဲ့ပဲ ခွင့်ပြုလိုက်တဲ့ အခါ ကလေးက အထဲမှာ ရှိသမျှ လူအားလုံးကို ဂိုဒေါင် အပြင်ဘက်ကို ထွက်ခိုင်း ပါတော့တယ်။

ခဏနေတော့ အပြင် ပြန်ထွက်လာတဲ့ ကလေးငယ်ရဲ့ လက်ထဲမှာ နာရီတလုံး။ အံ့ဩဝမ်းသာ စိတ်နဲ့ ဘယ်မှာ တွေ့တာလဲ၊ ဘယ်လို ရှာသလဲနဲ့ တယောက်တခွန်း ဝိုင်းမေးကြတော့ ကလေးက လက်ကာ ပြတယ်။

တကယ်တော့ အဲဒီကလေးဟာ အထဲက ရှိသမျှ လူတွေကို အကုန် ထွက်ခိုင်းပြီး ဘယ်မှာမှ သွားမရှာဘဲ တံခါးပိတ်ပြီး ဂိုဒေါင် အလယ်မှာ သွားထိုင် နေတာပါ။

အသံဗလံတွေ တိတ်ဆိတ် သွားချိန်မှာ စောစောက ရှာမတွေ့တဲ့ နာရီလေးရဲ့ လက်တံဟာ ချက် ချက် ချက်နဲ့ ပီပီပြင်ပြင် ကြားလာရ ပါတယ်။ အဲဒီလိုနဲ့ ပဲနာရီလေးကို ပြန်တွေ့ခဲ့ တာပေါ့။

တခါတရံ ဘဝမှာ ဘာကိုမှ ဆုံးဖြတ်ချက် ချလို့ မရအောင် ရှုပ်ထွေးနေတဲ့ အခါ တယောက်တည်း တိတ်တိတ် နေကြည့်လိုက်ပါ။ တဆက်တည်းမှာပဲ ကိုယ့်စိတ်လေးကို စောင့်ကြည့်ရင်းပေါ့။ phoomyatchal

Zawgyi

ေရွးေဟာင္း နာရီေလး

တခါတုန္းက အဘိုးအို တေယာက္ဟာ သူ အင္မတန္ ျမတ္ႏိုးတဲ့ ေရွးေဟာင္း နာရီေလး တလုံး ဂိုေဒါင္ တခုထဲမွာ က်ေပ်ာက္ သြားခဲ့တယ္။ ဂိုေဒါင္ထဲမွာ က်ေပ်ာက္တာမွန္း ေသခ်ာသေလာက္ နီးနီး ရွိေပမယ့္ ပစၥည္းေတြနဲ႔ ရႈပ္ပြေနေတာ့ လြယ္လြယ္နဲ႔ ရွာမေတြ႕ဘူး ျဖစ္ေနတာေပါ့။

အိမ္သားေတြပါ ဝိုင္းကူ ရွာေပးေပမယ့္ လက္ေလွ်ာ့ရလု နီးနီး ျဖစ္ေနခ်ိန္မွာ ကေလးတေယာက္က ဝင္လာၿပီး သူ႔ကို ရွာခြင့္ေပးဖို႔ ေတာင္းဆိုသတဲ့။ အားလုံးက မယုံသကၤာနဲ႔ပဲ ခြင့္ျပဳလိုက္တဲ့ အခါ ကေလးက အထဲမွာ ရွိသမွ် လူအားလုံးကို ဂိုေဒါင္ အျပင္ဘက္ကို ထြက္ခိုင္း ပါေတာ့တယ္။

ခဏေနေတာ့ အျပင္ ျပန္ထြက္လာတဲ့ ကေလးငယ္ရဲ႕ လက္ထဲမွာ နာရီတလုံး။ အံ့ဩဝမ္းသာ စိတ္နဲ႔ ဘယ္မွာ ေတြ႕တာလဲ၊ ဘယ္လို ရွာသလဲနဲ႔ တေယာက္တခြန္း ဝိုင္းေမးၾကေတာ့ ကေလးက လက္ကာ ျပတယ္။

တကယ္ေတာ့ အဲဒီကေလးဟာ အထဲက ရွိသမွ် လူေတြကို အကုန္ ထြက္ခိုင္းၿပီး ဘယ္မွာမွ သြားမရွာဘဲ တံခါးပိတ္ၿပီး ဂိုေဒါင္ အလယ္မွာ သြားထိုင္ ေနတာပါ။

အသံဗလံေတြ တိတ္ဆိတ္ သြားခ်ိန္မွာ ေစာေစာက ရွာမေတြ႕တဲ့ နာရီေလးရဲ႕ လက္တံဟာ ခ်က္ ခ်က္ ခ်က္နဲ႔ ပီပီျပင္ျပင္ ၾကားလာရ ပါတယ္။ အဲဒီလိုနဲ႔ ပဲနာရီေလးကို ျပန္ေတြ႕ခဲ့ တာေပါ့။

တခါတရံ ဘဝမွာ ဘာကိုမွ ဆုံးျဖတ္ခ်က္ ခ်လို႔ မရေအာင္ ရႈပ္ေထြးေနတဲ့ အခါ တေယာက္တည္း တိတ္တိတ္ ေနၾကည့္လိုက္ပါ။ တဆက္တည္းမွာပဲ ကိုယ့္စိတ္ေလးကို ေစာင့္ၾကည့္ရင္းေပါ့။ phoomyatchal

Post a Comment

0 Comments