နှုတ်ချိုနေရင် သတိထား

တခါက ကျီးကန်း တကောင်ဟာ အိမ်တအိမ်မှ ဒိန်ခဲတတုံးကို ခိုးယူပြီး သစ်ပင် တစ်ပင်ပေါ်မှာ နားနေ ပါတယ်။ ဒိန်ခဲနံ့ ရတဲ့ မြေခွေး တကောင်ဟာ ကျီးကန်းရဲ့ အနားကို ချဉ်းကပ် လာခဲ့ပါတယ်။

ထို့နောက်မှာ မြေခွေးဟာ အဲဒီ ဒိန်ခဲတုံးကို ဘယ်လို ကြံရင် ပိုင်ဆိုင်နိုင်မလဲ ဆိုတာကို တွေးတော နေပါတော့တယ်။ ထို့နောက်မှာတော့ မြေခွေးဟာ

"မင်္ဂလာ နံနက်ခင်းလေးပါ မရွှေကျီး။ နေကောင်း ကျန်းမာတော် မူရဲ့လား၊ အမွေးအတောင်တွေ လှပသလို မရွှေကျီးရဲ့ အသံကလည်း သာယာမှာပဲနော်" လို့ ကျီးကန်းကို နှုတ်ခွန်းဆက် လိုက်ပါတယ်။

ကျီးကန်းဟာ မြေခွေးရဲ့ အသံကို ကြားတာနဲ့ တပြိုင်နက် ချက်ချင်း ဆိုသလိုပဲ သူ့အသံကို ကြွားလိုက်မိ ပါတော့တယ်။ ထိုအခါ သူ့ရဲ့ ဒိန်ခဲဟာ အောက်ကို ကျသွားပြီး မြေခွေးရဲ့ အစာ ဖြစ်သွား ပါတော့တယ်။

အတုအယောင် တို့ရဲ့ စကားတိုင်းမှာ ကိုယ်က မသာယာဖို့ လိုအပ်ပါတယ်။ တကယ်လို့ သာယာခဲ့မိရင် ကိုယ်ဆီက တခုခု ပေးရတတ်ပါတယ်။ Crd

Zawgyi

နႈတ္္ခ်ိုေနရင္ သတိထား

တခါက က်ီးကန္း တေကာင္ဟာ အိမ္တအိမ္မွ ဒိန္ခဲတတုံးကို ခိုးယူၿပီး သစ္ပင္ တစ္ပင္ေပၚမွာ နားေန ပါတယ္။ ဒိန္ခဲနံ႔ ရတဲ့ ေျမေခြး တေကာင္ဟာ က်ီးကန္းရဲ႕ အနားကို ခ်ဥ္းကပ္ လာခဲ့ပါတယ္။

ထို႔ေနာက္မွာ ေျမေခြးဟာ အဲဒီ ဒိန္ခဲတုံးကို ဘယ္လို ႀကံရင္ ပိုင္ဆိုင္ႏိုင္မလဲ ဆိုတာကို ေတြးေတာ ေနပါေတာ့တယ္။ ထို႔ေနာက္မွာေတာ့ ေျမေခြးဟာ

"မဂၤလာ နံနက္ခင္းေလးပါ မေ႐ႊက်ီး။ ေနေကာင္း က်န္းမာေတာ္ မူရဲ႕လား၊ အေမြးအေတာင္ေတြ လွပသလို မေ႐ႊက်ီးရဲ႕ အသံကလည္း သာယာမွာပဲေနာ္" လို႔ က်ီးကန္းကို ႏႈတ္ခြန္းဆက္ လိုက္ပါတယ္။

က်ီးကန္းဟာ ေျမေခြးရဲ႕ အသံကို ၾကားတာနဲ႔ တၿပိဳင္နက္ ခ်က္ခ်င္း ဆိုသလိုပဲ သူ႔အသံကို ႂကြားလိုက္မိ ပါေတာ့တယ္။ ထိုအခါ သူ႔ရဲ႕ ဒိန္ခဲဟာ ေအာက္ကို က်သြားၿပီး ေျမေခြးရဲ႕ အစာ ျဖစ္သြား ပါေတာ့တယ္။

အတုအေယာင္ တို႔ရဲ႕ စကားတိုင္းမွာ ကိုယ္က မသာယာဖို႔ လိုအပ္ပါတယ္။ တကယ္လို႔ သာယာခဲ့မိရင္ ကိုယ္ဆီက တခုခု ေပးရတတ္ပါတယ္။ Crd

Post a Comment

0 Comments