သူဆင်းရဲနှင့် အခွင့်အရေး

တခါတုန်းက သူဆင်းရဲ တယောက်သည် တောထဲမှာ အလုပ် လုပ်ရင်း တန်ခိုးစွမ်းအင် ရှိသော ပုဂ္ဂိုလ် တဦးကို ကြည်ညိုစိတ်ကြောင့် လှူတန်းမှု ပြုလုပ်ခဲ့သည်။

ထိုသို့ ပြုလုပ်မှုကြောင့် တန်ခိုးရှင်က သူဆင်းရဲအား "သင့် လိုအင်ဆန္ဒ သုံးခုကို စိတ်ရည်စူးတာနဲ့ ပြည့်ဝစေ" ဟု ဆုပေးလိုက်သည်။ သူဆင်းရဲလည်း ပျော်ရှင်စွာ အိမ်ပြန်ခဲ့သည်။

တဖြည်းဖြည်းနှင့် မှောင်ရီ ပျိုးလာသောအခါ သူဆင်းရဲသည် ဗိုက်ဆာလာ ခဲ့သည်။ ပထမဆုံး သူဆင်းရဲက "အခုချိန် လမ်းမလျှောက်ရပဲ အိမ်ရောက်သွားရင် သိပ်ကောင်းမှာပဲ" ဟု တွေးမိချိန်မှာ သူဟာ သူ့အိမ်ရှေ့ကို ရောက်သွားသည်။

သူ့အိမ်ရှေ့ ရောက်သောအခါ ဒုတိယ အကြိမ် ထပ်တွေးမိ ပြန်သည်။ "ငါသာ ကြီးကျယ် ခမ်းနားတဲ့ အိမ်တလုံး ပိုင်ဆိုင်ရရင် ကောင်းမှာ" လို့ တွေးမိလိုက်တာနဲ့ သူ့တဲလေးဟာ ကြီးမားတဲ့ အိမ်အဖြစ် ပြောင်းလဲသွားသည်။

အိမ်ထဲ ရောက်သောအခါ ထမင်းဟင်းက အပြည့်နဲ့မို့ စားသုံးလိုက်သည်။ ပူပြင်းသော ရာသီဥတုကြောင့် သူဆင်းရဲဟာ အေးမြမှုကို တောင်းတလာသည်။ သူဆင်းရဲဟာ တတိယ အကြိမ် တွေးမိသွားသည်။

"ငါ့ရဲ့ တဲလေးသာ ဆိုရင် လေလေး တဖြူးဖြူးနဲ့ နေလို့ ကောင်းမှာ" ဟု တွေးမိလိုက်တယ် ဆိုရင်ပဲ သူဆင်းရဲလေးဟာ သူ့ရဲ့ မူလ ဘဝကို ပြန်လည် ရောက်ရှိ သွားပါတော့သည်။ သူဆင်းရဲဟာ စိတ်ရဲ့ လိုအင်ကို အလိုလိုက်ရင်း တန်ဖိုးရှိလှသော အခွင့်အရေးများကို ဆုံးရှုံးစေ လိုက်သည်။

ဘယ်လောက် ကြီးမားတဲ့ အခွင့်အရေးတွေ ကိုယ့်ဆီ ရောက်လာပါစေ အချိန်အခါနဲ့ အကျိုးရှိစွာ အသုံး မချတတ်ရင် ရေပေါ် အရုပ် ရေးဆွဲသလို အရာမထင်ဘူး ဆိုတာ နားလည် ခံစားမိပါစေ။ အချိန်သည် နောက်ပြန် လှည့်မရသလို အခွင့်အရေးသည်လည်း နှစ်ခါ ပြန်လာခဲသည်။ phoomyatchal

Zawgyi

သူဆင္းရဲနွင့္ အခြင့္အေရး

တခါတုန္းက သူဆင္းရဲ တေယာက္သည္ ေတာထဲမွာ အလုပ္ လုပ္ရင္း တန္ခိုးစြမ္းအင္ ရွိေသာ ပုဂၢိဳလ္ တဦးကို ၾကည္ညိဳစိတ္ေၾကာင့္ လႉတန္းမႈ ျပဳလုပ္ခဲ့သည္။

ထိုသို႔ ျပဳလုပ္မႈေၾကာင့္ တန္ခိုးရွင္က သူဆင္းရဲအား "သင့္ လိုအင္ဆႏၵ သုံးခုကို စိတ္ရည္စူးတာနဲ႔ ျပည့္ဝေစ" ဟု ဆုေပးလိုက္သည္။ သူဆင္းရဲလည္း ေပ်ာ္ရွင္စြာ အိမ္ျပန္ခဲ့သည္။

တျဖည္းျဖည္းႏွင့္ ေမွာင္ရီ ပ်ိဳးလာေသာအခါ သူဆင္းရဲသည္ ဗိုက္ဆာလာ ခဲ့သည္။ ပထမဆုံး သူဆင္းရဲက "အခုခ်ိန္ လမ္းမေလွ်ာက္ရပဲ အိမ္ေရာက္သြားရင္ သိပ္ေကာင္းမွာပဲ" ဟု ေတြးမိခ်ိန္မွာ သူဟာ သူ႔အိမ္ေရွ႕ကို ေရာက္သြားသည္။

သူ႔အိမ္ေရွ႕ ေရာက္ေသာအခါ ဒုတိယ အႀကိမ္ ထပ္ေတြးမိ ျပန္သည္။ "ငါသာ ႀကီးက်ယ္ ခမ္းနားတဲ့ အိမ္တလုံး ပိုင္ဆိုင္ရရင္ ေကာင္းမွာ" လို႔ ေတြးမိလိုက္တာနဲ႔ သူ႔တဲေလးဟာ ႀကီးမားတဲ့ အိမ္အျဖစ္ ေျပာင္းလဲသြားသည္။

အိမ္ထဲ ေရာက္ေသာအခါ ထမင္းဟင္းက အျပည့္နဲ႔မို႔ စားသုံးလိုက္သည္။ ပူျပင္းေသာ ရာသီဥတုေၾကာင့္ သူဆင္းရဲဟာ ေအးျမမႈကို ေတာင္းတလာသည္။ သူဆင္းရဲဟာ တတိယ အႀကိမ္ ေတြးမိသြားသည္။

"ငါ့ရဲ႕ တဲေလးသာ ဆိုရင္ ေလေလး တျဖဴးျဖဴးနဲ႔ ေနလို႔ ေကာင္းမွာ" ဟု ေတြးမိလိုက္တယ္ ဆိုရင္ပဲ သူဆင္းရဲေလးဟာ သူ႔ရဲ႕ မူလ ဘဝကို ျပန္လည္ ေရာက္ရွိ သြားပါေတာ့သည္။ သူဆင္းရဲဟာ စိတ္ရဲ႕ လိုအင္ကို အလိုလိုက္ရင္း တန္ဖိုးရွိလွေသာ အခြင့္အေရးမ်ားကို ဆုံးရႈံးေစ လိုက္သည္။

ဘယ္ေလာက္ ႀကီးမားတဲ့ အခြင့္အေရးေတြ ကိုယ့္ဆီ ေရာက္လာပါေစ အခ်ိန္အခါနဲ႔ အက်ိဳးရွိစြာ အသုံး မခ်တတ္ရင္ ေရေပၚ အ႐ုပ္ ေရးဆြဲသလို အရာမထင္ဘူး ဆိုတာ နားလည္ ခံစားမိပါေစ။ အခ်ိန္သည္ ေနာက္ျပန္ လွည့္မရသလို အခြင့္အေရးသည္လည္း ႏွစ္ခါ ျပန္လာခဲသည္။ phoomyatchal

Post a Comment

0 Comments